Rosso Red Pocophone F1 ကို အိႏၵိယမွာ ေရာင္းၿပီ

0
1322

ၿပီးခဲ့တဲ့ လက အိႏၵိယမွာ Pocophone F1 ကို စတင္ ေရာင္းခ်ေပးခဲ့ပါတယ္။ ဒါေပမယ့္ အနီေတာက္ေရာင္ Rosso Red Version ေတာ့ မပါ၀င္ခဲ့ဘဲ Steel Blue, Graphite Black နဲ႔ Special Armored Edition တို႔ကိုသာ ေရာင္းခ်ေပးခဲ့တာပါ။ အခုေတာ့ အနီေတာက္ေရာင္ကို ယခုလ ၁၁ ရက္ေန႔မွာ ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။ 6/64GB Model ကို ရူပီး ၂၁၀၀၀ သတ္မွတ္ထားပါတယ္။ Armored Model မွာေတာ့ 8/256GB ကိုသာ ေရြးခ်ယ္ႏုိင္ပါတယ္။ ေရွာင္မီရဲ႕ တရား၀င္ ၀က္ဘ္ဆိုက္နဲ႔ Flipkart ကေန ၀ယ္ယူႏုိင္ပါတယ္။

အျခား အစိတ္အပိုင္းမ်ားကေတာ့ မူလေမာ္ဒယ္မ်ားနဲ႔ တူညီၾကပါတယ္။ သူ႔မွာ စြမ္းရည္ျမင့္ Snapdragon 845 Chipset ထည့္သြင္းထားပါတယ္။ သူဟာ Snapdragon 845 ပါတဲ့ ေစ်းအေပါဆံုး ဖုန္း ျဖစ္ပါတယ္။ သူ႔မွာ ၆.၁၈ လက္မ LCD Full HD+ Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 18.7:9 ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ Physical Buttons မ်ား မပါပါဘူး။ Face Unlock အတြက္ အနီေအာက္ေရာင္ျခည္ Sensor ကို Notch မွာ ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ကို Gorilla Glass ျဖင့္ ကာကြယ္ထားပါတယ္။ Snapdragon 845 မွာ 2.8GHz Octa-Core CPU ပါပါတယ္။

အေနာက္ဘက္မွာ 12+5MP Dual Camera မ်ား ပါပါတယ္။ Selfie Camera အတြက္ 20MP ကို ထည့္ေပးထားပါတယ္။ Android Oreo အေျချပဳ MIUI 9.6 ထည့္ထားပါတယ္။ ဒါေပမယ့္ OS မွာ Poco Theme ကို သံုးထားပါတယ္။ Android Pie အေျချပဳ MIUI 10 ကို ရရွိမွာပါ။ Quick Charge 3.0 ပါတဲ့ 4000mAh Battery ထည့္သြင္းထားပါတယ္။ ဖုန္းကို အပူ မလြန္ကဲေစမယ့္ LiquidCool နည္းပညာ ပါပါတယ္။ အနက္၊ အျပာနဲ႔ အနီေရာင္မ်ား ထုတ္လုပ္ထားပါတယ္။

Ref : gsmarena

unicode

Rosso Red Pocophone F1 ကို အိန္ဒိယမှာ ရောင်းပြီ

ပြီးခဲ့တဲ့ လက အိန္ဒိယမှာ Pocophone F1 ကို စတင် ရောင်းချပေးခဲ့ပါတယ်။ ဒါပေမယ့် အနီတောက်ရောင် Rosso Red Version တော့ မပါဝင်ခဲ့ဘဲ Steel Blue, Graphite Black နဲ့ Special Armored Edition တို့ကိုသာ ရောင်းချပေးခဲ့တာပါ။ အခုတော့ အနီတောက်ရောင်ကို ယခုလ ၁၁ ရက်နေ့မှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ 6/64GB Model ကို ရူပီး ၂၁၀၀၀ သတ်မှတ်ထားပါတယ်။ Armored Model မှာတော့ 8/256GB ကိုသာ ရွေးချယ်နိုင်ပါတယ်။ ရှောင်မီရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ Flipkart ကနေ ဝယ်ယူနိုင်ပါတယ်။

အခြား အစိတ်အပိုင်းများကတော့ မူလမော်ဒယ်များနဲ့ တူညီကြပါတယ်။ သူ့မှာ စွမ်းရည်မြင့် Snapdragon 845 Chipset ထည့်သွင်းထားပါတယ်။ သူဟာ Snapdragon 845 ပါတဲ့ ဈေးအပေါဆုံး ဖုန်း ဖြစ်ပါတယ်။ သူ့မှာ ၆.၁၈ လက်မ LCD Full HD+ Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 18.7:9 ဖြစ်ပါတယ်။ အရှေ့ဘက်မှာ Physical Buttons များ မပါပါဘူး။ Face Unlock အတွက် အနီအောက်ရောင်ခြည် Sensor ကို Notch မှာ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။ Snapdragon 845 မှာ 2.8GHz Octa-Core CPU ပါပါတယ်။

အနောက်ဘက်မှာ 12+5MP Dual Camera များ ပါပါတယ်။ Selfie Camera အတွက် 20MP ကို ထည့်ပေးထားပါတယ်။ Android Oreo အခြေပြု MIUI 9.6 ထည့်ထားပါတယ်။ ဒါပေမယ့် OS မှာ Poco Theme ကို သုံးထားပါတယ်။ Android Pie အခြေပြု MIUI 10 ကို ရရှိမှာပါ။ Quick Charge 3.0 ပါတဲ့ 4000mAh Battery ထည့်သွင်းထားပါတယ်။ ဖုန်းကို အပူ မလွန်ကဲစေမယ့် LiquidCool နည်းပညာ ပါပါတယ်။ အနက်၊ အပြာနဲ့ အနီရောင်များ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena

Leave a Reply