အလန္းစား ကင္မရာမ်ားနဲ႔ ပြဲထြက္လာတဲ့ Google Pixel 3 နဲ႔ 3 XL

0
1101

Google က စြမ္းရည္ျမင့္ Google Pixel 3 နဲ႔ 3 XL တို႔ကို ေၾကညာလိုက္ပါၿပီ။ သူတို႔ရဲ႕ အဓိက အစိတ္အပိုင္းမ်ားမွာ အလန္းစား ကင္မရာမ်ားပါ။ အေမရိကန္မွာ Pixel 3 ရဲ႕ 64GB ကို ၈၀၀ ေဒၚလာနဲ႔ XL ကို ၉၀၀ ေဒၚလာသတ္မွတ္ထားပါတယ္။ 128GB အတြက္ ေဒၚလာ ၁၀၀ စီ ပိုကုန္မွာပါ။ RAM ကေတာ့ 4GB တစ္မ်ိဳးသာရွိပါတယ္။

3 XL မွာ ၆.၃ လက္မ မ်က္ႏွာျပင္နဲ႔ 3 မွာ ၅.၅ လက္မ မ်က္ႏွာျပင္မ်ား ထည့္ထားပါတယ္။ မ်က္ႏွာျပင္ အရည္အေသြးမ်ားမွာ 1440x2960p နဲ႔ 1080x2160p မ်ား အသီးသီး ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အရွည္ ဒီဇိုင္းမ်ား ျဖစ္ၿပီး OLED အမ်ိဳးအစားမ်ား ျဖစ္ပါတယ္။ XL မွာသာ Notch ပါပါတယ္။ ဂူဂယ္လ္က Trend ျဖစ္ေနတဲ့ အေနာက္ ကင္မရာ ၂ လံုးတပ္စနစ္ကို မသံုးထားဘဲ 12.2MP ၁ လံုးသာ ဖုန္း ၂ လံုးစလံုးမွာ ထည့္ထားပါတယ္။ အေရွ႕ဘက္မွာ 8MP Camera ၂ လံုးစီပါၿပီး တစ္လံုးမွာ ျမင္ကြင္းက်ယ္ ျဖစ္ပါတယ္။

AI က ဖန္တီးေပးတဲ့ ကင္မရာ စြမ္းရည္မ်ား ပါပါတယ္။ Top Shot က Burst Shot မ်ားမွ အေကာင္းဆံုး ပံုကို ေရြးေပးပါတယ္။ Super Res Zoom က Optical Zoom မပါဘဲနဲ႔ေတာင္ ၾကည္လင္ျပတ္သားတဲ့ ပံုကို ဖန္တီးေပးဖို႔ AI နဲ႔ Multiple Frame မ်ားကို သံုးထားပါတယ္။ Photobooth က သင္ ျပံဳးျခင္း၊ မ်က္ႏွာေျပာင္ ျပဳလုပ္ျခင္းမ်ားကို အလိုအေလွ်ာက္ သိၿပီး ဓါတ္ပံု ရိုက္ေပးပါတယ္။ လမ္းေလွ်ာက္ျခင္း၊ ေျပးခုန္ျခင္းမ်ား ျပဳလုပ္တဲ့ အခါ မထစ္တဲ့ ဗီဒီယိုမ်ားကို ဖမ္းယူေပးတဲ့ Fused Video Stabilization ပါပါတယ္။ Flash မသံုးဘဲ အေသးစိတ္က်တဲ့ Low-light Photo မ်ားကို ဖမ္းယူဖို႔ AI ကို သံုးထားတဲ့ Night Sight ကို မၾကာခင္မွာ Software Update ျဖင့္ ထည့္သြင္းေပးမွာပါ။

