Smartphone Trending

Razer က ဒုတိယမ်ိဳးဆက္ Gaming Phone ကို ေၾကညာ

စမတ္ဖုန္းနဲ႔ အရည္အေသြးျမင့္ ဂိမ္းမ်ား ကစားခ်င္သူမ်ားအတြက္ Razer Phone 2 ထြက္ရွိလာပါၿပီ။ စြမ္းေဆာင္ရည္ျမင့္တဲ့ အတြက္ ဂိမ္း အျပင္ အျခား အလုပ္မ်ားအတြက္လည္း အဆင္ေျပပါတယ္။ သူ႔ရဲ႕ ဒီဇိုင္းက ပထမမ်ိဳးဆက္နဲ႔ တူညီပါတယ္။ ဒါေပမယ့္ အလူမီနီယမ္ ဖရိမ္ ပါလာပါတယ္။ အတြင္းပိုင္းမွာ Snapdragon 845 ျဖင့္ အဆင့္ျမွင့္ထားပါတယ္။ အပူလြန္ကဲမႈကို ကာကြယ္ေပးတဲ့ နည္းပညာလည္း ထည့္ထားပါတယ္။

8GB RAM , 64GB Storage မ်ား ထည့္သြင္းထားပါတယ္။ 4000mAh Battery က ဂိမ္းမ်ားကို အခ်ိန္ၾကာျမင့္စြာ ကစားႏုိင္မွာပါ။ ႀကိဳးမဲ့ အားသြင္း နည္းပညာ ပါပါတယ္။ Nova Launcher ပါတဲ့ Android 8.1 ေမာင္းႏွင္ထားပါတယ္။ Android Pie ကို ရရွိမွာပါ။ မ်က္ႏွာျပင္ အရြယ္အစားမွာ ၅.၇ လက္မ ျဖစ္ၿပီး IGZO LCD အမ်ိဳးအစား ျဖစ္ပါတယ္။ QHD Resolution ျဖစ္ၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 16:9 ျဖစ္ပါတယ္။ မ်က္ႏွာျပင္ဟာ ယခင္မ်ိဳးဆက္ထက္ ၅၀ ရာခုိင္ႏႈန္း ပိုမို ေတာက္ပလာတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ပံုရိပ္မ်ား မထစ္ေအာင္ ပံ့ပိုးေပးမယ့္ 120Hz Refresh Rate ပါတဲ့ မ်က္ႏွာျပင္ ျဖစ္ပါတယ္။ ရုပ္ထြက္ အလြန္ ေကာင္းတဲ့ HDR ပါပါတယ္။

အေနာက္ဘက္မွာ 12MP Camera ၂ လံုး ထည့္သြင္းထားၿပီး ပင္မ ကင္မရာမွာ Dual Pixel AF , OIS မ်ားပါပါတယ္။ အပိုကင္မရာမွာ 2x Telepghoto ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ 8MP Camera ၁ လံုး ထည့္သြင္းထားပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ လိုဂိုဟာ အေရာင္ေတာက္ပၿပီး LED မီးသီးရဲ႕ အေရာင္မ်ားနဲ႔ လိုက္ဖက္ညီပါတယ္။ ႀကိဳတင္မွာယူႏုိင္ၿပီ ျဖစ္ၿပီး ၈၀၀ ေဒၚလာ သတ္မွတ္ထားပါတယ္။

unicode

Razer က ဒုတိယမျိုးဆက် Gaming Phone ကို ကြေညာ

စမတ်ဖုန်းနဲ့ အရည်အသွေးမြင့် ဂိမ်းများ ကစားချင်သူများအတွက် Razer Phone 2 ထွက်ရှိလာပါပြီ။ စွမ်းဆောင်ရည်မြင့်တဲ့ အတွက် ဂိမ်း အပြင် အခြား အလုပ်များအတွက်လည်း အဆင်ပြေပါတယ်။ သူ့ရဲ့ ဒီဇိုင်းက ပထမမျိုးဆက်နဲ့ တူညီပါတယ်။ ဒါပေမယ့် အလူမီနီယမ် ဖရိမ် ပါလာပါတယ်။ အတွင်းပိုင်းမှာ Snapdragon 845 ဖြင့် အဆင့်မြှင့်ထားပါတယ်။ အပူလွန်ကဲမှုကို ကာကွယ်ပေးတဲ့ နည်းပညာလည်း ထည့်ထားပါတယ်။

8GB RAM , 64GB Storage များ ထည့်သွင်းထားပါတယ်။ 4000mAh Battery က ဂိမ်းများကို အချိန်ကြာမြင့်စွာ ကစားနိုင်မှာပါ။ ကြိုးမဲ့ အားသွင်း နည်းပညာ ပါပါတယ်။ Nova Launcher ပါတဲ့ Android 8.1 မောင်းနှင်ထားပါတယ်။ Android Pie ကို ရရှိမှာပါ။ မျက်နှာပြင် အရွယ်အစားမှာ ၅.၇ လက်မ ဖြစ်ပြီး IGZO LCD အမျိုးအစား ဖြစ်ပါတယ်။ QHD Resolution ဖြစ်ပြီး မျက်နှာပြင် အချိုးမှာ 16:9 ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ ယခင်မျိုးဆက်ထက် ၅၀ ရာခိုင်နှုန်း ပိုမို တောက်ပလာတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ပုံရိပ်များ မထစ်အောင် ပံ့ပိုးပေးမယ့် 120Hz Refresh Rate ပါတဲ့ မျက်နှာပြင် ဖြစ်ပါတယ်။ ရုပ်ထွက် အလွန် ကောင်းတဲ့ HDR ပါပါတယ်။

အနောက်ဘက်မှာ 12MP Camera ၂ လုံး ထည့်သွင်းထားပြီး ပင်မ ကင်မရာမှာ Dual Pixel AF , OIS များပါပါတယ်။ အပိုကင်မရာမှာ 2x Telepghoto ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 8MP Camera ၁ လုံး ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ အနောက်ဘက် လိုဂိုဟာ အရောင်တောက်ပပြီး LED မီးသီးရဲ့ အရောင်များနဲ့ လိုက်ဖက်ညီပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၈၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.