Asus က စြမ္းရည္သင့္ Chromebook ကို ေၾကညာ

0
863

Asus က ၁၄ လက္မ Chromebook အသစ္ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ C423 ျဖစ္ၿပီး ေစ်းႏႈန္းကိုေတာ့ မသိရေသးပါဘူး။ သူဟာ စြမ္းေဆာင္ရည္သင့္ အမ်ိဳးအစား ျဖစ္ၿပီး ေမာ္ဒယ္ ၂ ခု ထုတ္လုပ္ေပးထားပါတယ္။ တစ္ခုက Intel Celeron Processor ပါၿပီး ထိေတြ႕မ်က္ႏွာျပင္ မပါတဲ့ ေမာ္ဒယ္ ျဖစ္ပါတယ္။ ေနာက္တစ္ခုက Full HD Touchscreen နဲ႔ Pentium N4200 ျဖစ္ပါတယ္။

Asus က C423 ဟာ NanoEdge Design ပါတဲ့ သူ႔ရဲ႕ ပထမဆံုး Chromebook ျဖစ္တယ္လို႔ ေျပာၿပီး သူ႔ရဲ႕ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ ၅.၈ မီလီမီတာသာ ရွိပါတယ္။ မ်က္ႏွာျပင္ကို ၁၈၀ ဒီဂရီ ေခါက္ခ်ိဳးႏုိင္တဲ့အတြက္ တက္ဘလက္လိုပါ အသံုးျပဳႏိုင္ပါတယ္။ အႀကိမ္ေပါင္း ၂၀ ၀၀၀ ေလာက္ ေခါက္ခ်ိဳးႏိုင္တဲ့အတြက္ ေရရွည္ အသံုးခံပါတယ္။

C423 ရဲ႕ ဘက္ထရီ သက္တမ္းဟာ ၁၀ နာရီ ၀န္းက်င္ ရွိပါတယ္။ သူ႔ကို USB-C Port ကေန အားသြင္းႏုိင္တဲ့ အတြက္ အားသြင္းႏႈန္း လွ်င္ျမန္ပါတယ္။ ဒါ့အျပင္ သူ႔မွာ USB 3.1 Port နဲ႔ microSD Card Slot မ်ား ပါပါတယ္။ သူ႔ရဲ႕ ကိုယ္ထည္ကို အလူမီနီယမ္ျဖင့္ တည္ေဆာက္ထားၿပီး အထူမွာ ၁၆.၁ မီလီမီတာ ရွိပါတယ္။ သူဟာ ဒီေန႔ပဲ ေၾကညာလိုက္တဲ့ HP Chromebook x360 ထက္ အနည္းငယ္ ပိုထူပါတယ္။

unicode

Asus က စွမ်းရည်သင့် Chromebook ကို ကြေညာ

Asus က ၁၄ လက်မ Chromebook အသစ်ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ C423 ဖြစ်ပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ သူဟာ စွမ်းဆောင်ရည်သင့် အမျိုးအစား ဖြစ်ပြီး မော်ဒယ် ၂ ခု ထုတ်လုပ်ပေးထားပါတယ်။ တစ်ခုက Intel Celeron Processor ပါပြီး ထိတွေ့မျက်နှာပြင် မပါတဲ့ မော်ဒယ် ဖြစ်ပါတယ်။ နောက်တစ်ခုက Full HD Touchscreen နဲ့ Pentium N4200 ဖြစ်ပါတယ်။

Asus က C423 ဟာ NanoEdge Design ပါတဲ့ သူ့ရဲ့ ပထမဆုံး Chromebook ဖြစ်တယ်လို့ ပြောပြီး သူ့ရဲ့ မျက်နှာပြင် ဘေးဘောင်များဟာ ၅.၈ မီလီမီတာသာ ရှိပါတယ်။ မျက်နှာပြင်ကို ၁၈၀ ဒီဂရီ ခေါက်ချိုးနိုင်တဲ့အတွက် တက်ဘလက်လိုပါ အသုံးပြုနိုင်ပါတယ်။ အကြိမ်ပေါင်း ၂၀ ၀၀၀ လောက် ခေါက်ချိုးနိုင်တဲ့အတွက် ရေရှည် အသုံးခံပါတယ်။

C423 ရဲ့ ဘက်ထရီ သက်တမ်းဟာ ၁၀ နာရီ ဝန်းကျင် ရှိပါတယ်။ သူ့ကို USB-C Port ကနေ အားသွင်းနိုင်တဲ့ အတွက် အားသွင်းနှုန်း လျှင်မြန်ပါတယ်။ ဒါ့အပြင် သူ့မှာ USB 3.1 Port နဲ့ microSD Card Slot များ ပါပါတယ်။ သူ့ရဲ့ ကိုယ်ထည်ကို အလူမီနီယမ်ဖြင့် တည်ဆောက်ထားပြီး အထူမှာ ၁၆.၁ မီလီမီတာ ရှိပါတယ်။ သူဟာ ဒီနေ့ပဲ ကြေညာလိုက်တဲ့ HP Chromebook x360 ထက် အနည်းငယ် ပိုထူပါတယ်။

Leave a Reply