ကင္မရာေလးလံုး 8GB RAM နဲ႕ ထြက္ရွိလာတဲ့ Galaxy A9 ဟာ mid-range ျဖစ္ႏုိင္လား

0
2061

Zawgyi Version

Samsung ကေတာ့ သူ႕ရဲ႕ A စီးရီးကို အဆင့္ျမွင့္တင္လိုက္တဲ့ဖုန္းတစ္လံုး ထြက္ရွိေပးလိုက္ပါတယ္။ ဒါကေတာ့ Galaxy A9 (2018) ျဖစ္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာေလးလံုးတပ္ဆင္ထားတဲ့အတြက္ေၾကာင့္ သတင္းထြက္လာလာခ်င္းမွာပဲ အံ့ၾသခဲ့ရပါတယ္။ 8GB RAM နဲ႕ storage ပမာဏ မ်ားမ်ား၊ premium feature ေတြေရာဆိုေတာ့ ‘mid-range’ မွ ဟုတ္ရဲ႕လား။

Galaxy S နဲ႕ Note အမ်ိဳးအစားေတြကေတာ့ အခ်စ္ေတြအားလံုးကို သိမ္းပိုက္ထားပါတယ္။ ဒါေပမယ့္လည္း အခုဆိုရင္ေတာ့ Samsung က သူ႕ရဲ႕နည္းဗ်ဴဟာကို ေျပာင္းလဲလိုက္ပါတယ္။ mid-range A-series မွာကိုပဲ ဆန္းသစ္တီထြင္မႈေတြကို ေတြ႕ျမင္ရမွာပါ။ ဒါကို သက္ေသျပေပးပါ့မယ္။

မ်က္လံုးေလးလံုး

Galaxy A9 (2018) မွာေတာ့ အေနာက္ဘက္မွာ ကင္မရာေလးလံုးတပ္ဆင္ထားပါတယ္။ 2x optical zoom အတြက္ သီးသန္႕telephoto camera lens ထည့္သြင္းေပးထားပါတယ္။ ultra-wide sensor (120-degree field of view, 8MP, F2.4) ၊ Live Focus bokeh ရိုက္ခ်က္အတြက္ 5MP depth sensor ၊ main sensor အတြက္လည္း 24MP F1.7 သံုးေပးထားပါတယ္။ ကင္မရာေလးလံုးကိုေတာ့ အေနာက္ဘက္မွာ ေဒါင္လိုက္အေနအထားနဲ႕ ေတြ႕ျမင္ရမွာပါ။

samsung galaxy a9 quadcam

ပံုမွာျမင္ရတဲ့အတုိင္းပဲ လက္ေဗြစနစ္ကိုေတာ့ ကင္မရာအနားမွာ ကပ္ထားျပီးေတာ့ ဖုန္းရဲ႕အလည္ေခါင္တည့္တည့္လို႕ ေျပာရမွာပါ။ ဆယ္လ္ဖီပိုင္းကေရာ။ ဟုတ္ကဲ့ 24MP F2.0 sensor ထည့္ေပးထားပါတယ္ဗ်ာ။ ေတာ္ျပီလားေပါ့ေနာ္။

ကင္မရာေတြတင္မကေသးပါဘူး။

ကင္မရာေလးလံုးက အေတာ္ေလးမက္ေမာစရာေကာင္းေပမယ့္လည္း ဒါတစ္ခုတည္းကပဲ အသစ္အဆန္းျဖစ္ေနတာ မဟုတ္ေသးပါဘူး။ Snapdragon 660 chipset ကလည္း အေတာ္ေလးမိုက္ေနျပီးေတာ့ ဒီဖုန္းကို မမ္မိုရီပိုင္းမွာ အားသာသြားေအာင္ လုပ္ေဆာင္ေပးထားပါတယ္။ 8GB RAM နဲ႕ 512GB storage ကေတာ့ အဆင့္အတန္းျမင့္ေနျပီး RAM 6GB ၊ 128GB သိုေလွာင္မႈပမာဏကိုလည္း ေရြးခ်ယ္ႏုိင္ပါေသးတယ္။

Samsung Galaxy A9 (2018) technical specifications

DIMENSIONS: 162.5 x 77 x 7.8 mm
WEIGHT: 183 g
BATTERY SIZE: 3800 mAh
SCREEN SIZE: 6.3 in
DISPLAY TECHNOLOGY: AMOLED
SCREEN: 2220 x 1080 pixels (392 ppi)
FRONT CAMERA: 24 megapixels
REAR CAMERA: 24 megapixels
FLASHLIGHT: LED
ANDROID VERSION: 8.0 – Oreo
RAM: 6 GB
INTERNAL STORAGE: 128 GB
REMOVABLE STORAGE: microSD
CHIPSET: Qualcomm Snapdragon 660
NUMBER OF CORES: 8
MAX. CLOCK SPEED: 2.2 GHz
CONNECTIVITY: HSPA, LTE, NFC, Dual-SIM , Bluetooth 5.0

