
0
1292





unicode

၆.၃ လက်မ Display နဲ့ Dual Camera များပါတဲ့ Vivo Z3i

Vivo က တရုတ်မှာ စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Z3i ဖြစ်ပါတယ်။ တကယ့်တော့ သူဟာ နိုင်ငံတကာမှာ ရောင်းချထားတဲ့ V11i ရဲ့ တရုတ် မော်ဒယ် ဖြစ်နိုင်ပါတယ်။ သူတို့ ၂ လုံးဟာ အစိတ်အပိုင်းများ အများစု တူညီကြပြီး ကွာခြားမှု အနည်းငယ်သာ ရှိပါတယ်။

ကွာခြားချက်တစ်ခုက V11i မှာ 25MP Front Camera နဲ့ Z3i မှာ 24MP Front Camera ပါပါတယ်။ နောက်ထပ် ကွာခြားချက်မှာ Z3i အတွက် 6GB/128GB Memory Option ကိုသာ ထုတ်လုပ်ပေးထားပါတယ်။ Vivo V11i အတွက် 4GB/128GB or 6GB/64GB များ ထုတ်ပေးထားတာပါ။

အခြား Specificatiions များက တူညီကြပါတယ်။ Vivo Z3i မှာ ၆.၃ လက်မ 1080x2280p IPS Display ထည့်သွင်းထားပါတယ်။ Waterdrop Notch လည်း ပါပါတယ်။ အနောက်ဘက်မှာ 16+2MP Dual Camera ပါပါတယ်။ ဘက်ထရီက 3315mAh ဖြစ်ပါတယ်။ Android 8.1 Oreo ကို Funtouch OS နဲ့ အုပ်ထားပါတယ်။

Vivo Z3i ကို တရုတ်မှာ ယွမ် ၂၃၉၈ သတ်မှတ်ထားပါတယ်။ ၃၄၆ ဒေါ်လာဝန်းကျင်လောက် ကျသင့်နိုင်ပါတယ်။ အပြာနဲ့ ပန်းရောင်များ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Leave a Reply