Zawgyi version
Samsung က Galaxy A7 ကိုလွန်ခဲ့တဲ့ ၃ ပတ်လောက်က မိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူကတော့ တောင်ကိုရီးယားရဲ့ စမတ်ဖုန်းထုတ်လုပ်ရောင်းချသူတွေထဲမှာ ပထမဦးဆုံး ကင်မရာ ၃ လုံးနဲ့ ထွက်ရှိထားတာပဲဖြစ်ပါတယ်။ အခုလဲ ကင်မရာ ၄လုံးတောင်ပါဝင်မယ့် Galaxy A9 ကိုထုတ်လုပ်ရောင်းချတော့မှာပဲ ဖြစ်ပါတယ်။
ကင်မရာတွေကတော့ မိန်းကင်မရာက 24MP f/1.7 ရှိပြီး wide-angle sensor အတွက် 8MP ပဲဖြစ်ပါတယ်။ နောက်တစ်ခုက 2x optical zoom နဲ့ 10MP telephoto lens ရယ် Live Focus တွေရိုက်ဖို့အတွက် 5MP depth shooter ဆိုပြီး ကင်မရာ ၄ လုံးတပ်ဆင်ပေးထားမှာပဲ ဖြစ်ပါတယ်။ Selfie ကင်မရာကလဲ 24MP တောင်ရှိပါတယ်။
သူ့ရဲ့ မျက်နှာပြင်ကတော့ 6.38-inch ကို FHD+ Super AMOLED display နဲ့ထွက်ရှိမှာပါ။ chipset ပိုင်းကတော့ Snapdragon 660 ကိုအသုံးပြုထားပြီး RAM 8GB နဲ့ storage က 128GB နဲ့လာမှာပဲ ဖြစ်ပါတယ်။ Bluetooth ကလဲ 5.0 ထိအသုံးပြုပေးထားပါတယ်။ ဘက်ထရီပိုင်းကတော့ 3800mAh ပါဝင်မှာပဲ ဖြစ်ပါတယ်။
သူက dual SIM slot ကိုမှ MicroSD slot လဲပါရှိပါသေးတယ်။ Samsung Pay သာမက Bixby တို့ကိုလဲ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ software ပိုင်းအရဆိုရင်တော့ Android 8.0 Oreo ကိုအသုံးပြုထားပါတယ်။
ရရှိနိုင်မယ့်အရောင်တွေကတော့ Caviar Black, Lemonade Blue, and Bubblegum Pink ဆိုပြီး အရောင် ၃ ရောင်နဲ့ ထွက်ရှိမှာပဲ ဖြစ်ပါတယ်။ သူကတော့ နိုဝင်ဘာလောက်မှာ ဈေးကွက်ထဲစတင်ရောက်ရှိမှာပဲ ဖြစ်ပါတယ်။ ကင်မရာက ၄ လုံးတောင်ဆိုတော့ ဘယ်လိုတွေအသုံးပြုနိုင်ပြီး ဘယ်လောက်အလန်းကြီးတွေ ရိုက်လို့ရမလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Unicode version
Samsung က Galaxy A7 ကိုလွန်ခဲ့တဲ့ ၃ ပတ်လောက်က မိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူကတော့ တောင်ကိုရီးယားရဲ့ စမတ်ဖုန်းထုတ်လုပ်ရောင်းချသူတွေထဲမှာ ပထမဦးဆုံး ကင်မရာ ၃ လုံးနဲ့ ထွက်ရှိထားတာပဲဖြစ်ပါတယ်။ အခုလဲ ကင်မရာ ၄လုံးတောင်ပါဝင်မယ့် Galaxy A9 ကိုထုတ်လုပ်ရောင်းချတော့မှာပဲ ဖြစ်ပါတယ်။
ကင်မရာတွေကတော့ မိန်းကင်မရာက 24MP f/1.7 ရှိပြီး wide-angle sensor အတွက်က 8MP ပဲဖြစ်ပါတယ်။ နောက်တစ်ခုက 2x optical zoom နဲ့ 10MP telephoto lens ရယ် Live Focus တွေရိုက်ဖို့အတွက် 5MP depth shooter ဆိုပြီး ကင်မရာ ၄ လုံးတပ်ဆင်ပေးထားမှာပဲ ဖြစ်ပါတယ်။ Selfie ကင်မရာကလဲ 24MP တောင်ရှိပါတယ်။