Smartphone Trending

ဘက္ထရီ ပမာဏ 4000mAh နဲ႔ ေစ်းကြက္ထဲ၀င္ေရာက္လာမယ့္ Honor 8C

Zawgyi version

Huawei ရဲ႕ brand အခြဲျဖစ္တဲ့ Honor ကေတာ့ Honor 8C ဆိုတဲ့ စမတ္ဖုန္းအသစ္ကိုျဖန္႔ခ်ီေတာ့မွာပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕ အခ်က္အလက္ တစ္ခ်ိဳ႕ကိုေတာ့ Honor website မွာတင္ထားပါတယ္။ သူကေတာ့ 6.26-inch ရွိျပီး 720p display နဲ႔ထြက္ရွိမွာပါ။ notch ေလးေရာပါ၀င္မွာ ျဖစ္ျပီး ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာေတာ့ fingerprint scanner စနစ္ပါ၀င္မွာျဖစ္ပါတယ္။ 3.5mm headphone jack ပါ၀င္မွာျဖစ္ျပီး microUSB အေပါက္ပါ၀င္မွာျဖစ္ပါတယ္။ Android version 8.1 နဲ႔ EMUI 8.2 ကိုအသံုးျပဳထားပါတယ္။

သူ႔ကေတာ့ Snapdragon 632 ကိုအသံုးျပဳထားတဲ့ Honor ရဲ႕ပထမဦးဆံုး စမတ္ဖုန္းပဲျဖစ္ပါတယ္။ ခုအသံုးျပဳထားတဲ့ chipset အသစ္က AI tools ေတာ္ေတာ္မ်ားမ်ားကို support ေပးထားပါတယ္။ သူ႔ရဲ႕ memory ပိုင္းေတြကေတာ့ RAM က 4GB ရွိျပီး storage ကေတာ့ 32GB/64GB နဲ႔ထြက္ရွိမွာပါ။ သူက Honor series ေတြထဲမွာ ပိုထူးျခားသြားတာက ဘက္ထရီပါ၀င္မႈပဲျဖစ္ပါတယ္။ ဘက္ထရီက 4,000mAh ေတာင္ထည့္သြင္းေပးထားပါတယ္။

The Honor 8C in various colors.

ကင္မရာပိုင္းကိုေျပာရမယ္ဆိုရင္ေတာ့ ေနာက္ေက်ာဘက္ကင္မရာက ၂ လံုးတပ္ဆင္ေပးထားမွာျဖစ္ျပီး 13MP (f/1.8) နဲ႔ 2MP တို႔ပဲျဖစ္ၾကပါတယ္။ ေရွ႕ဘက္ selfie ကင္မရာကေတာ့ 8MP ပဲျဖစ္ပါတယ္။ ေစ်းနႈန္းကေတာ့ အတိအက်မေျပာေသးပါဘူး။ အရင္ကထြက္ရွိခဲ့တဲ့ Honor 7C ကိုေတာ့ $130 ၀န္းက်င္နဲ႔ ထြက္ရွိခဲ့တာပဲ ျဖစ္ပါတယ္။

Unicode version

Huawei ရဲ့ brand အခွဲဖြစ်တဲ့ Honor ကတော့ Honor 8C ဆိုတဲ့ စမတ်ဖုန်းအသစ်ကိုဖြန့်ချီတော့မှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အချက်အလက် တစ်ချို့ကိုတော့ Honor website မှာတင်ထားပါတယ်။ သူကတော့ 6.26-inch ရှိပြီး 720p display နဲ့ထွက်ရှိမှာပါ။ notch လေးရောပါဝင်မှာ ဖြစ်ပြီး ဖုန်းရဲ့ နောက်ကျောဘက်မှာတော့ fingerprint scanner စနစ်ပါဝင်မှာဖြစ်ပါတယ်။ 3.5mm headphone jack ပါဝင်မှာဖြစ်ပြီး microUSB အပေါက်ပါဝင်မှာဖြစ်ပါတယ်။ Android version 8.1 နဲ့ EMUI 8.2 ကိုအသုံးပြုထားပါတယ်။
သူ့ကတော့ Snapdragon 632 ကိုအသုံးပြုထားတဲ့ Honor ရဲ့ပထမဦးဆုံး စမတ်ဖုန်းပဲဖြစ်ပါတယ်။ ခုအသုံးပြုထားတဲ့ chipset အသစ်က AI tools တော်တော်များများကို support ပေးထားပါတယ်။ သူ့ရဲ့ memory ပိုင်းတွေကတော့ RAM က 4GB ရှိပြီး storage ကတော့ 32GB/64GB နဲ့ထွက်ရှိမှာပါ။ သူက Honor series တွေထဲမှာ ပိုထူးခြားသွားတာက ဘက်ထရီပါဝင်မှုပဲဖြစ်ပါတယ်။ ဘက်ထရီက 4,000mAh တောင်ထည့်သွင်းပေးထားပါတယ်။

The Honor 8C in various colors.
ကင်မရာပိုင်းကိုပြောရမယ်ဆိုရင်တော့ နောက်ကျောဘက်ကင်မရာက ၂ လုံးတပ်ဆင်ပေးထားမှာဖြစ်ပြီး 13MP (f/1.8) နဲ့ 2MP တို့ပဲဖြစ်ကြပါတယ်။ ရှေ့ဘက် selfie ကင်မရာကတော့ 8MP ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အတိအကျမပြောသေးပါဘူး။ အရင်ကထွက်ရှိခဲ့တဲ့ Honor 7C ကိုတော့ $130 ဝန်းကျင်နဲ့ ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.