Gadget Trending





unicode

HMD က True Wireless Earbuds နဲ့ Pro Wireless Earphones များကို ပြသ

HMD က Nokia 7.1 နဲ့အတူ ကြိုးမဲ့ နားကြပ်များကို မိတ်ဆက်လိုက်ပါတယ်။ True Wireless Earbuds ဟာ သယ်ဆောင်ရ အလွန် လွယ်ကူအောင် ဖန်တီးထားပါတယ်။ ၅ ဂရမ်စီသာ အလေးချိန်ရှိပါတယ်။ ချွေးနဲ့ ရေစက်ရေပေါက်များ စိုတာကို ခံနိုင်ရည်ရှိပါတယ်။ သူ့ကို ထည့်သွင်းသယ်ဆောင်ရတဲ့ Case ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ Case က နားကြပ်ကို အားသွင်းပေးပါတယ်။ အားအပြည့်သွင်းထားရင် ၁၆ နာရီကြာ သီချင်းများ နားဆင်နိုင်ပါတယ်။

Pro Wireless Earphones မှာ သံလိုက်ပါပြီး အသုံးမပြုတဲ့ အချိန်မှာ သူတို့ ၂ ခုကို ပူးကပ်ထားနိုင်ပါတယ်။ ဒီလို ကပ်ထားရင် သူ့ကို ပါဝါ ပိတ်ထားမှာ ဖြစ်ပြီး ခွာလိုက်တာနဲ့ ပါဝါ ပြန်ဖွင့်ပေးမှာ ဖြစ်ပါတယ်။ အားအပြည့်သွင်းထားရင် ၁၀ နာရီကြာ အသုံးခံပါတယ်။

အဲဒီ ဘလူးတု နားကြပ်များကို Nokia 7.1 နဲ့ အတူ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ True Wireless Earbuds ကို ယူရို ၁၃၀ နဲ့ Pro Wireless Earphones ကို ယူရို ၇၀ သတ်မှတ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.