Galaxy A9 (2018) ကေတာ့ မ်က္ႏွာျပင္နဲ႕ သြင္ျပင္အပိုင္းမွာေတာ့ flagship အေတာ္မ်ားမ်ားနဲ႕ ဆင္တူပါတယ္။ display ကေတာ့  6.3-inch Full HD+ Super AMOLED (2220×1080) ျဖစ္ပါတယ္။ အေရာင္ေတြအေနနဲ႕ကေတာ့ Caviar Black, Lemonade Blue နဲ႕ Bubblegum Pink တို႕ျဖစ္ပါတယ္။ နာမည္အဆန္းေလးေတြကလည္း ဒီနယ္ပယ္အတြက္ ဆြဲေဆာင္မႈပါပဲ။ မ်က္ႏွာျပင္ကို အလင္းရိုက္လိုက္ခ်ိန္မွာ ေရာယွက္ေနတဲ့ကာလာေလးေတြကို ခံစားနုိင္ေအာင္ ျပင္ဆင္ေပးထားပါတယ္။

galaxy a9 2018 all

Software ပိုင္းအရေတာ့ နည္းပညာအဆင့္ျမင့္လြန္းတယ္လို႕ေျပာမရပါဘူး။ Android 8.0 Oreo နဲ႕ပါ။ msung Experience ကိုလည္း ခံစားရမွာပါ။ Bixby Voice လည္းပါ၀င္ျပီးေတာ့ အဲဒီအတြက္ သီးသန္႕ခလုတ္ထည့္ေပးထားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဥေရာပေစ်းကြက္မွာ ရရွိေနျပီလို႕ သိရပါတယ္။ နုိ၀င္ဘာမွာ စတင္ေရာင္းခ်မွာျဖစ္ျပီးေတာ့ ၅၉၉ယူရိုနဲ႕ေရာင္းခ်မွာပါ။ ဒါကေတာ့ standard version အတြက္ပါ။ 8GB/512GB model ကေတာ့ ယူရို၆၄၉ ျဖစ္ပါတယ္။ ရနုိင္တဲ့ေဒသေတြနဲ႕ ေစ်းႏႈန္းေတြကိုေတာ့ ကၽြန္ေတာ္တို႕ ထပ္တင္ေပးသြားပါ့မယ္။

Galaxy A9 ကို သင္ေရာဘယ္လိုထင္ပါသလဲ။ ကင္မရာေလးလံုးကေရာ သင့္ကိုဆြဲေဆာင္နုိင္ပါသလား။

Unicode Version

Samsung ကတော့ သူ့ရဲ့ A စီးရီးကို အဆင့်မြှင့်တင်လိုက်တဲ့ဖုန်းတစ်လုံး ထွက်ရှိပေးလိုက်ပါတယ်။ ဒါကတော့ Galaxy A9 (2018) ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားတဲ့အတွက်ကြောင့် သတင်းထွက်လာလာချင်းမှာပဲ အံ့သြခဲ့ရပါတယ်။ 8GB RAM နဲ့ storage ပမာဏ များများ၊ premium feature တွေရောဆိုတော့ ‘mid-range’ မှ ဟုတ်ရဲ့လား။
Galaxy S နဲ့ Note အမျိုးအစားတွေကတော့ အချစ်တွေအားလုံးကို သိမ်းပိုက်ထားပါတယ်။ ဒါပေမယ့်လည်း အခုဆိုရင်တော့ Samsung က သူ့ရဲ့နည်းဗျူဟာကို ပြောင်းလဲလိုက်ပါတယ်။ mid-range A-series မှာကိုပဲ ဆန်းသစ်တီထွင်မှုတွေကို တွေ့မြင်ရမှာပါ။ ဒါကို သက်သေပြပေးပါ့မယ်။
မျက်လုံးလေးလုံး
Galaxy A9 (2018) မှာတော့ အနောက်ဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားပါတယ်။ 2x optical zoom အတွက် သီးသန့်telephoto camera lens ထည့်သွင်းပေးထားပါတယ်။ ultra-wide sensor (120-degree field of view, 8MP, F2.4) ၊ Live Focus bokeh ရိုက်ချက်အတွက် 5MP depth sensor ၊ main sensor အတွက်လည်း 24MP F1.7 သုံးပေးထားပါတယ်။ ကင်မရာလေးလုံးကိုတော့ အနောက်ဘက်မှာ ဒေါင်လိုက်အနေအထားနဲ့ တွေ့မြင်ရမှာပါ။

