Xiaomi Black Shark ကို ကမာၻအ၀န္းမွာ ေရာင္းေတာ့မည္

0
1782

ေရွာင္မီရဲ႕ပထမဆံုး Gaming Phone ျဖစ္တဲ့ Black Shark ဟာ နည္းပညာ မီဒီယာမ်ားရဲ႕ Review မ်ားမွာ အရမ္းကို နာမည္ရေနပါတယ္။ သူ႔ကို လက္ရွိမွာ တရုတ္တြင္သာ ၀ယ္ယူႏိုင္ပါေသးတယ္။ အခုေတာ့ ေရွာင္မီရဲ႕ Black Shark အတြက္ ၀က္ဘ္စာမ်က္ႏွာအရ မၾကာခင္မွာ သူ႔ကို ကမာၻအ၀န္းမွာ ေရာင္းခ်ေပးေတာ့မယ္လို႔ ထင္ရပါတယ္။

၀က္ဆိုက္မွာ မၾကာခင္ ေရာင္းခ်ေပးေတာ့မယ္လို႔သာ ေဖာ္ျပထားၿပီး ေန႔ရက္ အတိအက်ကို ေၾကညာထားျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ သိပ္မၾကာေတာ့ဘူးလို႔ ထင္ရပါတယ္။ Black Shark ရဲ႕ Specs မ်ားကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ သူ႔မွာ အေအးေပး စနစ္ အသစ္ ပါလာပါတယ္။ ေနာက္ဆံုးထုတ္ Snapdragon 845 နဲ႔ အရြယ္ႀကီး 4000mAh Battery မ်ား ထည့္ေပးထားပါတယ္။ ၅.၉၉ လက္မ 18:9 IPS LCD တပ္ဆင္ထားၿပီး Full HD+ Resolution ျဖစ္ပါတယ္။ အဆင့္မ်ားစြာပါတဲ့ Liquid Cooling System က CPU အပူခ်ိန္ကို ၈ ဒီဂရီ စင္တီဂရိတ္ ေလွ်ာ့ခ်ေပးပါတယ္။ microSD Card Slot ပါပါတယ္။ Image Processing Chip ထည့္ေပးထားၿပီး အေရာင္မ်ား ပိုမို ၾကည္လင္ ျပတ္သားေစၿပီး စြမ္းေဆာင္ရည္ကို အလြန္ ေခ်ာမြတ္ေစပါတယ္။

သူ႔မွာ စပီကာတစ္လံုးသာ ပါပါတယ္။ မိုက္ကရိုဖုန္းကိုေတာ့ ဂိမ္းကစားေနစဥ္မွာ Radio Chat ျပဳလုပ္ဖုိ႔အတြက္ ဖန္တီးေပးထားပါတယ္။ ဖုန္းကို ၿမဲျမံစြာ ကိုင္တြယ္ႏိုင္ေအာင္ ေနာက္ေက်ာကို X ပံုသ႑န္ ျပဳလုပ္ေပးထားပါတယ္။ Nintendo Switch လို သူ ႔ကို Black Shark Gamepad နဲ႔ တြဲဖက္ သံုးႏုိင္ပါတယ္။ Gamepad မွာ 340mAh Battery ပါၿပီး ဘလူးတုျဖင့္ ဆက္သြယ္ရမွာပါ။ ဖုန္းရဲ႕ ဘယ္ဘက္မွာ Shark Button ပါၿပီး သူ႔ကို ႏွိပ္ရင္ ဂိမ္းကစားတဲ့ အခါမွာ အလြန္ စြမ္းရည္ျမင့္မားေစပါတယ္။

Android Oreo ကို JOY UI ျဖင့္ အုပ္ထားပါတယ္။ JOY UI ဟာ Custom Launcher ျဖစ္ပါတယ္။ အေနာက္ဘက္မွာ 12MP+20MP Dual Camera နဲ႔ Dual-LED Flash ကို ပူးတြဲထားပါတယ္။ Selfie Camera ကေတာ့ 20MP ျဖစ္ပါတယ္။

unicode

Xiaomi Black Shark ကို ကမ္ဘာအဝန်းမှာ ရောင်းတော့မည်

ရှောင်မီရဲ့ပထမဆုံး Gaming Phone ဖြစ်တဲ့ Black Shark ဟာ နည်းပညာ မီဒီယာများရဲ့ Review များမှာ အရမ်းကို နာမည်ရနေပါတယ်။ သူ့ကို လက်ရှိမှာ တရုတ်တွင်သာ ဝယ်ယူနိုင်ပါသေးတယ်။ အခုတော့ ရှောင်မီရဲ့ Black Shark အတွက် ဝက်ဘ်စာမျက်နှာအရ မကြာခင်မှာ သူ့ကို ကမ္ဘာအဝန်းမှာ ရောင်းချပေးတော့မယ်လို့ ထင်ရပါတယ်။

ဝက်ဆိုက်မှာ မကြာခင် ရောင်းချပေးတော့မယ်လို့သာ ဖော်ပြထားပြီး နေ့ရက် အတိအကျကို ကြေညာထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် သိပ်မကြာတော့ဘူးလို့ ထင်ရပါတယ်။ Black Shark ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ အအေးပေး စနစ် အသစ် ပါလာပါတယ်။ နောက်ဆုံးထုတ် Snapdragon 845 နဲ့ အရွယ်ကြီး 4000mAh Battery များ ထည့်ပေးထားပါတယ်။ ၅.၉၉ လက်မ 18:9 IPS LCD တပ်ဆင်ထားပြီး Full HD+ Resolution ဖြစ်ပါတယ်။ အဆင့်များစွာပါတဲ့ Liquid Cooling System က CPU အပူချိန်ကို ၈ ဒီဂရီ စင်တီဂရိတ် လျှော့ချပေးပါတယ်။ microSD Card Slot ပါပါတယ်။ Image Processing Chip ထည့်ပေးထားပြီး အရောင်များ ပိုမို ကြည်လင် ပြတ်သားစေပြီး စွမ်းဆောင်ရည်ကို အလွန် ချောမွတ်စေပါတယ်။

သူ့မှာ စပီကာတစ်လုံးသာ ပါပါတယ်။ မိုက်ကရိုဖုန်းကိုတော့ ဂိမ်းကစားနေစဉ်မှာ Radio Chat ပြုလုပ်ဖို့အတွက် ဖန်တီးပေးထားပါတယ်။ ဖုန်းကို မြဲမြံစွာ ကိုင်တွယ်နိုင်အောင် နောက်ကျောကို X ပုံသဏ္ဍန် ပြုလုပ်ပေးထားပါတယ်။ Nintendo Switch လို သူ့ကို Black Shark Gamepad နဲ့ တွဲဖက် သုံးနိုင်ပါတယ်။ Gamepad မှာ 340mAh Battery ပါပြီး ဘလူးတုဖြင့် ဆက်သွယ်ရမှာပါ။ ဖုန်းရဲ့ ဘယ်ဘက်မှာ Shark Button ပါပြီး သူ့ကို နှိပ်ရင် ဂိမ်းကစားတဲ့ အခါမှာ အလွန် စွမ်းရည်မြင့်မားစေပါတယ်။

Android Oreo ကို JOY UI ဖြင့် အုပ်ထားပါတယ်။ JOY UI ဟာ Custom Launcher ဖြစ်ပါတယ်။ အနောက်ဘက်မှာ 12MP+20MP Dual Camera နဲ့ Dual-LED Flash ကို ပူးတွဲထားပါတယ်။ Selfie Camera ကတော့ 20MP ဖြစ်ပါတယ်။

Leave a Reply