ယခုလ ၉ ရက္ေန႔မွာ ႀကိဳတင္မွာယူႏုိင္မယ့္ Google Pixel 3

0
1692

Android Central က ယခုလ ၉ ရက္ေန႔မွာ Google က Pixel 3 နဲ႔ Pixel 3 XL Phone မ်ားကို ေၾကညာၿပီးေနာက္ ခ်က္ခ်င္းပဲ ႀကိဳတင္မွာယူခြင့္ျပဳေတာ့မယ္လို႔ ေျပာပါတယ္။ ဂူဂယ္လ္က သူ႔ထံ ေပးပို႔တဲ့ ပရိုမိုးရွင္း အီးေမးမွာ ဒီလို ေဖာ္ျပထားတာ ျဖစ္ပါတယ္။

အဲဒီ ဖုန္းမ်ားရဲ႕ ဓါတ္ပံုမ်ားနဲ႔ သတင္းမ်ားစြာလည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။ ေပါက္ၾကား ထြက္ေပၚဖူးတဲ့ 3 XL ဖုန္း စကရင္မွာ သူ႔ရဲ႕ သတင္းအခ်က္အလက္ အခ်ိဳ႕ကို ျပသထားပါတယ္။ သူ႔မွာ 4GB RAM , 64GB Storage မ်ား ပါလာမယ္လို႔ သိရၿပီး အမည္ေျပာင္မွာ Crosshatch ျဖစ္ပါတယ္။ သိရပါတယ္။ အရင္ကေတာ့ 128GB Storage ပါမယ္လို႔ သတင္းထြက္ထားပါတယ္။ အျခား သတင္းအခ်က္အလက္မ်ားကေတာ့ ယခင္သတင္းမ်ားနဲ႔ တူညီေနပါတယ္။

Google Pixel 3 ဟာပုံမွန္ မ်က္ႏွာျပင္မ်ိဳးနဲ႔ ျဖစ္ၿပီး Google Pixel 3XL မွာလူႀကိဳက္မ်ားေနတဲ့Notch နဲ႔ျဖစ္ပါတယ္။ စမတ္ဖုန္း၂မ်ိဳးလုံးရဲ႕ ေနာက္ေက်ာဘက္မွာ ကင္မရာတစ္လုံးသာ တပ္ဆင္ထားပါတယ္။ လက္ရွိအခ်ိန္မွာ စမတ္ဖုန္းထုတ္လုပ္သူေတြဟာ ေနာက္ဘက္မွာ ကင္မရာ၂လုံး၊ ၃လုံးတပ္ဆင္ထားတဲ့အခ်ိန္မွာGoogle အေနနဲ႔ ကင္မရာဒီဇုိင္းမေျပာင္းလဲတာကေတာ့ စိတ္ပ်က္စရာပါ။ Google Pixel 3 မွာ 145.6 x 68.2 x 7.9 mm အရြယ္အစားနဲ႔ျဖစ္ၿပီး 5.4 လက္မနဲ႔ 18:9 aspect ratio ျဖစ္ပါတယ္။ ကင္မရာေတြမွာ Proximity Sensor, LED Light ေတြသုံးထားပါလိမ့္မယ္။ အေရွ႕ဘက္မွာေတာ့ Dual ကင္မရာတပ္ဆင္ထားပါတယ္။ Google Pixel 3 ဟာ 4GB LPDDR4X RAM နဲ႔အတူ 128GB ROM အခ်က္အလက္သိုေလွာင္ႏိုင္စြမ္း ပါလာမယ့္ ဖုန္းျဖစ္ပါလိမ့္မယ္။

Google Pixel 3 XL မွာေတာ့ 158 x 76.76 x 7.9 mm အရြယ္အစားနဲ႔ 8.6mmအထူသာရွိမွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ 6.2 လက္မနဲ႔ ထိပ္ဘက္မွာ Notch နဲ႔ျဖစ္ၿပီး ၊ကင္မရာပိုင္းေတြမွာေတာ့ Google Pixel 3 နဲ႔တူညီပါတယ္။ စမတ္ဖုန္း ၂မ်ိဳးလုံးမွာ Android P နဲ႔အတူ Snapdragon 845 Octa core ပရိုဆက္ဆာသုံးထားမွာ ျဖစ္ပါတယ္။ Google အေနနဲ႔ Mid-Range အမ်ိဳးအစား Pixel စီးရီးစမတ္ဖုန္းကို ထုတ္ဖုိ႔ျပင္ဆင္လ်က္ရွိေနၿပီး အဲ့ဒီဖုန္းမွာ Snapdragon 710 ပရိုဆက္ဆာကို အသုံးျပဳလာမယ္လို႔ သိရပါတယ္။

