Razer က Gaming Phone အတြက္ Mobile Gaming Controller ကို မိတ္ဆက္

0
980

Razer က သူ႔ရဲ႕ ဂိမ္းဖုန္း အသစ္နဲ႔အတူ Accessories မ်ားကိုပါ ျပသလိုက္ပါတယ္။ Controller နဲ႔ ဆိုရင္ ဖုန္းမွာ ဂိမ္းကစားလို႔ အလြန္ေကာင္းမွာပါ။ သူ႔ရဲ႕ အမည္မွာ Razer Raiju Mobile Controller ျဖစ္ၿပီး ဖုန္းကို သူနဲ႔ ခ်ိတ္ဆက္ ကစားရမွာပါ။ Bluetooth or USB-C မ်ားနဲ႔ ခ်ိတ္ဆက္ႏုိင္ပါတယ္။ Marshmallow နဲ႔ သူ႔အထက္ အန္းဒရြိဳက္တိုင္းကိုလည္း သူနဲ႔ ခ်ိတ္ဆက္ကစားႏုိင္ပါတယ္။

သူဟာ တစ္ခါအားသြင္းထားရင္ ၂၃ နာရီ အသံုးခံပါတယ္။ သူဟာ Windows 7 နဲ႔ အထက္ ပီစီမ်ားနဲ႔လည္း ခ်ိတ္ဆက္ သံုးႏုိင္ပါတယ္။ ဒါေပမယ့္ Cnet ရဲ႕ အဆိုအရ ဒီ စြမ္းရည္ကို ေနာက္ပိုင္းမွ ထည့္ေပးမယ္လို႔ သိရပါတယ္။

Raiju Controller အျပင္ Razer က Hammerhead USB-C ANC in-ear headset ကိုပါ ျပသလိုက္ပါတယ္။ သူ႔မွာ Active Noise Cancellation နည္းပညာ ပါၿပီး ဖုန္းရဲ႕ စြမ္းအင္ျဖင့္ အလုပ္လုပ္မွာပါ။ Built-in Digital to Audio Converter လည္း ထည့္ထားပါတယ္။ Accessories ၂ ခုစလံုးကို ကမာၻအ၀န္းတြင္ ယခုႏွစ္ မကုန္ခင္မွာ ေရာင္းခ်မွာပါ။ Headset ကိုေတာ့ Razer ရဲ႕ ၀က္ဘ္ဆိုက္မွာ ေအာက္တိုဘာလ ၂၂ ရက္ေန႔တြင္ ၀ယ္ယူႏုိင္မွာပါ။ Raiju Controller ကို ၁၅၀ ေဒၚလာနဲ႔ Headset ကို ၁၀၀ ေဒၚလာ သတ္မွတ္ထားပါတယ္။

unicode

Razer က Gaming Phone အတွက် Mobile Gaming Controller ကို မိတ်ဆက်

Razer က သူ့ရဲ့ ဂိမ်းဖုန်း အသစ်နဲ့အတူ Accessories များကိုပါ ပြသလိုက်ပါတယ်။ Controller နဲ့ ဆိုရင် ဖုန်းမှာ ဂိမ်းကစားလို့ အလွန်ကောင်းမှာပါ။ သူ့ရဲ့ အမည်မှာ Razer Raiju Mobile Controller ဖြစ်ပြီး ဖုန်းကို သူနဲ့ ချိတ်ဆက် ကစားရမှာပါ။ Bluetooth or USB-C များနဲ့ ချိတ်ဆက်နိုင်ပါတယ်။ Marshmallow နဲ့ သူ့အထက် အန်းဒရွိုက်တိုင်းကိုလည်း သူနဲ့ ချိတ်ဆက်ကစားနိုင်ပါတယ်။

သူဟာ တစ်ခါအားသွင်းထားရင် ၂၃ နာရီ အသုံးခံပါတယ်။ သူဟာ Windows 7 နဲ့ အထက် ပီစီများနဲ့လည်း ချိတ်ဆက် သုံးနိုင်ပါတယ်။ ဒါပေမယ့် Cnet ရဲ့ အဆိုအရ ဒီ စွမ်းရည်ကို နောက်ပိုင်းမှ ထည့်ပေးမယ်လို့ သိရပါတယ်။

Raiju Controller အပြင် Razer က Hammerhead USB-C ANC in-ear headset ကိုပါ ပြသလိုက်ပါတယ်။ သူ့မှာ Active Noise Cancellation နည်းပညာ ပါပြီး ဖုန်းရဲ့ စွမ်းအင်ဖြင့် အလုပ်လုပ်မှာပါ။ Built-in Digital to Audio Converter လည်း ထည့်ထားပါတယ်။ Accessories ၂ ခုစလုံးကို ကမ္ဘာအဝန်းတွင် ယခုနှစ် မကုန်ခင်မှာ ရောင်းချမှာပါ။ Headset ကိုတော့ Razer ရဲ့ ဝက်ဘ်ဆိုက်မှာ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဝယ်ယူနိုင်မှာပါ။ Raiju Controller ကို ၁၅၀ ဒေါ်လာနဲ့ Headset ကို ၁၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Leave a Reply