LG က Watch W7 Smartwatch ကို ေၾကညာ

0
752

ေခတ္မွီတဲ့ လုပ္ေဆာင္ခ်က္မ်ားပါတဲ့ စမတ္နာရီေတြကိုေရာ သမားရိုးက် နာရီဒီဇိုင္းကိုပါ ႏွစ္သက္သူမ်ားအတြက္ LG က Watch W7 ကို ဖန္တီးထားပါတယ္။ သူဟာ Hybrid Smartwatch လို႔ ဆိုႏုိင္ပါတယ္။ သူ႔မွာ Wear OS ေမာင္းႏွင္ထားပါတယ္။ ၁.၂ လက္မ LCD Touchscreen (360x360p) ထည့္သြင္းထားပါတယ္။ နာရီရဲ႕ အခ်ိဳ႕ အစိတ္အပိုင္းမ်ားကို ဆြစ္ဇာလန္ နာရီ ထုတ္လုပ္သူ Soprod SA နဲ႔ ပူးေပါင္း ဖန္တီးထားပါတယ္။

သူ႔မွာ Snapdragon 2100 Chip ေမာင္းႏွင္ထားပါတယ္။ 768MB RAM နဲ႔ 4GB Storage ထည့္သြင္းထားပါတယ္။ 240mAh Battery ထည့္သြင္းထားၿပီး စမတ္ လုပ္ေဆာင္ခ်က္မ်ားကို မသံုးဘဲ သာမာန္ နာရီလို သံုးရင္ ရက္ေပါင္း ၁၀၀ အသံုးခံပါတယ္။ စမတ္ လုပ္ေဆာင္ခ်က္မ်ားကို သံုးရင္ ၂ ရက္ေလာက္ အသံုးခံပါတယ္။

သူ႔ရဲ႕ ညာဘက္မွာ ခလုတ္ ႏွစ္ခု တပ္ဆင္ထားပါတယ္။ သူ႕မွာ Fitness Tracker စြမ္းရည္မ်ားေတာ့ မပါပါဘူး။ ႏွလံုးခုန္ႏႈန္း တုိင္းတာတဲ့ ကိရိယာ မထည့္ထားပါဘူး။ GPS နဲ႔ LTE တို႔ မပါရွိပါဘူး။ NFC မပါတဲ့အတြက္ Google Pay ကို သံုးလို႔လည္း မရပါဘူး။ သူ႔မွာ Compass, Altimeter နဲ႔ Barometer မ်ား ပါပါတယ္။

သူဟာ IP68 စံႏႈန္းရွိၿပီး စိတ္လႈပ္ရွားစရာ ေကာင္းတဲ့ လုပ္ေဆာင္ခ်က္မ်ား ပါပါတယ္။ ၂၂ မီလီမီတာ လက္ပတ္ကို အသံုးျပဳထားၿပီး လက္ပတ္ႀကိဳး လဲလွယ္ႏိုင္ပါတယ္။ သားေရ လက္ပတ္ႀကိဳးကေန သတၱဳ လက္ပတ္ႀကိဳးမ်ားအထိ LG က ေရြးခ်ယ္စရာ မ်ားစြာ ျပဳလုပ္ေပးထားပါတယ္။ အေမရိကန္မွာ ၄၅၀ ေဒၚလာ သတ္မွတ္ထားပါတယ္။ ေအာက္တိုဘာလ ၇ ရက္ေန႔မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

unicode

LG က Watch W7 Smartwatch ကို ကြေညာ

ခေတ်မှီတဲ့ လုပ်ဆောင်ချက်များပါတဲ့ စမတ်နာရီတွေကိုရော သမားရိုးကျ နာရီဒီဇိုင်းကိုပါ နှစ်သက်သူများအတွက် LG က Watch W7 ကို ဖန်တီးထားပါတယ်။ သူဟာ Hybrid Smartwatch လို့ ဆိုနိုင်ပါတယ်။ သူ့မှာ Wear OS မောင်းနှင်ထားပါတယ်။ ၁.၂ လက်မ LCD Touchscreen (360x360p) ထည့်သွင်းထားပါတယ်။ နာရီရဲ့ အချို့ အစိတ်အပိုင်းများကို ဆွစ်ဇာလန် နာရီ ထုတ်လုပ်သူ Soprod SA နဲ့ ပူးပေါင်း ဖန်တီးထားပါတယ်။

သူ့မှာ Snapdragon 2100 Chip မောင်းနှင်ထားပါတယ်။ 768MB RAM နဲ့ 4GB Storage ထည့်သွင်းထားပါတယ်။ 240mAh Battery ထည့်သွင်းထားပြီး စမတ် လုပ်ဆောင်ချက်များကို မသုံးဘဲ သာမာန် နာရီလို သုံးရင် ရက်ပေါင်း ၁၀၀ အသုံးခံပါတယ်။ စမတ် လုပ်ဆောင်ချက်များကို သုံးရင် ၂ ရက်လောက် အသုံးခံပါတယ်။

သူ့ရဲ့ ညာဘက်မှာ ခလုတ် နှစ်ခု တပ်ဆင်ထားပါတယ်။ သူ့မှာ Fitness Tracker စွမ်းရည်များတော့ မပါပါဘူး။ နှလုံးခုန်နှုန်း တိုင်းတာတဲ့ ကိရိယာ မထည့်ထားပါဘူး။ GPS နဲ့ LTE တို့ မပါရှိပါဘူး။ NFC မပါတဲ့အတွက် Google Pay ကို သုံးလို့လည်း မရပါဘူး။ သူ့မှာ Compass, Altimeter နဲ့ Barometer များ ပါပါတယ်။

သူဟာ IP68 စံနှုန်းရှိပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ လုပ်ဆောင်ချက်များ ပါပါတယ်။ ၂၂ မီလီမီတာ လက်ပတ်ကို အသုံးပြုထားပြီး လက်ပတ်ကြိုး လဲလှယ်နိုင်ပါတယ်။ သားရေ လက်ပတ်ကြိုးကနေ သတ္တု လက်ပတ်ကြိုးများအထိ LG က ရွေးချယ်စရာ များစွာ ပြုလုပ်ပေးထားပါတယ်။ အမေရိကန်မှာ ၄၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply