Laptop/PC Trending

Samsung က LTE ပါတဲ့ Chromebook Plus V2 ကို ေၾကညာ

Samsung က ဇြန္လက Chromebook Plus 2 ကို ေၾကညာခဲ့ပါတယ္။ မူလေမာ္ဒယ္ရဲ႕ ARM Processor ထက္ ပိုျမန္တဲ့ Intel Chip နဲ႔ 13MP Rear Camera မ်ားကို ေမာ္ဒယ္ အသစ္မွာ ထည့္သြင္းေပးခဲ့ပါတယ္။ အခုေတာ့ ဆမ္ေဆာင္းက LTE ပါတဲ့ Chromebook Plus V2 ကို ေၾကညာလိုက္ပါတယ္။ အဲဒီအတြက္ WiFi , Hotspot မ်ား မလိုဘဲ အင္တာနက္ကို ခ်ိတ္ဆက္ႏိုင္မွာ ျဖစ္ပါတယ္။

သူ႔ရဲ႕ အမည္က Chromebook Plus V2 (LTE) ျဖစ္ပါတယ္။ သူဟာ စြမ္းေဆာင္ရည္ျမင့္ လက္ပ္ေတာ့ ျဖစ္ပါတယ္။ လက္ပ္ေတာ့လိုေရာ တက္ဘလက္လိုပါ အသံုးျပဳႏုိင္ပါတယ္။ သူ႔ရဲ႕ ဒီဇိုင္းက HP x360 14 နဲ႔ Lenovo Yoga Laptops မ်ားလို ျဖစ္ပါတယ္။ သူနဲ႔ တြဲဖက္ အသံုးျပဳႏုိင္တဲ့ ဒစ္ဂ်စ္တယ္ ေဘာပင္လည္း ပါပါတယ္။ 1MP Front Camera , 4GB RAM, 32GB Storage မ်ား ပါပါတယ္။

Samsung က LTE ပါတဲ့ Chromebook Plus V2 ကို ဖန္တီးဖို႔ Intel , Google တို႔နဲ႔ ပူးေပါင္းခဲ့ပါတယ္။ သူ႔ရဲ႕ ေစ်းႏႈန္းက ၅၉၉ ေဒၚလာ ျဖစ္ပါတယ္။ အေမရိကန္မွာ ႏို၀င္ဘာလ ၂ ရက္ေန႔မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ သူဟာ CDMA ကြန္ယက္မ်ားမွာ အလုပ္လုပ္ပါတယ္။ Samsung က Verizon နဲ႔ ပူးေပါင္းၿပီး ေရာင္းခ်ေပးထားပါတယ္။ ဒါ့အျပင္ Best Buy နဲ႔ Samsung Online Store တို႔မွာလည္း ၀ယ္ယူႏိုင္ပါတယ္။ Samsung က ႏုိင္ငံတကာမွာ ေရာင္းခ်ေပးမယ့္ သတင္းကို မေျပာေသးပါဘူး။

unicode

Samsung က LTE ပါတဲ့ Chromebook Plus V2 ကို ကြေညာ

Samsung က ဇွန်လက Chromebook Plus 2 ကို ကြေညာခဲ့ပါတယ်။ မူလမော်ဒယ်ရဲ့ ARM Processor ထက် ပိုမြန်တဲ့ Intel Chip နဲ့ 13MP Rear Camera များကို မော်ဒယ် အသစ်မှာ ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ ဆမ်ဆောင်းက LTE ပါတဲ့ Chromebook Plus V2 ကို ကြေညာလိုက်ပါတယ်။ အဲဒီအတွက် WiFi , Hotspot များ မလိုဘဲ အင်တာနက်ကို ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ အမည်က Chromebook Plus V2 (LTE) ဖြစ်ပါတယ်။ သူဟာ စွမ်းဆောင်ရည်မြင့် လက်ပ်တော့ ဖြစ်ပါတယ်။ လက်ပ်တော့လိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းက HP x360 14 နဲ့ Lenovo Yoga Laptops များလို ဖြစ်ပါတယ်။ သူနဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ ဒစ်ဂျစ်တယ် ဘောပင်လည်း ပါပါတယ်။ 1MP Front Camera , 4GB RAM, 32GB Storage များ ပါပါတယ်။

Samsung က LTE ပါတဲ့ Chromebook Plus V2 ကို ဖန်တီးဖို့ Intel , Google တို့နဲ့ ပူးပေါင်းခဲ့ပါတယ်။ သူ့ရဲ့ ဈေးနှုန်းက ၅၉၉ ဒေါ်လာ ဖြစ်ပါတယ်။ အမေရိကန်မှာ နိုဝင်ဘာလ ၂ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။ သူဟာ CDMA ကွန်ယက်များမှာ အလုပ်လုပ်ပါတယ်။ Samsung က Verizon နဲ့ ပူးပေါင်းပြီး ရောင်းချပေးထားပါတယ်။ ဒါ့အပြင် Best Buy နဲ့ Samsung Online Store တို့မှာလည်း ဝယ်ယူနိုင်ပါတယ်။ Samsung က နိုင်ငံတကာမှာ ရောင်းချပေးမယ့် သတင်းကို မပြောသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.