samsung galaxy a9 quadcam
ပုံမှာမြင်ရတဲ့အတိုင်းပဲ လက်ဗွေစနစ်ကိုတော့ ကင်မရာအနားမှာ ကပ်ထားပြီးတော့ ဖုန်းရဲ့အလည်ခေါင်တည့်တည့်လို့ ပြောရမှာပါ။ ဆယ်လ်ဖီပိုင်းကရော။ ဟုတ်ကဲ့ 24MP F2.0 sensor ထည့်ပေးထားပါတယ်ဗျာ။ တော်ပြီလားပေါ့နော်။
ကင်မရာတွေတင်မကသေးပါဘူး။
ကင်မရာလေးလုံးက အတော်လေးမက်မောစရာကောင်းပေမယ့်လည်း ဒါတစ်ခုတည်းကပဲ အသစ်အဆန်းဖြစ်နေတာ မဟုတ်သေးပါဘူး။ Snapdragon 660 chipset ကလည်း အတော်လေးမိုက်နေပြီးတော့ ဒီဖုန်းကို မမ်မိုရီပိုင်းမှာ အားသာသွားအောင် လုပ်ဆောင်ပေးထားပါတယ်။ 8GB RAM နဲ့ 512GB storage ကတော့ အဆင့်အတန်းမြင့်နေပြီး RAM 6GB ၊ 128GB သိုလှောင်မှုပမာဏကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

Samsung Galaxy A9 (2018) technical specifications

DIMENSIONS: 162.5 x 77 x 7.8 mm
WEIGHT: 183 g
BATTERY SIZE: 3800 mAh
SCREEN SIZE: 6.3 in
DISPLAY TECHNOLOGY: AMOLED
SCREEN: 2220 x 1080 pixels (392 ppi)
FRONT CAMERA: 24 megapixels
REAR CAMERA: 24 megapixels
FLASHLIGHT: LED
ANDROID VERSION: 8.0 – Oreo
RAM: 6 GB
INTERNAL STORAGE: 128 GB
REMOVABLE STORAGE: microSD
CHIPSET: Qualcomm Snapdragon 660
NUMBER OF CORES: 8
MAX. CLOCK SPEED: 2.2 GHz
CONNECTIVITY: HSPA, LTE, NFC, Dual-SIM , Bluetooth 5.0

Galaxy A9 (2018) ကတော့ မျက်နှာပြင်နဲ့ သွင်ပြင်အပိုင်းမှာတော့ flagship အတော်များများနဲ့ ဆင်တူပါတယ်။ display ကတော့ 6.3-inch Full HD+ Super AMOLED (2220×1080) ဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ Caviar Black, Lemonade Blue နဲ့ Bubblegum Pink တို့ဖြစ်ပါတယ်။ နာမည်အဆန်းလေးတွေကလည်း ဒီနယ်ပယ်အတွက် ဆွဲဆောင်မှုပါပဲ။ မျက်နှာပြင်ကို အလင်းရိုက်လိုက်ချိန်မှာ ရောယှက်နေတဲ့ကာလာလေးတွေကို ခံစားနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။

galaxy a9 2018 all
Software ပိုင်းအရတော့ နည်းပညာအဆင့်မြင့်လွန်းတယ်လို့ပြောမရပါဘူး။ Android 8.0 Oreo နဲ့ပါ။ msung Experience ကိုလည်း ခံစားရမှာပါ။ Bixby Voice လည်းပါဝင်ပြီးတော့ အဲဒီအတွက် သီးသန့်ခလုတ်ထည့်ပေးထားပါတယ်။
လက်ရှိအချိန်မှာတော့ ဥရောပဈေးကွက်မှာ ရရှိနေပြီလို့ သိရပါတယ်။ နိုဝင်ဘာမှာ စတင်ရောင်းချမှာဖြစ်ပြီးတော့ ၅၉၉ယူရိုနဲ့ရောင်းချမှာပါ။ ဒါကတော့ standard version အတွက်ပါ။ 8GB/512GB model ကတော့ ယူရို၆၄၉ ဖြစ်ပါတယ်။ ရနိုင်တဲ့ဒေသတွေနဲ့ ဈေးနှုန်းတွေကိုတော့ ကျွန်တော်တို့ ထပ်တင်ပေးသွားပါ့မယ်။
Galaxy A9 ကို သင်ရောဘယ်လိုထင်ပါသလဲ။ ကင်မရာလေးလုံးကရော သင့်ကိုဆွဲဆောင်နိုင်ပါသလား။

Leave a Reply