Huawei Mate 20 နဲ႔ 20 Pro ရဲ႕ ေစ်းႏႈန္းမ်ားကို သိရၿပီ

0
1934

ဟြာေ၀းရဲ႕ မၾကာခင္ ေၾကညာမယ့္ Mate 20 နဲ႔ 20 Pro ရဲ႕ သတင္းအခ်က္အလက္မ်ားစြာ ေပါက္ၾကားထြက္ေပၚခဲ့ေပမယ့္ ေစ်းႏႈန္းကိုေတာ့ မသိရေသးပါဘူး။ အခုေတာ့ သူတို႔ရဲ႕ ေစ်းႏႈန္းမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ Mate 20 ရဲ႕ 128GB Model ကို ၈၀၆ ေဒၚလာ သတ္မွတ္ထားၿပီး အနက္၊ အျပာနဲ႔ မိုးျပာေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။ Storage ပိုမ်ားတဲ့ ေမာ္ဒယ္ရဲ႕ ေစ်းဟာ ေဒၚလာ ၈၅၀ နဲ႔ ၉၀၀ အၾကား ရွိႏုိင္ပါတယ္။

Mate 20 Pro ရဲ႕ 128GB Model ကို ၁၀၀၈ ေဒၚလာ သတ္မွတ္ထားၿပီး အျပာ၊ အနက္နဲ႔ မိုးျပာေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ အထက္ပါေစ်းႏႈန္းမ်ားဟာ ဆြစ္ဇာလန္မွာ ေရာင္းမယ့္ ေစ်းႏႈန္းမ်ား ျဖစ္ပါတယ္။ Huawei Mate 20 series ဖုန္းသစ္ေတြဟာ ေအာက္တိုဘာလ လယ္ေလာက္မွာ ထြက္လာေတာ့မွာပါ။ မထြက္မခ်င္း ေန႔စဥ္ထြက္ေနသမွ် သတင္းေတြအရ ဒီေန႔မွာလည္း Huawei Mate 20 series ဖုန္းေတြမွာ ပါဝင္လာမယ့္ သိုေလွာင္မႈပမာဏ TENAA မွာတက္လာခဲ့ဖူးပါတယ္။ RAM + storage space ပိုင္းအတြက္ Mate 20, Mate 20 Pro နဲ႔ Mate 20 Porsche Design ဖုန္းေတြမွာ 8GB RAM + 512GB ROM ပါေရြးခ်ယ္ ႏုိင္မယ္လို႔ သိရပါတယ္။

မၾကာခင္က ထြက္လာတဲ့ အခ်က္အလက္ေတြအရ Huawei Mate 20 (model no HMA-AL00, HMA-TL00) ကို4GB RAM မွာ 64/128/256GB ROM ၊ RAM 6GB မွာဆိုရင္ ROM 128/256/512GB နဲ႔ RAM 8GB အတြက္ဆိုရင္ ROM 128/256/512GB ဆိုၿပီး စာရင္းတင္ထားပါတယ္။

Huawei Mate 20 Pro ဗားရွင္းကိုေတာ့ ေမာ္ဒယ္နံပတ္ LYA-AL00, LYA-TL00, LYA-AL00P ေတြနဲ႔ျဖစ္ၿပီး 6GB RAM အတြက္ဆိုရင္ 256/512GB ROM ၊ 8GB RAM အတြက္ဆိုရင္ 128/256/512GB ROM ဆိုၿပီး စာရင္းတင္ထားပါတယ္။ Huawei Mate 20 Porsche Design (Everest) အတြက္ေတာ့ ေမာ္ဒယ္နံပတ္ EVR-AL00 နဲ႔ျဖစ္ၿပီး 4GB RAM မွာ 128/256GB ROM ၊ 6GB RAM အတြက္ဆိုရင္ 256/512GB ROM နဲ႔ 8GB RAM မွာ 128/256/512GB ROM ေတြနဲ႕႔ထြက္လာမယ္လို႔ စာရင္းမွာေတြ႕ရပါတယ္။ ဒီစမတ္ဖုန္းကို Huawei Mate 20 Max လို႔ အမည္ေပးလာႏိုင္ပါတယ္။

