Android Oreo , 18:9 Display မ်ား ပါမယ့္ ZTE Blade Z Max မ်ိဳးဆက္သစ္

0
750

ZTE က ယခုႏွစ္ကုန္မွာ အန္းဒရြိဳက္ စမတ္ဖုန္း အသစ္တစ္လံုးကို အေမရိကန္မွာ ေရာင္းခ်ဖို႔ ျပင္ဆင္ေနပါတယ္။ AndroidHeadlines က အဲဒီ စမတ္ဖုန္းဟာ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လမွာ ေရာင္းခ်ခဲ့တဲ့ ZTE Blade Z Max ရဲ႕ မ်ိဳးဆက္သစ္ ျဖစ္ႏုိင္တယ္လို႔ ေရးသားထားပါတယ္။

သူ႔ရဲ႕ အမည္ အတိအက်ကိုေတာ့ မသိရေသးပါဘူး။ ေမာ္ဒယ္ အမည္က Z5151V ျဖစ္ၿပီး GSM နဲ႔ WCDMA ဆက္သြယ္မႈမ်ားကို အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ သူ႔မွာ Android 8.1 Oreo ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ Benchmark မ်ားဟာ ယခုႏွစ္ အေစာပိုင္းက ထြက္ေပၚခဲ့ဖူးပါတယ္။ ဒါေပမယ့္ ZTE က လြန္ခဲ့တဲ့ လအနည္းငယ္ အေမရိကန္ အာဏာပိုင္မ်ားရဲ႕ ပိတ္ပင္မႈမ်ားေၾကာင့္ သူ႔ကို ေရာင္းခ်ဖို႔ ေႏွာင့္ေႏွးေနခဲ့တာ ျဖစ္ႏုိင္ပါတယ္။

သူ႔မွာ HD+ Display ပါၿပီး Resolution မွာ 1440x720p ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးမွာ 18:9 ျဖစ္ပါတယ္။ Qualcomm ရဲ႕ Snapdragon 400 Series မ်ားထဲမွ Quad-core Chip ထည့္သြင္းထားႏိုင္ပါတယ္။ RAM က 2GB ျဖစ္ပါတယ္။

ZTE က အေမရိကန္မွာ သူ႔ကို ႏုိ၀င္ဘာလေလာက္မွာ ေရာင္းခ်မယ္လို႔ ထင္ရပါတယ္။ ZTE က အေမရိကန္မွာ ပိတ္ပင္မႈမ်ားကို ရင္ဆိုင္ေနရေပမယ့္ စမတ္ဖုန္းမ်ားကို ဆက္လက္ထုတ္လုပ္ေရာင္းခ်ခြင့္ ရွိေနပါေသးတယ္။

unicode

Android Oreo , 18:9 Display များ ပါမယ့် ZTE Blade Z Max မျိုးဆက်သစ်

ZTE က ယခုနှစ်ကုန်မှာ အန်းဒရွိုက် စမတ်ဖုန်း အသစ်တစ်လုံးကို အမေရိကန်မှာ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ AndroidHeadlines က အဲဒီ စမတ်ဖုန်းဟာ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ရောင်းချခဲ့တဲ့ ZTE Blade Z Max ရဲ့ မျိုးဆက်သစ် ဖြစ်နိုင်တယ်လို့ ရေးသားထားပါတယ်။

သူ့ရဲ့ အမည် အတိအကျကိုတော့ မသိရသေးပါဘူး။ မော်ဒယ် အမည်က Z5151V ဖြစ်ပြီး GSM နဲ့ WCDMA ဆက်သွယ်မှုများကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သူ့မှာ Android 8.1 Oreo ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ Benchmark များဟာ ယခုနှစ် အစောပိုင်းက ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ZTE က လွန်ခဲ့တဲ့ လအနည်းငယ် အမေရိကန် အာဏာပိုင်များရဲ့ ပိတ်ပင်မှုများကြောင့် သူ့ကို ရောင်းချဖို့ နှောင့်နှေးနေခဲ့တာ ဖြစ်နိုင်ပါတယ်။

သူ့မှာ HD+ Display ပါပြီး Resolution မှာ 1440x720p ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ Qualcomm ရဲ့ Snapdragon 400 Series များထဲမှ Quad-core Chip ထည့်သွင်းထားနိုင်ပါတယ်။ RAM က 2GB ဖြစ်ပါတယ်။

ZTE က အမေရိကန်မှာ သူ့ကို နိုဝင်ဘာလလောက်မှာ ရောင်းချမယ်လို့ ထင်ရပါတယ်။ ZTE က အမေရိကန်မှာ ပိတ်ပင်မှုများကို ရင်ဆိုင်နေရပေမယ့် စမတ်ဖုန်းများကို ဆက်လက်ထုတ်လုပ်ရောင်းချခွင့် ရှိနေပါသေးတယ်။

Leave a Reply