ေဒၚလာ ၅၀ ေအာက္သာ ရွိတဲ့ Amazon Fire TV Stick 4K

0
1462

Amazon က Fire TV Stick 4K ကို ေၾကညာလိုက္ပါတယ္။ သူဟာ အေမဇုန္ရဲ႕ နာမည္ေက်ာ္ Fire TV Stick ရဲ႕ မ်ိဳးဆက္သစ္ ျဖစ္ပါတယ္။ ေမာ္ဒယ္အသစ္ဟာ အရြယ္အစား ပိုမို က်စ္လစ္လာၿပီး စြမ္းရည္ ပိုျမင့္လာပါတယ္။ သူဟာ 4K ကို ေထာက္ပံ့လာပါတယ္။ ဒါ့အျပင္ HDR-10, HDR-10+, HLG, Dolby Vision အပါအ၀င္ HDR စံႏႈန္း အားလံုးကို ေထာက္ပံ့ထားပါတယ္။ Dolby Atmos ကို အသံစနစ္မွာ ထည့္သြင္းထားပါတယ္။

Quad-Core CPU အသစ္နဲ႔ ပိုျမန္တဲ့ 802.11ac Wireless ဆက္သြယ္မႈ ထည့္သြင္းထားပါတယ္။ သူနဲ႔ တြဲဖက္ သံုးႏုိင္မယ့္ Alexa Voice Remote ကိုလည္း ထုတ္လုပ္ထားပါတယ္။ Alexa Digital Assistant ပါတဲ့အတြက္ ပါးစပ္ကေန ေျပာလိုက္တာနဲ႔ ရုပ္ရွင္၊ ဗီဒီယို၊ တီဗီစီးရီးမ်ား ရွာျခင္း၊ ဖြင့္ျခင္းမ်ား ျပဳလုပ္ႏိုင္ပါတယ္။ Remote ကို သီးျခား ၀ယ္ယူရမွာ ျဖစ္ပါတယ္။ သူဟာ Fire TV အေဟာင္းမ်ားနဲ႔လည္း တြဲဖက္ အလုပ္လုပ္ပါတယ္။

Fire TV Stick 4K ကုိ ၄၉.၉၉ ေဒၚလာ သတ္မွတ္ထားၿပီး ယခုလ ၃၁ ရက္ေန႔မွာ အေမရိကန္နဲ႔ ေအာက္တိုဘာလမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ဂ်ပန္မွာ ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ေပမယ့္ ေနာက္ႏွစ္က်မွသာ ပို႔ေဆာင္ေပးမွာ ျဖစ္ပါတယ္။ Alexa Voice Remote ကို ၂၉.၉၉ ေဒၚလာျဖင့္ သီးျခား ၀ယ္ယူရမွာ ျဖစ္ပါတယ္။

unicode

ဒေါ်လာ ၅၀ အောက်သာ ရှိတဲ့ Amazon Fire TV Stick 4K

Amazon က Fire TV Stick 4K ကို ကြေညာလိုက်ပါတယ်။ သူဟာ အမေဇုန်ရဲ့ နာမည်ကျော် Fire TV Stick ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ မော်ဒယ်အသစ်ဟာ အရွယ်အစား ပိုမို ကျစ်လစ်လာပြီး စွမ်းရည် ပိုမြင့်လာပါတယ်။ သူဟာ 4K ကို ထောက်ပံ့လာပါတယ်။ ဒါ့အပြင် HDR-10, HDR-10+, HLG, Dolby Vision အပါအဝင် HDR စံနှုန်း အားလုံးကို ထောက်ပံ့ထားပါတယ်။ Dolby Atmos ကို အသံစနစ်မှာ ထည့်သွင်းထားပါတယ်။

Quad-Core CPU အသစ်နဲ့ ပိုမြန်တဲ့ 802.11ac Wireless ဆက်သွယ်မှု ထည့်သွင်းထားပါတယ်။ သူနဲ့ တွဲဖက် သုံးနိုင်မယ့် Alexa Voice Remote ကိုလည်း ထုတ်လုပ်ထားပါတယ်။ Alexa Digital Assistant ပါတဲ့အတွက် ပါးစပ်ကနေ ပြောလိုက်တာနဲ့ ရုပ်ရှင်၊ ဗီဒီယို၊ တီဗီစီးရီးများ ရှာခြင်း၊ ဖွင့်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ Remote ကို သီးခြား ဝယ်ယူရမှာ ဖြစ်ပါတယ်။ သူဟာ Fire TV အဟောင်းများနဲ့လည်း တွဲဖက် အလုပ်လုပ်ပါတယ်။

Fire TV Stick 4K ကို ၄၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ယခုလ ၃၁ ရက်နေ့မှာ အမေရိကန်နဲ့ အောက်တိုဘာလမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ဂျပန်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပေမယ့် နောက်နှစ်ကျမှသာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Alexa Voice Remote ကို ၂၉.၉၉ ဒေါ်လာဖြင့် သီးခြား ဝယ်ယူရမှာ ဖြစ်ပါတယ်။

Leave a Reply