ယခင် Huawei Y9 ထက်ပိုမိုဆန်းသစ်တဲ့ Huawei Y9 (2019) ကိုစတင်ရောင်းချတော့မည်

0
1916

Huawei Y9(2018) စမတ်ဖုန်းဟာ Huawei ရဲ့ဈေးအသင့်အတင့်စမတ်ဖုန်းတွေထဲမှာတော့ ရောင်းအားကောင်း အောင်မြင်မှုရခဲ့တဲ့စမတ်ဖုန်းတစ်လုံးပါ။ ယခုဆိုရင် Huawei Y9 ရဲ့ဒုတိယမျိုးဆက်စမတ်ဖုန်းအဖြစ် Huawei Y9 (2019) ဟာ မြန်မာနိုင်ငံမှာမကြာခင်စတင်ရောင်းချတော့မှာပါ။ အသစ်ထွက် Huawei Y9 (2019) ကိုယခင် Y9 (2018) ထက် ပိုမိုကြီးမားဆန်းသစ်တဲ့ Display , ပိုကောင်းတဲ့ AI Camera စနစ်များ , ပိုကောင်းတဲ့ Processor အသစ်တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

အရောင်အနေနဲ့လည်း Huawei P20 စီးရီးစမတ်ဖုန်းတွေမှာမိတ်ဆက်ခဲ့တဲ့ အရောင်တွေထဲက ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါသေးတယ်။ အောက်တိုဘာလလယ်လောက်ဆို မြန်မာပြည်အနှံ့ကဖုန်းဆိုင်များမှာစတင်ဝယ်ယူရရှိနိုင်တော့မှာပါ။ ဒါကတော့ လတ်တလောသိရှိထားရသလောက်ဖြစ်ပြီး Huawei Y9 (2019) အကြောင်းအသေးစိတ် နှင့်သုံးသပ်ချက်များကို Myanmar Mobile App မှာ မကြာမှီထပ်မံတင်ပေးသွားပါဦးမယ်။

Leave a Reply