Gadget Trending

Google က Chromecast အသစ္ကို ျပသ

ဂူဂယ္လ္က အြန္လိုင္းမွ ရုပ္ရွင္ ၊ ဗီဒီယိုမ်ားကို ရိုးရိုး တီဗီမွာ ၾကည့္ႏုိင္မယ့္ Chromecast ကို ေနာက္ဆံုး ထုတ္လုပ္ေရာင္းခ်ခဲ့တာ ၃ ႏွစ္ရွိပါၿပီ။ အခုေတာ့ Chromecast အသစ္ကို ေၾကညာလိုက္ပါတယ္။ တတိယမ်ိဳးဆက္မွာ ဒီဇိုင္းကို ဆန္းသစ္ထားၿပီး Chrome Logo အစား G Logo ကို ထည့္ထားပါတယ္။ ေတာက္ေျပာင္တဲ့ အေရာင္အစား သမားရိုးက် အေရာင္ကို သံုးထားပါတယ္။ ဒါ့အျပင္ နည္းပညာ အသစ္ အနည္းငယ္နဲ႔ တိုးတက္မႈ အခ်ိဳ႕ ပါလာပါတယ္။

ဂူဂယ္လ္က ေမာ္ဒယ္ အသစ္ဟာ ၁၅ ရာခုိင္ႏႈန္း ပိုျမန္လာတယ္လို႔ ေျပာပါတယ္။ Full HD Video မ်ားကို 60fps ျဖင့္ ထုတ္လႊင့္ေပးႏုိင္လာပါတယ္။ ယခင္ မ်ိဳးဆက္မွာ HD ကိုသာ ေထာက္ပံ့ပါတယ္။ သူ႔မွာ Chromecast Audio ရဲ႕ စြမ္းရည္လည္း ပါလာၿပီး Google ရဲ႕ စမတ္ ကိရိယာမ်ားနဲ႔ ခ်ိတ္ဆက္ထားတဲ့ စပီကာမ်ားမွာ သီခ်င္းမ်ားကို Sync လုပ္ေပးႏုိင္ပါတယ္။

အျခား စြမ္းရည္မ်ားကေတာ့ ယခင္မ်ိဳးဆက္နဲ႔ တူညီပါတယ္။ ယခင္ကေတာ့ မ်ိဳးဆက္သစ္မွာ ဘလူးတု ေထာက္ပံ့မႈ ပါလာမယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ တကယ္ မပါလာပါဘူး။ အျခား သတင္းမ်ားက ပိုေကာင္းတဲ့ ၀ိုင္ဖုိင္ ပါလာမယ္လို႔ ေျပာထားပါတယ္။ ဂူဂယ္လ္ကေတာ့ Spec Sheet မွာ အဲဒါကို မေဖာ္ျပထားေသးပါဘူး။

မ်ိဳးဆက္သစ္ဟာ ၂၀၁၆ ခုႏွစ္ထုတ္ Chromecast Ultra လိုပဲ 4K ကို မေထာက္ပံ့ေသးပါဘူး။ သူ႔ကို တီဗီရဲ႕ HDMI Port မွာ တပ္ဆင္ၿပီး ၀ိုင္ဖိုင္ ခ်ိတ္ဆက္ထားရင္ Android, ChromeOS, iOS, macOS, Windows စတဲ့ Device မ်ားမွ အြန္လိုင္း ရုပ္ရွင္နဲ႔ ဗီဒီယိုမ်ားကို တီဗီမွာ ၾကည့္ႏုိင္ပါတယ္။ ၃၅ ေဒၚလာသာ ရွိပါတယ္။

unicode

Google က Chromecast အသစ်ကို ပြသ

ဂူဂယ်လ်က အွန်လိုင်းမှ ရုပ်ရှင် ၊ ဗီဒီယိုများကို ရိုးရိုး တီဗီမှာ ကြည့်နိုင်မယ့် Chromecast ကို နောက်ဆုံး ထုတ်လုပ်ရောင်းချခဲ့တာ ၃ နှစ်ရှိပါပြီ။ အခုတော့ Chromecast အသစ်ကို ကြေညာလိုက်ပါတယ်။ တတိယမျိုးဆက်မှာ ဒီဇိုင်းကို ဆန်းသစ်ထားပြီး Chrome Logo အစား G Logo ကို ထည့်ထားပါတယ်။ တောက်ပြောင်တဲ့ အရောင်အစား သမားရိုးကျ အရောင်ကို သုံးထားပါတယ်။ ဒါ့အပြင် နည်းပညာ အသစ် အနည်းငယ်နဲ့ တိုးတက်မှု အချို့ ပါလာပါတယ်။

ဂူဂယ်လ်က မော်ဒယ် အသစ်ဟာ ၁၅ ရာခိုင်နှုန်း ပိုမြန်လာတယ်လို့ ပြောပါတယ်။ Full HD Video များကို 60fps ဖြင့် ထုတ်လွှင့်ပေးနိုင်လာပါတယ်။ ယခင် မျိုးဆက်မှာ HD ကိုသာ ထောက်ပံ့ပါတယ်။ သူ့မှာ Chromecast Audio ရဲ့ စွမ်းရည်လည်း ပါလာပြီး Google ရဲ့ စမတ် ကိရိယာများနဲ့ ချိတ်ဆက်ထားတဲ့ စပီကာများမှာ သီချင်းများကို Sync လုပ်ပေးနိုင်ပါတယ်။

အခြား စွမ်းရည်များကတော့ ယခင်မျိုးဆက်နဲ့ တူညီပါတယ်။ ယခင်ကတော့ မျိုးဆက်သစ်မှာ ဘလူးတု ထောက်ပံ့မှု ပါလာမယ်လို့ သတင်းထွက်ခဲ့ပေမယ့် တကယ် မပါလာပါဘူး။ အခြား သတင်းများက ပိုကောင်းတဲ့ ဝိုင်ဖိုင် ပါလာမယ်လို့ ပြောထားပါတယ်။ ဂူဂယ်လ်ကတော့ Spec Sheet မှာ အဲဒါကို မဖော်ပြထားသေးပါဘူး။

မျိုးဆက်သစ်ဟာ ၂၀၁၆ ခုနှစ်ထုတ် Chromecast Ultra လိုပဲ 4K ကို မထောက်ပံ့သေးပါဘူး။ သူ့ကို တီဗီရဲ့ HDMI Port မှာ တပ်ဆင်ပြီး ဝိုင်ဖိုင် ချိတ်ဆက်ထားရင် Android, ChromeOS, iOS, macOS, Windows စတဲ့ Device များမှ အွန်လိုင်း ရုပ်ရှင်နဲ့ ဗီဒီယိုများကို တီဗီမှာ ကြည့်နိုင်ပါတယ်။ ၃၅ ဒေါ်လာသာ ရှိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.