Google က Laptop/ Tablet ၂ မ်ိဳးသံုး Pixel Slate ကို မိတ္ဆက္

0
758

Google က Pixel Slate Tablet အသစ္ကို ျပသလိုက္ပါတယ္။ သူဟာ လက္ပ္ေတာ့လိုေရာ တက္ဘလက္လိုပါ သံုးႏုိင္ပါတယ္။ သူဟာ ဂူဂယ္လ္ရဲ႕ ပထမဆံုး Chrome OS Tablet ျဖစ္ပါတယ္။ စြမ္းရည္ျမင့္ တက္ဘလက္ ျဖစ္ၿပီး iPad Pro နဲ႔ Surface Pro မ်ားကို ယွဥ္ၿပိဳင္ဖို႔ ဖန္တီးထားတာပါ။ 8th Gen Intel Processor မ်ား ထည့္သြင္းထားၿပီး Core i7 အထိ အဆင့္ျမွင့္ႏိုင္ပါတယ္။ 16GB RAM, 256GB Storage မ်ား ပါရွိပါတယ္။

စပီကာမ်ားကို အေရွ႕မွာ ထည့္သြင္းထားပါတယ္။ 8MP Camera တစ္လံုးစီကို အေရွ႕နဲ႔ အေနာက္မွာ တပ္ဆင္ထားပါတယ္။ ၁၂.၃ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး ဂူဂယ္လ္က သာမာန္ LCD မ်ားထက္ စြမ္းရည္ ပိုျမင့္တယ္လို႔ ေျပာပါတယ္။ 293ppi ျဖစ္ပါတယ္။ ပါ၀ါခလုတ္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ထည့္သြင္းထားပါတယ္။

ျဖဳတ္၊ တပ္ႏုိင္တဲ့ Pixel Slate Keyboard ကို ဖန္တီးေပးထားၿပီး သီးျခား ၀ယ္ယူရမွာပါ။ ထူးျခားတာက ခလုတ္မ်ားဟာ လံုး၀န္းတဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ တက္ဘလက္မွာ ယခင္ႏွစ္က ေရာင္းခ်ခဲ့တဲ့ Pixelbook Pen နဲ႔ တြဲဖက္ သံုးႏုိင္ပါတယ္။ ယခုႏွစ္ ေႏွာင္းပိုင္းမွာ တက္ဘလက္ကို ေရာင္းခ်မွာပါ။ Celeron Processor ပါတဲ့ တန္ဖိုးအနည္းဆံုးေမာ္ဒယ္ကို ၅၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ ၁၅၉၉ ေဒၚလာအထိ တန္ေၾကးရွိတဲ့ ေမာ္ဒယ္မ်ား ရွိပါတယ္။ ကီးဘုတ္ကို ၁၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ ေဘာပင္က ၉၉ ေဒၚလာ က်သင့္မွာပါ။

unicode

Google က Laptop/ Tablet ၂ မျိုးသုံး Pixel Slate ကို မိတ်ဆက်

Google က Pixel Slate Tablet အသစ်ကို ပြသလိုက်ပါတယ်။ သူဟာ လက်ပ်တော့လိုရော တက်ဘလက်လိုပါ သုံးနိုင်ပါတယ်။ သူဟာ ဂူဂယ်လ်ရဲ့ ပထမဆုံး Chrome OS Tablet ဖြစ်ပါတယ်။ စွမ်းရည်မြင့် တက်ဘလက် ဖြစ်ပြီး iPad Pro နဲ့ Surface Pro များကို ယှဉ်ပြိုင်ဖို့ ဖန်တီးထားတာပါ။ 8th Gen Intel Processor များ ထည့်သွင်းထားပြီး Core i7 အထိ အဆင့်မြှင့်နိုင်ပါတယ်။ 16GB RAM, 256GB Storage များ ပါရှိပါတယ်။

စပီကာများကို အရှေ့မှာ ထည့်သွင်းထားပါတယ်။ 8MP Camera တစ်လုံးစီကို အရှေ့နဲ့ အနောက်မှာ တပ်ဆင်ထားပါတယ်။ ၁၂.၃ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး ဂူဂယ်လ်က သာမာန် LCD များထက် စွမ်းရည် ပိုမြင့်တယ်လို့ ပြောပါတယ်။ 293ppi ဖြစ်ပါတယ်။ ပါဝါခလုတ်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။

ဖြုတ်၊ တပ်နိုင်တဲ့ Pixel Slate Keyboard ကို ဖန်တီးပေးထားပြီး သီးခြား ဝယ်ယူရမှာပါ။ ထူးခြားတာက ခလုတ်များဟာ လုံးဝန်းတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ တက်ဘလက်မှာ ယခင်နှစ်က ရောင်းချခဲ့တဲ့ Pixelbook Pen နဲ့ တွဲဖက် သုံးနိုင်ပါတယ်။ ယခုနှစ် နှောင်းပိုင်းမှာ တက်ဘလက်ကို ရောင်းချမှာပါ။ Celeron Processor ပါတဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ၅၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၁၅၉၉ ဒေါ်လာအထိ တန်ကြေးရှိတဲ့ မော်ဒယ်များ ရှိပါတယ်။ ကီးဘုတ်ကို ၁၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဘောပင်က ၉၉ ဒေါ်လာ ကျသင့်မှာပါ။

Leave a Reply