unicode

ယခုလ ၉ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မယ့် Google Pixel 3

Android Central က ယခုလ ၉ ရက်နေ့မှာ Google က Pixel 3 နဲ့ Pixel 3 XL Phone များကို ကြေညာပြီးနောက် ချက်ချင်းပဲ ကြိုတင်မှာယူခွင့်ပြုတော့မယ်လို့ ပြောပါတယ်။ ဂူဂယ်လ်က သူ့ထံ ပေးပို့တဲ့ ပရိုမိုးရှင်း အီးမေးမှာ ဒီလို ဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီ ဖုန်းများရဲ့ ဓါတ်ပုံများနဲ့ သတင်းများစွာလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ ပေါက်ကြား ထွက်ပေါ်ဖူးတဲ့ 3 XL ဖုန်း စကရင်မှာ သူ့ရဲ့ သတင်းအချက်အလက် အချို့ကို ပြသထားပါတယ်။ သူ့မှာ 4GB RAM , 64GB Storage များ ပါလာမယ်လို့ သိရပြီး အမည်ပြောင်မှာ Crosshatch ဖြစ်ပါတယ်။ သိရပါတယ်။ အရင်ကတော့ 128GB Storage ပါမယ်လို့ သတင်းထွက်ထားပါတယ်။ အခြား သတင်းအချက်အလက်များကတော့ ယခင်သတင်းများနဲ့ တူညီနေပါတယ်။

Google Pixel 3 ဟာပုံမှန် မျက်နှာပြင်မျိုးနဲ့ ဖြစ်ပြီး Google Pixel 3XL မှာလူကြိုက်များနေတဲ့Notch နဲ့ဖြစ်ပါတယ်။ စမတ်ဖုန်း၂မျိုးလုံးရဲ့ နောက်ကျောဘက်မှာ ကင်မရာတစ်လုံးသာ တပ်ဆင်ထားပါတယ်။ လက်ရှိအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ နောက်ဘက်မှာ ကင်မရာ၂လုံး၊ ၃လုံးတပ်ဆင်ထားတဲ့အချိန်မှာGoogle အနေနဲ့ ကင်မရာဒီဇိုင်းမပြောင်းလဲတာကတော့ စိတ်ပျက်စရာပါ။ Google Pixel 3 မှာ 145.6 x 68.2 x 7.9 mm အရွယ်အစားနဲ့ဖြစ်ပြီး 5.4 လက်မနဲ့ 18:9 aspect ratio ဖြစ်ပါတယ်။ ကင်မရာတွေမှာ Proximity Sensor, LED Light တွေသုံးထားပါလိမ့်မယ်။ အရှေ့ဘက်မှာတော့ Dual ကင်မရာတပ်ဆင်ထားပါတယ်။ Google Pixel 3 ဟာ 4GB LPDDR4X RAM နဲ့အတူ 128GB ROM အချက်အလက်သိုလှောင်နိုင်စွမ်း ပါလာမယ့် ဖုန်းဖြစ်ပါလိမ့်မယ်။

Google Pixel 3 XL မှာတော့ 158 x 76.76 x 7.9 mm အရွယ်အစားနဲ့ 8.6mmအထူသာရှိမှာ ဖြစ်ပါတယ်။ မျက်နှာပြင် 6.2 လက်မနဲ့ ထိပ်ဘက်မှာ Notch နဲ့ဖြစ်ပြီး ၊ကင်မရာပိုင်းတွေမှာတော့ Google Pixel 3 နဲ့တူညီပါတယ်။ စမတ်ဖုန်း ၂မျိုးလုံးမှာ Android P နဲ့အတူ Snapdragon 845 Octa core ပရိုဆက်ဆာသုံးထားမှာ ဖြစ်ပါတယ်။ Google အနေနဲ့ Mid-Range အမျိုးအစား Pixel စီးရီးစမတ်ဖုန်းကို ထုတ်ဖို့ပြင်ဆင်လျက်ရှိနေပြီး အဲ့ဒီဖုန်းမှာ Snapdragon 710 ပရိုဆက်ဆာကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Leave a Reply