0
1651
unicode
ယခုလ ၁၅ ရက်နေ့မှာ Meizu X8 ကို ရောင်းမည်
မီဇူးက စက်တင်ဘာလမှာ စမတ်ဖုန်း အသစ်များကို ကြေညာခဲ့ပါတယ်။ အဲဒီအထဲမှာ X8 လည်း ပါပါတယ်။ သူဟာ ၂၃၀ ဒေါ်လာသာ တန်ကြေးရှိပါတယ်။ အခုတော့ သူ့ကို ၁၅ ရက်နေ့မှာ ရောင်းချပေးတော့မှာပါ။ 4/64GB ကို ၂၃၀ ဒေါ်လာနဲ့ 6/64GB ကို ၂၅၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 6/128GB ဟာ ၂၈၈ ဒေါ်လာ ကျသင့်ပါတယ်။
သူ့ရဲ့ Specs များကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ သူ့မှာ ၆.၂ လက်မ Full HD+ (2220x1080p) Display ထည့်သွင်းထားပါတယ်။ 2.2GHz Octa-Core CPU ပါတဲ့ Qualcomm Snapdragon 710 Chipset မောင်းနှင်ထားပါတယ်။ 4/64GB , 6/64GB , 6/128GB Model များ ထုတ်လုပ်ပေးထားပါတယ်။
အနောက်ဘက်မှာ 12MP f/1.9 Main Camera နဲ့ 5MP Camera များ ထည့်သွင်းထားပြီး Portrait Photo များကို ဖန်တီးပေးနိုင်ပါတယ်။ အရှေ့ဘက် Selfie Camera ကတော့ 20MP ဖြစ်ပါတယ်။ Face AE လို့ အမည်ပေးထားတဲ့ မျက်နှာဖြင့် ဖုန်းကို Unlock လုပ်နိုင်တဲ့ စွမ်းရည် ပါပါတယ်။ မျက်နှာအာရုံခံ နည်းပညာဟာ AI ပါတဲ့ Flyme OS ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ သူဟာ Android Oreo အခြေပြု ဖြစ်ပါတယ်။
ဘက်ထရီက 3210mAh ဖြစ်ပြီး USB-C Port ကို ဖုန်းရဲ့ အောက်ခြေမှာ ထည့်သွင်းထားပါတယ်။ 3.5mm Jack လည်း ပါပါတယ်။ အပြာ၊ အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။
Leave a Reply