OnePlus 6T ကို ေအာက္တိုဘာလ ၃၀ ရက္ေန႔မွာ ေၾကညာမယ္လို႔ အတည္ျပဳ

0
1365

OnePlus က ယခုႏွစ္ အေစာပိုင္းမွာ ေၾကညာခဲ့တဲ့ OnePlus 6 ရဲ႕ မ်ိဳးဆက္သစ္ ျဖစ္တဲ့ 6T ကို နယူးေယာက္စီးတီးတြင္ ယခုလ ၃၀ ရက္ေန႔မွာ ေၾကညာမယ္လုိ႔ အတည္ျပဳလိုက္ပါတယ္။ OnePlus က “ Unlock the Speed “ Tagline ကို ယခင္က ေဖာ္ျပခဲ့ဖူးတဲ့အတြက္ သူ႔မွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါလာမွာ ေသခ်ာေနပါတယ္။

OnePlus 6T ရဲ႕ ဘူးခြံ ဓါတ္ပံုမ်ား တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ ထြက္ေပၚခဲ့ဖူးပါတယ္။ သူ႔မွာ အရြယ္ေသး Notch ပါလာမွာျဖစ္ပါတယ္။ OnePlus Phone မ်ားဟာ Oppo R Series မ်ားနဲ႔ တူညီၾကပါတယ္။ T Model မ်ားဟာ မ်ားေသာအားျဖင့္ သာမာန္ ေမာ္ဒယ္မ်ားထက္ အဆင့္ျမွင့္ထားမႈ အနည္းငယ္သာ ရွိတတ္ပါတယ္။

မၾကာခင္ကလည္း OnePlus 6T ကို EEC (Eurasian Economic Commission) မွာ မွတ္ပံုတင္လိုက္ပါတယ္။ မွတ္ပံုတင္ထားတဲ့ သတင္းအခ်က္အလက္မ်ား အရ သူ႔ရဲ႕ ေမာ္ဒယ္အမည္မွာ S6013 ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ Specs နဲ႔ Features မ်ားကိုေတာ့ မသိရေသးပါဘူး။

OnePlus Phone မ်ားဟာ Oppo R Series မ်ားကို အေျချပဳ ဖန္တီးထားတာ ျဖစ္ပါတယ္။ အဲဒီအတြက္ OnePlus 6T မွာ မၾကာခင္က ေၾကညာထားတဲ့ Oppo R17 Pro မွ အစိတ္အပိုင္းမ်ား၊ လုပ္ေဆာင္ခ်က္မ်ားနဲ႔ ဒီဇိုင္းကို သံုးထားႏုိင္ပါတယ္။

OnePlus 6T မွာ ကင္မရာ ၃ လံုး ပါလာႏုိင္ပါတယ္။ အေနာက္ဘက္မွာ ၂ လံုးနဲ႔ အေရွ႕ဘက္မွာ ၁ လံုး ျဖစ္မွာပါ။ Dash Charge က ပိုမို စြမ္းရည္ျမင့္မားလာမွာပါ။ Dash Charge ဟာ Oppo SuperVOOC နည္းပညာနဲ႔ ဆင္တူပါတယ္။ လက္ရွိမွာေတာ့ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ဒီေလာက္သာ သိရပါေသးတယ္။

unicode

OnePlus 6T ကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြု

OnePlus က ယခုနှစ် အစောပိုင်းမှာ ကြေညာခဲ့တဲ့ OnePlus 6 ရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ 6T ကို နယူးယောက်စီးတီးတွင် ယခုလ ၃၀ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ OnePlus က “ Unlock the Speed “ Tagline ကို ယခင်က ဖော်ပြခဲ့ဖူးတဲ့အတွက် သူ့မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာမှာ သေချာနေပါတယ်။

OnePlus 6T ရဲ့ ဘူးခွံ ဓါတ်ပုံများ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ထွက်ပေါ်ခဲ့ဖူးပါတယ်။ သူ့မှာ အရွယ်သေး Notch ပါလာမှာဖြစ်ပါတယ်။ OnePlus Phone များဟာ Oppo R Series များနဲ့ တူညီကြပါတယ်။ T Model များဟာ များသောအားဖြင့် သာမာန် မော်ဒယ်များထက် အဆင့်မြှင့်ထားမှု အနည်းငယ်သာ ရှိတတ်ပါတယ်။

မကြာခင်ကလည်း OnePlus 6T ကို EEC (Eurasian Economic Commission) မှာ မှတ်ပုံတင်လိုက်ပါတယ်။ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များ အရ သူ့ရဲ့ မော်ဒယ်အမည်မှာ S6013 ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Specs နဲ့ Features များကိုတော့ မသိရသေးပါဘူး။

OnePlus Phone များဟာ Oppo R Series များကို အခြေပြု ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် OnePlus 6T မှာ မကြာခင်က ကြေညာထားတဲ့ Oppo R17 Pro မှ အစိတ်အပိုင်းများ၊ လုပ်ဆောင်ချက်များနဲ့ ဒီဇိုင်းကို သုံးထားနိုင်ပါတယ်။

OnePlus 6T မှာ ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။ အနောက်ဘက်မှာ ၂ လုံးနဲ့ အရှေ့ဘက်မှာ ၁ လုံး ဖြစ်မှာပါ။ Dash Charge က ပိုမို စွမ်းရည်မြင့်မားလာမှာပါ။ Dash Charge ဟာ Oppo SuperVOOC နည်းပညာနဲ့ ဆင်တူပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ သတင်းအချက်အလက်များကို ဒီလောက်သာ သိရပါသေးတယ်။

Leave a Reply