ဒီဖုန္းေတြနဲ႔ ပတ္သတ္လို႔ အျခားသိထားတဲ့ အခ်က္အလက္ေတြကေတာ့ Mate 20 Pro ဖုန္းဟာ ပထမဆုံးအေနနဲ႔ Huawei 8-core Kirin 980 ပရိုဆက္ဆာကို သုံးလာမယ့္ဖုန္း ျဖစ္ပါတယ္။ Mate 20 Pro ရဲ႕ကင္မရာပိုင္း မွာေတာ့ (40MP + 20MP + 8MP) သုံးလာမယ္လို႔ သိရပါတယ္။ Mate 20၊ Mate 20 Pro မွာ 40-watt charger ပါဝင္မွာျဖစ္ၿပီး ဘက္ထရီစြမ္းအားကေတာ 4200mAh ျဖစ္ဖို႔မ်ားပါတယ္။

unicode

Huawei Mate 20 နဲ့ 20 Pro ရဲ့ ဈေးနှုန်းများကို သိရပြီ

ဟွာဝေးရဲ့ မကြာခင် ကြေညာမယ့် Mate 20 နဲ့ 20 Pro ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်ခဲ့ပေမယ့် ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ အခုတော့ သူတို့ရဲ့ ဈေးနှုန်းများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Mate 20 ရဲ့ 128GB Model ကို ၈၀၆ ဒေါ်လာ သတ်မှတ်ထားပြီး အနက်၊ အပြာနဲ့ မိုးပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။ Storage ပိုများတဲ့ မော်ဒယ်ရဲ့ ဈေးဟာ ဒေါ်လာ ၈၅၀ နဲ့ ၉၀၀ အကြား ရှိနိုင်ပါတယ်။

Mate 20 Pro ရဲ့ 128GB Model ကို ၁၀၀၈ ဒေါ်လာ သတ်မှတ်ထားပြီး အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ရွေးချယ်နိုင်ပါတယ်။ အထက်ပါဈေးနှုန်းများဟာ ဆွစ်ဇာလန်မှာ ရောင်းမယ့် ဈေးနှုန်းများ ဖြစ်ပါတယ်။ Huawei Mate 20 series ဖုန်းသစ်တွေဟာ အောက်တိုဘာလ လယ်လောက်မှာ ထွက်လာတော့မှာပါ။ မထွက်မချင်း နေ့စဉ်ထွက်နေသမျှ သတင်းတွေအရ ဒီနေ့မှာလည်း Huawei Mate 20 series ဖုန်းတွေမှာ ပါဝင်လာမယ့် သိုလှောင်မှုပမာဏ TENAA မှာတက်လာခဲ့ဖူးပါတယ်။ RAM + storage space ပိုင်းအတွက် Mate 20, Mate 20 Pro နဲ့ Mate 20 Porsche Design ဖုန်းတွေမှာ 8GB RAM + 512GB ROM ပါရွေးချယ် နိုင်မယ်လို့ သိရပါတယ်။

မကြာခင်က ထွက်လာတဲ့ အချက်အလက်တွေအရ Huawei Mate 20 (model no HMA-AL00, HMA-TL00) ကို4GB RAM မှာ 64/128/256GB ROM ၊ RAM 6GB မှာဆိုရင် ROM 128/256/512GB နဲ့ RAM 8GB အတွက်ဆိုရင် ROM 128/256/512GB ဆိုပြီး စာရင်းတင်ထားပါတယ်။

Huawei Mate 20 Pro ဗားရှင်းကိုတော့ မော်ဒယ်နံပတ် LYA-AL00, LYA-TL00, LYA-AL00P တွေနဲ့ဖြစ်ပြီး 6GB RAM အတွက်ဆိုရင် 256/512GB ROM ၊ 8GB RAM အတွက်ဆိုရင် 128/256/512GB ROM ဆိုပြီး စာရင်းတင်ထားပါတယ်။ Huawei Mate 20 Porsche Design (Everest) အတွက်တော့ မော်ဒယ်နံပတ် EVR-AL00 နဲ့ဖြစ်ပြီး 4GB RAM မှာ 128/256GB ROM ၊ 6GB RAM အတွက်ဆိုရင် 256/512GB ROM နဲ့ 8GB RAM မှာ 128/256/512GB ROM တွေနဲ့ထွက်လာမယ်လို့ စာရင်းမှာတွေ့ရပါတယ်။ ဒီစမတ်ဖုန်းကို Huawei Mate 20 Max လို့ အမည်ပေးလာနိုင်ပါတယ်။

ဒီဖုန်းတွေနဲ့ ပတ်သတ်လို့ အခြားသိထားတဲ့ အချက်အလက်တွေကတော့ Mate 20 Pro ဖုန်းဟာ ပထမဆုံးအနေနဲ့ Huawei 8-core Kirin 980 ပရိုဆက်ဆာကို သုံးလာမယ့်ဖုန်း ဖြစ်ပါတယ်။ Mate 20 Pro ရဲ့ကင်မရာပိုင်း မှာတော့ (40MP + 20MP + 8MP) သုံးလာမယ်လို့ သိရပါတယ်။ Mate 20၊ Mate 20 Pro မှာ 40-watt charger ပါဝင်မှာဖြစ်ပြီး ဘက်ထရီစွမ်းအားကတော 4200mAh ဖြစ်ဖို့များပါတယ်။

Leave a Reply