ႀကိဳးမဲ့ အားသြင္း စနစ္ပါတဲ့ ပထမဆံုး Pixel Phone မ်ား ျဖစ္ၿပီး Pixel Stand Charging Stand ကို ၇၉ ေဒၚလာျဖင့္ သီးျခား၀ယ္ရမွာပါ။ ဖုန္းမ်ားမွာ Android 9 Pie , Fingerprint Scanner, IP68 နဲ႔ Snapdragon 845 ပါပါတယ္။ XL မွာ 3430mAh Battery နဲ႔ Pixel 3 မွာ 2915mAh Battery မ်ား ပါပါတယ္။ Just Black နဲ႔ Clearly White အျပင္ Not Pink အေရာင္ အသစ္ကိုေရြးခ်ယ္ႏုိင္ပါတယ္။

unicode

အလန်းစား ကင်မရာများနဲ့ ပွဲထွက်လာတဲ့ Google Pixel 3 နဲ့ 3 XL

Google က စွမ်းရည်မြင့် Google Pixel 3 နဲ့ 3 XL တို့ကို ကြေညာလိုက်ပါပြီ။ သူတို့ရဲ့ အဓိက အစိတ်အပိုင်းများမှာ အလန်းစား ကင်မရာများပါ။ အမေရိကန်မှာ Pixel 3 ရဲ့ 64GB ကို ၈၀၀ ဒေါ်လာနဲ့ XL ကို ၉၀၀ ဒေါ်လာသတ်မှတ်ထားပါတယ်။ 128GB အတွက် ဒေါ်လာ ၁၀၀ စီ ပိုကုန်မှာပါ။ RAM ကတော့ 4GB တစ်မျိုးသာရှိပါတယ်။

3 XL မှာ ၆.၃ လက်မ မျက်နှာပြင်နဲ့ 3 မှာ ၅.၅ လက်မ မျက်နှာပြင်များ ထည့်ထားပါတယ်။ မျက်နှာပြင် အရည်အသွေးများမှာ 1440x2960p နဲ့ 1080x2160p များ အသီးသီး ဖြစ်ပါတယ်။ မျက်နှာပြင် အရှည် ဒီဇိုင်းများ ဖြစ်ပြီး OLED အမျိုးအစားများ ဖြစ်ပါတယ်။ XL မှာသာ Notch ပါပါတယ်။ ဂူဂယ်လ်က Trend ဖြစ်နေတဲ့ အနောက် ကင်မရာ ၂ လုံးတပ်စနစ်ကို မသုံးထားဘဲ 12.2MP ၁ လုံးသာ ဖုန်း ၂ လုံးစလုံးမှာ ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera ၂ လုံးစီပါပြီး တစ်လုံးမှာ မြင်ကွင်းကျယ် ဖြစ်ပါတယ်။

AI က ဖန်တီးပေးတဲ့ ကင်မရာ စွမ်းရည်များ ပါပါတယ်။ Top Shot က Burst Shot များမှ အကောင်းဆုံး ပုံကို ရွေးပေးပါတယ်။ Super Res Zoom က Optical Zoom မပါဘဲနဲ့တောင် ကြည်လင်ပြတ်သားတဲ့ ပုံကို ဖန်တီးပေးဖို့ AI နဲ့ Multiple Frame များကို သုံးထားပါတယ်။ Photobooth က သင် ပြုံးခြင်း၊ မျက်နှာပြောင် ပြုလုပ်ခြင်းများကို အလိုအလျှောက် သိပြီး ဓါတ်ပုံ ရိုက်ပေးပါတယ်။ လမ်းလျှောက်ခြင်း၊ ပြေးခုန်ခြင်းများ ပြုလုပ်တဲ့ အခါ မထစ်တဲ့ ဗီဒီယိုများကို ဖမ်းယူပေးတဲ့ Fused Video Stabilization ပါပါတယ်။ Flash မသုံးဘဲ အသေးစိတ်ကျတဲ့ Low-light Photo များကို ဖမ်းယူဖို့ AI ကို သုံးထားတဲ့ Night Sight ကို မကြာခင်မှာ Software Update ဖြင့် ထည့်သွင်းပေးမှာပါ။

ကြိုးမဲ့ အားသွင်း စနစ်ပါတဲ့ ပထမဆုံး Pixel Phone များ ဖြစ်ပြီး Pixel Stand Charging Stand ကို ၇၉ ဒေါ်လာဖြင့် သီးခြားဝယ်ရမှာပါ။ ဖုန်းများမှာ Android 9 Pie , Fingerprint Scanner, IP68 နဲ့ Snapdragon 845 ပါပါတယ်။ XL မှာ 3430mAh Battery နဲ့ Pixel 3 မှာ 2915mAh Battery များ ပါပါတယ်။ Just Black နဲ့ Clearly White အပြင် Not Pink အရောင် အသစ်ကိုရွေးချယ်နိုင်ပါတယ်။

Leave a Reply