Google Pixel 3 XL ရဲ့ Hands-on Video ထွက်လာ

0
672





unicode

Google Pixel 3 XL ရဲ့ Hands-on Video ထှကျလာ

Google က လာမယ့် အင်္ဂါနေ့မှာ Pixel 3 Series များကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း ဟောင်ကောင်မှ စတိုးဆိုင်တစ်ခုမှာ Pixel 3 XL ကို ရောင်းချနေပါတယ်။ Engadget က Pixel 3 XL ရဲ့ Hands-on Video ကို ပြသလိုက်ပါတယ်။

Engadget ရဲ့ အယ်ဒီတာ Richard Lai က ဟောင်ကောင် စတိုးကနေ အဲဒီ စမတ်ဖုန်းကို ရယူခဲ့ပြီး ဒါဟာ တကယ့် Pixel 3 XL ဖြစ်နိုင်ပါတယ်။ Screen , Color, Wireless Charging , Camera များ အပါအဝင် အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်များစွာ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။

Lai ရဲ့ Hands-on Video မှ ဖုန်းဟာ ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ ဓါတ်ပုံများနဲ့ ကိုက်ညီနေပါတယ်။ သူ့မှာ ၆.၃ လက်မ မျက်နှာပြင်၊ 128GB Storage များ ထည့်သွင်းထားပါတယ်။ Lai က တောက်ပတဲ့ နေရောင်အောက်မှာတောင် သူ့ရဲ့ စကရင်ဟာ ကြည့်လို့ ကောင်းတယ်လို့ ပြောပါတယ်။ ဗီဒီယိုမှာ Gesture များဖြင့် ဖုန်းကို အသုံးပြုနေတာကို မြင်ရပါတယ်။

သူ့မှာ Qualcomm Snapdragon 845 Chipset , 4GB RAM ထည့်သွင်းထားပြီး RAM ပိုများတဲ့ မော်ဒယ် ရှိနိုင်တယ်လို့ Lai က ပြောပါတယ်။ ဘက်ထရီက 3732mAh ဖြစ်ပါတယ်။ Engadget က ဖုန်းရဲ့ ကင်မရာကိုလည်း စမ်းသပ်ခဲ့ပါတယ်။ ပင်မ ကင်မရာဟာ 12.2MP ဖြစ်ပြီး အရှေ့ဘက်မှာ 8MP Camera ၂ လုံး ပါပါတယ်။

Leave a Reply