Samsung က ၈၅ လက္မ 8K TV ကို ေဒၚလာ ၁၅၀၀၀ ျဖင့္ ေရာင္းခ်

0
1129

Samsung က ၾသဂုတ္လမွာ သူ႔ရဲ႕ ပထမဆံုး 8K QLED TV ကို ျပသခဲ့ပါတယ္။ သူ႔ရဲ႕ အမည္မွာ Q900R ျဖစ္ၿပီး အခုေတာ့ သူ႔ကို ေဒၚလာ ၁၅၀၀၀ ျဖင့္ ေရာင္းခ်ေပးလိုက္ပါတယ္။ သူ႔ရဲ႕ ၆၅ ၊ ၇၅ နဲ႔ ၈၂ လက္မ ေမာ္ဒယ္မ်ားရဲ႕ ေစ်းႏႈန္းကို မသိရေသးပါဘူး။ ၈၅ လက္မ ေမာ္ဒယ္ကို ယခုလ ၂၈ ရက္ေန႔မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Samsung က “ 8K Content မ်ားရဲ႕ အေသးစိတ္က်မႈနဲ႔ ၾကည္လင္ျပတ္သားမႈကို ပိုမို ေကာင္းေစဖို႔ Quantum Processor 8K ကို 8K AI Upscaling လုပ္ေဆာင္ခ်က္မွာ သံုးထားပါတယ္။ “ လို႔ ေျပာပါတယ္။ ဒီေန႔ေခတ္ 4K Content မ်ားက ေကာင္းပါတယ္။ လက္ရွိမွာ 8K Content မ်ား သိပ္မရွိေသးပါဘူး။ အဲဒီအတြက္ 8K TV ဟာ လိုအပ္ခ်က္ တစ္ခုေတာ့ မဟုတ္ေသးပါဘူး။

အျခား Samsung QLED TV မ်ားမွာလို Q900R မွာ တီဗီရဲ႕ ေနာက္ခံ နံရံမွ ပံုရိပ္မ်ားကို စမတ္ဖုန္းကေန ဖမ္းယူၿပီး TV Display မွာ ျပသေပးတဲ့ Ambient Mode ပါလာပါတယ္။ ဒီ မုဒ္ကို သံုးရင္ တီီဗီဟာ ေဖာက္ထြင္းျမင္ရတဲ့ ပံုသ႑ာန္ ျဖစ္ေနမွာပါ။ ဒါ့အျပင္ တီဗီမွာ သင့္ စမတ္ဖုန္းမွ ဓါတ္ပံုမ်ားကို ျပသထားႏုိင္ပါတယ္။ ဒါ့အျပင္ SmartThings Gadgets မ်ားရဲ႕ သတင္းအခ်က္အလက္မ်ားကို တီဗီကေန ၾကည့္ရႈႏိုင္ပါတယ္။

Samsung QLED 4K TV မ်ားကို ၁၆၀၀ ကေန ၅၃၀၀ ေဒၚလာ အတြင္းမွာ ေရာင္းခ်ေပးထားပါတယ္။ သူတို႔မွာလည္း အထက္ပါ 8K TV ရဲ႕ လုပ္ေဆာင္ခ်က္မ်ားစြာ ပါပါတယ္။ 8K TV ကိုမွ လိုခ်င္ပါတယ္ဆိုရင္ ဆမ္ေဆာင္းက တစ္လလွ်င္ ၄၁၅.၇၀ ေဒၚလာျဖင့္ ၃၆ လ ေပးသြင္းႏုိင္မယ့္ အစီအစဥ္ကို ျပဳလုပ္ေပးထားပါတယ္။

unicode

Samsung က ၈၅ လက်မ 8K TV ကို ဒေါ်လာ ၁၅၀၀၀ ဖြင့် ရောင်းချ

Samsung က သြဂုတ်လမှာ သူ့ရဲ့ ပထမဆုံး 8K QLED TV ကို ပြသခဲ့ပါတယ်။ သူ့ရဲ့ အမည်မှာ Q900R ဖြစ်ပြီး အခုတော့ သူ့ကို ဒေါ်လာ ၁၅၀၀၀ ဖြင့် ရောင်းချပေးလိုက်ပါတယ်။ သူ့ရဲ့ ၆၅ ၊ ၇၅ နဲ့ ၈၂ လက်မ မော်ဒယ်များရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ ၈၅ လက်မ မော်ဒယ်ကို ယခုလ ၂၈ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Samsung က “ 8K Content များရဲ့ အသေးစိတ်ကျမှုနဲ့ ကြည်လင်ပြတ်သားမှုကို ပိုမို ကောင်းစေဖို့ Quantum Processor 8K ကို 8K AI Upscaling လုပ်ဆောင်ချက်မှာ သုံးထားပါတယ်။ “ လို့ ပြောပါတယ်။ ဒီနေ့ခေတ် 4K Content များက ကောင်းပါတယ်။ လက်ရှိမှာ 8K Content များ သိပ်မရှိသေးပါဘူး။ အဲဒီအတွက် 8K TV ဟာ လိုအပ်ချက် တစ်ခုတော့ မဟုတ်သေးပါဘူး။

အခြား Samsung QLED TV များမှာလို Q900R မှာ တီဗီရဲ့ နောက်ခံ နံရံမှ ပုံရိပ်များကို စမတ်ဖုန်းကနေ ဖမ်းယူပြီး TV Display မှာ ပြသပေးတဲ့ Ambient Mode ပါလာပါတယ်။ ဒီ မုဒ်ကို သုံးရင် တီဗီဟာ ဖောက်ထွင်းမြင်ရတဲ့ ပုံသဏ္ဍာန် ဖြစ်နေမှာပါ။ ဒါ့အပြင် တီဗီမှာ သင့် စမတ်ဖုန်းမှ ဓါတ်ပုံများကို ပြသထားနိုင်ပါတယ်။ ဒါ့အပြင် SmartThings Gadgets များရဲ့ သတင်းအချက်အလက်များကို တီဗီကနေ ကြည့်ရှုနိုင်ပါတယ်။

Samsung QLED 4K TV များကို ၁၆၀၀ ကနေ ၅၃၀၀ ဒေါ်လာ အတွင်းမှာ ရောင်းချပေးထားပါတယ်။ သူတို့မှာလည်း အထက်ပါ 8K TV ရဲ့ လုပ်ဆောင်ချက်များစွာ ပါပါတယ်။ 8K TV ကိုမှ လိုချင်ပါတယ်ဆိုရင် ဆမ်ဆောင်းက တစ်လလျှင် ၄၁၅.၇၀ ဒေါ်လာဖြင့် ၃၆ လ ပေးသွင်းနိုင်မယ့် အစီအစဉ်ကို ပြုလုပ်ပေးထားပါတယ်။

Leave a Reply