6” Screen နဲ႔ Dual Camera ပါတဲ့ Nokia 3.1 Plus

0
1519

Nokia 3.1 Plus ဟာ အရြယ္အစား ႀကီးမားၿပီး Android One Phone ျဖစ္ပါတယ္။ ဘက္ထရီက Nokia 3.1 ထက္ ႀကီးမားပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာလည္း ပါပါတယ္။ သူ႔မွာ ၆ လက္မ 720x1440p Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 18:9 ျဖစ္ပါတယ္။ Notch ေတာ့ မပါပါဘူး။

အေနာက္ဘက္မွာ 13+5MP Dual Camera ပါၿပီး ေနာက္ခံ မႈန္၀ါးတဲ့ ဓါတ္ပံုမ်ား ဖန္တီးေပးပါတယ္။ ဆဲလ္ဖီး ကင္မရာက 8MP ျဖစ္ပါတယ္။ Core ၈ ခု ပါတဲ့ MediaTek Helio P22 ေမာင္းႏွင္ထားပါတယ္။ RAM/ Storage မ်ားက Nokia 3.1 နဲ႔ တူၿပီး 2/16GB နဲ႔ 3/32GB မ်ားျဖစ္ပါတယ္။ 400GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။

Android Oreo အေျချပဳ Android One ေမာင္းႏွင္ထားၿပီး Android Pie ကို ရရွိမွာ ျဖစ္ပါတယ္။ အလူမီနီယမ္ ကုိယ္ထည္ျဖင့္ တည္ေဆာက္ထားပါတယ္။ ၾကံ႕ခုိင္ေစဖို႔အတြက္ အတြင္းပိုင္းကိုလည္း သတၱဳမ်ားျဖင့္ ေထာက္ကူထားပါတယ္။ အျပာ၊ ပင္လယ္ျပာနဲ႔ အျဖဴေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။

P22 ဟာ 12nm Chip ျဖစ္ၿပီး Nokia 3.1 ရဲ႕ 28nm Chip ထက္ ပိုမို စြမ္းရည္ျမင့္မားပါတယ္။ အရြယ္ပိုမို ႀကီးမားတဲ့ 3500mAh Battery ထည့္သြင္းထားပါတယ္။ တစ္ခါ အားသြင္းထားရင္ ၂ ရက္ေတာင္ အသံုးခံတာက ဂြတ္ပါတယ္။ ဒါေပမယ့္ microUSB Port သာ ပါတာက အားနည္းခ်က္ပါ။ ရူပီး ၁၁ ၅၀၀ ( ၁၅၅ ေဒၚလာ) ျဖင့္ အိႏၵိယမွာ ေရာင္းခ်ေပးထားပါတယ္။

unicode

6” Screen နဲ့ Dual Camera ပါတဲ့ Nokia 3.1 Plus

Nokia 3.1 Plus ဟာ အရွယ်အစား ကြီးမားပြီး Android One Phone ဖြစ်ပါတယ်။ ဘက်ထရီက Nokia 3.1 ထက် ကြီးမားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာလည်း ပါပါတယ်။ သူ့မှာ ၆ လက်မ 720x1440p Display ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ Notch တော့ မပါပါဘူး။

အနောက်ဘက်မှာ 13+5MP Dual Camera ပါပြီး နောက်ခံ မှုန်ဝါးတဲ့ ဓါတ်ပုံများ ဖန်တီးပေးပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ Core ၈ ခု ပါတဲ့ MediaTek Helio P22 မောင်းနှင်ထားပါတယ်။ RAM/ Storage များက Nokia 3.1 နဲ့ တူပြီး 2/16GB နဲ့ 3/32GB များဖြစ်ပါတယ်။ 400GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

Android Oreo အခြေပြု Android One မောင်းနှင်ထားပြီး Android Pie ကို ရရှိမှာ ဖြစ်ပါတယ်။ အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ ကြံ့ခိုင်စေဖို့အတွက် အတွင်းပိုင်းကိုလည်း သတ္တုများဖြင့် ထောက်ကူထားပါတယ်။ အပြာ၊ ပင်လယ်ပြာနဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။

P22 ဟာ 12nm Chip ဖြစ်ပြီး Nokia 3.1 ရဲ့ 28nm Chip ထက် ပိုမို စွမ်းရည်မြင့်မားပါတယ်။ အရွယ်ပိုမို ကြီးမားတဲ့ 3500mAh Battery ထည့်သွင်းထားပါတယ်။ တစ်ခါ အားသွင်းထားရင် ၂ ရက်တောင် အသုံးခံတာက ဂွတ်ပါတယ်။ ဒါပေမယ့် microUSB Port သာ ပါတာက အားနည်းချက်ပါ။ ရူပီး ၁၁ ၅၀၀ ( ၁၅၅ ဒေါ်လာ) ဖြင့် အိန္ဒိယမှာ ရောင်းချပေးထားပါတယ်။

Leave a Reply