Enterprise Trending

Facebook အေကာင့္ေပါင္း သန္း ၃၀ ရဲ႕ ေဒတာမ်ားကို Access ရရွိသြားခဲ့တဲ့ Hacker မ်ား

ဟက္ကာ အုပ္စု တစ္ခုက ၿပီးခဲ့တဲ့လက Facebook အေကာင့္ သန္းေပါင္းမ်ားစြာရဲ႕ ေဒတာမ်ားကို Access ရသြားခဲ့တဲ့ သတင္း ထြက္ေပၚလာခဲ့ပါတယ္။ အဲဒီ ကိစၥနဲ႔ ပတ္သက္ၿပီး Facebook ဟာ တရားစြဲခံရမႈမ်ား၊ ေ၀ဖန္ျပစ္တင္မႈမ်ားကို ခံခဲ့ရပါတယ္။ ဟက္ကာမ်ားက Facebook ရဲ႕ View As Feature မွ လံုျခံဳေရးဟာကြက္ကို အသံုးျပဳ၍ အေကာင့္ သန္းေပါင္းမ်ားစြာရဲ႕ ေဒတာမ်ားကို Access လုပ္သြားခဲ့တာ ျဖစ္ပါတယ္။

အခုေတာ့ Facebook က ေဒတာ အခိုးခံရမႈနဲ႔ ပတ္သက္တဲ့ အေသးစိတ္ သတင္းအခ်က္အလက္မ်ားကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ Facebook က ဟက္ကာမ်ားဟာ အေကာင့္ေပါင္း သန္း ၃၀ ရဲ႕ Access Tokens မ်ားကို ခိုးယူခဲ့တယ္လို႔ ေျပာပါတယ္။ အဲဒီ သန္း ၃၀ ထဲကမွ အေကာင့္ ၁၄ သန္းရဲ႕ အမည္၊ အီးေမး၊ ဖုန္းနံပါတ္မ်ားလို အေျခခံ Contact Information မ်ားကို ရယူသြားပါတယ္။ အေကာင့္ေပါင္း ၁၅ သန္းရဲ႕ Recent Searches မ်ားကို ၾကည့္သြားခဲ့ပါတယ္။ အေကာင့္ ၁ သန္းရဲ႕ ေဒတာမ်ားကိုေတာ့ မၾကည့္သြားခဲ့ပါဘူး။

Facebook ရဲ႕ ထုတ္ကုန္ စီမံခန္႔ခြဲမႈ ဌာနမွ ဒုတိယ ဥကၠဌ ျဖစ္သူ Guy Rosen က ဒီကိစၥကို Facebook က အထူး အားထုတ္ၿပီး စံုစမ္းေနတယ္လို႔ ေျပာပါတယ္။ Facebook က FBI ကလည္း ဒီကိစၥကို တက္တက္ၾကြၾကြ စံုစမ္းေနတယ္လို႔ ေျပာပါတယ္။

Facebook က Instagram, Messenger, WhatsApp တို႔လို အေကာင့္မ်ားနဲ႔ ခ်ိတ္ဆက္ထားတဲ့ Third-party Apps မ်ားကေန ေဒတာမ်ား ခိုးယူသြားျခင္း မရွိဘူးလို႔ ေျပာပါတယ္။ Facebook က လာမယ့္ရက္မ်ားမွာ Help Center မ်ားကေန အဲဒီ အေကာင့္ သန္း ၃၀ ကို အသိေပး ကူညီသြားမွာ ျဖစ္ပါတယ္။

unicode

Facebook အကောင့်ပေါင်း သန်း ၃၀ ရဲ့ ဒေတာများကို Access ရရှိသွားခဲ့တဲ့ Hacker များ

ဟက်ကာ အုပ်စု တစ်ခုက ပြီးခဲ့တဲ့လက Facebook အကောင့် သန်းပေါင်းများစွာရဲ့ ဒေတာများကို Access ရသွားခဲ့တဲ့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး Facebook ဟာ တရားစွဲခံရမှုများ၊ ဝေဖန်ပြစ်တင်မှုများကို ခံခဲ့ရပါတယ်။ ဟက်ကာများက Facebook ရဲ့ View As Feature မှ လုံခြုံရေးဟာကွက်ကို အသုံးပြု၍ အကောင့် သန်းပေါင်းများစွာရဲ့ ဒေတာများကို Access လုပ်သွားခဲ့တာ ဖြစ်ပါတယ်။

အခုတော့ Facebook က ဒေတာ အခိုးခံရမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် သတင်းအချက်အလက်များကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Facebook က ဟက်ကာများဟာ အကောင့်ပေါင်း သန်း ၃၀ ရဲ့ Access Tokens များကို ခိုးယူခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ သန်း ၃၀ ထဲကမှ အကောင့် ၁၄ သန်းရဲ့ အမည်၊ အီးမေး၊ ဖုန်းနံပါတ်များလို အခြေခံ Contact Information များကို ရယူသွားပါတယ်။ အကောင့်ပေါင်း ၁၅ သန်းရဲ့ Recent Searches များကို ကြည့်သွားခဲ့ပါတယ်။ အကောင့် ၁ သန်းရဲ့ ဒေတာများကိုတော့ မကြည့်သွားခဲ့ပါဘူး။

Facebook ရဲ့ ထုတ်ကုန် စီမံခန့်ခွဲမှု ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Guy Rosen က ဒီကိစ္စကို Facebook က အထူး အားထုတ်ပြီး စုံစမ်းနေတယ်လို့ ပြောပါတယ်။ Facebook က FBI ကလည်း ဒီကိစ္စကို တက်တက်ကြွကြွ စုံစမ်းနေတယ်လို့ ပြောပါတယ်။

Facebook က Instagram, Messenger, WhatsApp တို့လို အကောင့်များနဲ့ ချိတ်ဆက်ထားတဲ့ Third-party Apps များကနေ ဒေတာများ ခိုးယူသွားခြင်း မရှိဘူးလို့ ပြောပါတယ်။ Facebook က လာမယ့်ရက်များမှာ Help Center များကနေ အဲဒီ အကောင့် သန်း ၃၀ ကို အသိပေး ကူညီသွားမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.