Sony က Signature Series Headphone နဲ႔ Music Player ကို ျပသ

0
1510

ဆိုနီက Signature Series နားၾကပ္နဲ႔ ဒစ္ဂ်စ္တယ္ Music Player အသစ္မ်ားကို ျပသလိုက္ပါတယ္။ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလမွာ ေရာင္းခ်မွာပါ။ တန္ဖိုးႀကီး ေမာ္ဒယ္္မ်ား ျဖစ္တဲ့အတြက္ ေစ်းက မေသးပါဘူး။ IER-Z1R Signature Series နားၾကပ္ကို အေမရိကန္မွာ ၂၂၉၉.၉၉ ေဒၚလာနဲ႔ DMP-Z1 Signature Series Digital Music Player ကို ၈၄၉၉.၉၉ ေဒၚလာျဖင့္ ေရာင္းခ်ႏုိင္ပါတယ္။

ဆိုနီက ေရႊျဖင့္ အလွဆင္ထားတဲ့ DMP-Z1 Digital Music Player ကို ယခင္ႏွစ္ အေစာပိုင္းက ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ကို အေရွ႕ အာရွ ႏုိင္ငံမ်ားမွာသာ ေရာင္းခ်ေပးခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ အေမရိကန္မွာ ေရာင္းခ်ေပးေတာ့မွာပါ။ သီခ်င္းဖြင့္စက္ဟာ တည္ေဆာက္မႈ အရည္အေသြး ျမင့္မားသလို Audio Source မ်ားစြာကို ေထာက္ပံ့ပါတယ္။ အသံအရည္အေသြးကို ပိုေကာင္းေအာင္ ျမွင့္တင္ေပးပါတယ္။

သူ႔မွာ Asahi Kasei Microdevices AK4497EQ DAC Chip နဲ႔ Texas Instruments TPA6120A2 amp chip မ်ားပါတဲ့အတြက္ ၾကည္လင္ျပတ္သားၿပီး Noise နည္းပါးတဲ့ အသံအရည္အေသြးကို ထုတ္လုပ္ေပးႏုိင္ပါတယ္။

IER-Z1R နားၾကပ္အတြက္ မတူညီတဲ့ Ear Tip ေပါင္း ၁၃ ခုကို ထုတ္လုပ္ေပးထားတဲ့အတြက္ လူတိုင္းရဲ႕ နားနဲ႔ အဆင္ေျပပါတယ္။ သက္ေတာင့္သက္သာ ျဖစ္ေစတဲ့ Tip ၆ ခု ၊ Hybrid Ear Tip ၇ ခုမ်ား ပါ၀င္ပါတယ္။ နားၾကပ္က အလြန္ ျမင့္မားတဲ့ အသံအရည္အေသြးကို ထုတ္လုပ္ေပးပါတယ္။

unicode

Sony က Signature Series Headphone နဲ့ Music Player ကို ပြသ

ဆိုနီက Signature Series နားကြပ်နဲ့ ဒစ်ဂျစ်တယ် Music Player အသစ်များကို ပြသလိုက်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ရောင်းချမှာပါ။ တန်ဖိုးကြီး မော်ဒယ်များ ဖြစ်တဲ့အတွက် ဈေးက မသေးပါဘူး။ IER-Z1R Signature Series နားကြပ်ကို အမေရိကန်မှာ ၂၂၉၉.၉၉ ဒေါ်လာနဲ့ DMP-Z1 Signature Series Digital Music Player ကို ၈၄၉၉.၉၉ ဒေါ်လာဖြင့် ရောင်းချနိုင်ပါတယ်။

ဆိုနီက ရွှေဖြင့် အလှဆင်ထားတဲ့ DMP-Z1 Digital Music Player ကို ယခင်နှစ် အစောပိုင်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို အရှေ့ အာရှ နိုင်ငံများမှာသာ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အမေရိကန်မှာ ရောင်းချပေးတော့မှာပါ။ သီချင်းဖွင့်စက်ဟာ တည်ဆောက်မှု အရည်အသွေး မြင့်မားသလို Audio Source များစွာကို ထောက်ပံ့ပါတယ်။ အသံအရည်အသွေးကို ပိုကောင်းအောင် မြှင့်တင်ပေးပါတယ်။

သူ့မှာ Asahi Kasei Microdevices AK4497EQ DAC Chip နဲ့ Texas Instruments TPA6120A2 amp chip များပါတဲ့အတွက် ကြည်လင်ပြတ်သားပြီး Noise နည်းပါးတဲ့ အသံအရည်အသွေးကို ထုတ်လုပ်ပေးနိုင်ပါတယ်။

IER-Z1R နားကြပ်အတွက် မတူညီတဲ့ Ear Tip ပေါင်း ၁၃ ခုကို ထုတ်လုပ်ပေးထားတဲ့အတွက် လူတိုင်းရဲ့ နားနဲ့ အဆင်ပြေပါတယ်။ သက်တောင့်သက်သာ ဖြစ်စေတဲ့ Tip ၆ ခု ၊ Hybrid Ear Tip ၇ ခုများ ပါဝင်ပါတယ်။ နားကြပ်က အလွန် မြင့်မားတဲ့ အသံအရည်အသွေးကို ထုတ်လုပ်ပေးပါတယ်။

Leave a Reply