ဒီဇင္ဘာလမွာ ေတာင္ကိုရီးယားတြင္ 5G သံုးႏုိင္မည္

0
1533

ေတာင္ကိုရီးယားက 5G ၀န္ေဆာင္မႈမွာ အေမရိကန္ကို ေက်ာ္တက္ေတာ့မယ္လို႔ The Ministry of Science and Technology (MIC) က ေျပာပါတယ္။ ေတာင္ကိုရီးယားမွာ ဒီဇင္ဘာလတြင္ 5G ကို စီးပြားျဖစ္ ပံ့ပိုးေပးေတာ့မွာ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက Networking နည္းပညာမွာ ကမာၻ႕ ထိပ္တန္း ျဖစ္လာပါတယ္။ ဒါဟာ ကမာၻ႕ ထိပ္တန္း အီလက္ထေရာနစ္ ကုမၸဏီ ႏွစ္ခု ျဖစ္တဲ့ Samsung နဲ႔ LG တို႔ေၾကာင့္ ျဖစ္ပါတယ္။ လက္ရွိမွာလည္း ကမာၻမွာ အျမန္ဆံုး 4G LTE ကြန္ယက္ကို ပိုင္ဆိုင္ထားပါတယ္။ အခုလည္း စြမ္းရည္ျပည့္ 5G ကြန္ယက္ကို ပံ့ပိုးေပးတဲ့ ပထမဆံုး ႏုိင္ငံ ျဖစ္လာေတာ့မွာပါ။

Verizon က အေမရိကန္မွာ ၿပီးခဲ့တဲ့ လက 5G ၀န္ေဆာင္မႈကို စတင္ခဲ့ပါတယ္။ ဒါေပမယ့္ ဒါဟာ တကယ့္ 5G ကြန္ယက္ မဟုတ္ဘဲ ကန္႔သတ္မႈမ်ား ရွိေနပါတယ္။ ေနအိ္မ္သံုး 5G WiFi ကြန္ယက္ ျဖစ္ၿပီး ေနအိမ္ျပင္ပမွာ အသံုးျပဳလို႔ မရပါဘူး။ ဒါဟာ 5G ရဲ႕ အေစာပိုင္း အဆင့္သာ ရွိပါေသးတယ္။ မိုဘိုင္း ေအာ္ပေရတာမ်ားဟာ 4G ကြန္ယက္ကို မတည္ေဆာက္ႏုိင္ခင္မွာ HSPA+ , WiMax မ်ားကို စတင္ တည္ေဆာက္ေပးခဲ့သလိုမ်ိဳး ျဖစ္ပါတယ္။

အေမရိကန္ဟာ 5G ကြန္ယက္ကို အေစာဆံုး ပံ့ပိုးေပးဖို႔ ႀကိဳးုစားေနပါတယ္။ ဒါေပမယ့္ ေတာင္ကိုရီးယားနဲ႔ တရုတ္တို႔ဟာ အေမရိကန္ထက္ ေစာစီးသြားႏုိင္ပါတယ္။

unicode

ဒီဇင်ဘာလမှာ တောင်ကိုရီးယားတွင် 5G သုံးနိုင်မည်

တောင်ကိုရီးယားက 5G ဝန်ဆောင်မှုမှာ အမေရိကန်ကို ကျော်တက်တော့မယ်လို့ The Ministry of Science and Technology (MIC) က ပြောပါတယ်။ တောင်ကိုရီးယားမှာ ဒီဇင်ဘာလတွင် 5G ကို စီးပွားဖြစ် ပံ့ပိုးပေးတော့မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက Networking နည်းပညာမှာ ကမ္ဘာ့ ထိပ်တန်း ဖြစ်လာပါတယ်။ ဒါဟာ ကမ္ဘာ့ ထိပ်တန်း အီလက်ထရောနစ် ကုမ္ပဏီ နှစ်ခု ဖြစ်တဲ့ Samsung နဲ့ LG တို့ကြောင့် ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကမ္ဘာမှာ အမြန်ဆုံး 4G LTE ကွန်ယက်ကို ပိုင်ဆိုင်ထားပါတယ်။ အခုလည်း စွမ်းရည်ပြည့် 5G ကွန်ယက်ကို ပံ့ပိုးပေးတဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာတော့မှာပါ။

Verizon က အမေရိကန်မှာ ပြီးခဲ့တဲ့ လက 5G ဝန်ဆောင်မှုကို စတင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ တကယ့် 5G ကွန်ယက် မဟုတ်ဘဲ ကန့်သတ်မှုများ ရှိနေပါတယ်။ နေအိမ်သုံး 5G WiFi ကွန်ယက် ဖြစ်ပြီး နေအိမ်ပြင်ပမှာ အသုံးပြုလို့ မရပါဘူး။ ဒါဟာ 5G ရဲ့ အစောပိုင်း အဆင့်သာ ရှိပါသေးတယ်။ မိုဘိုင်း အော်ပရေတာများဟာ 4G ကွန်ယက်ကို မတည်ဆောက်နိုင်ခင်မှာ HSPA+ , WiMax များကို စတင် တည်ဆောက်ပေးခဲ့သလိုမျိုး ဖြစ်ပါတယ်။

အမေရိကန်ဟာ 5G ကွန်ယက်ကို အစောဆုံး ပံ့ပိုးပေးဖို့ ကြိုးုစားနေပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားနဲ့ တရုတ်တို့ဟာ အမေရိကန်ထက် စောစီးသွားနိုင်ပါတယ်။

Leave a Reply