NDROID 9 PIE နဲ႔ GPU TURBO 2.0 UPDATE ရၿပီျဖစ္တဲ့ HONOR VIEW 10

0
1672

Honor View 10 စမတ္ဖုန္းေတြအတြက္ Android 9 Pie update ကိုစတင္ေပးေနပါၿပီ။ ဒီေန႔မွာေတာ့ ဥေရာပေစ်းကြက္အတြက္ ျဖန္႔ခ်ိထားတဲ့ VIEW 10 ဖုန္းေတြအတြက္  EMUI 9.0 update နဲ႔အတူ Android 9 Pie ကို ထည့္ေပးလုိက္ၿပီ ျဖစ္ပါတယ္။ Honor View 10 ဖုန္း BKL-L09 ေတြမွာသာႏိုင္အုံးမွာျဖစ္ၿပီး build no ကေတာ့ 9.0.0.108 ျဖစ္ရပါမယ္။ အသစ္ထည့္ေပးလိုက္တဲ့ update မွာ GPU Turbo 2.0 နည္းပညာကိုပါ အဆင့္ျမင့္တင္ေပးလိုက္ပါတယ္။

Update အသစ္မွာ ဂိမ္းပိုင္းတင္မကဘဲ အျခားေျပာင္းလဲမႈေတြ ပါဝင္လာခဲ့ပါတယ္။ ဂိမ္းကစားတဲ့ အခါပိုမိုျမန္ဆန္သြက္လက္လာၿပီး၊ ဂိမ္းေတြကို လြယ္ကူစြာ ကစားႏုိင္ဖုိ႔ Game Suite app ပါထပ္ေပါင္းထည့္ ေပးထားပါတယ္။ GPU Turbo နည္းပညာက Graphic ရဲ႕စြမ္းေဆာင္ရည္ကို ၆၀% ေလာက္ပိုတက္လာေစတဲ့အျပင္ အားကုန္မႈကိုလည္း ၃၀% ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ ဒါေတြအျပင္ AR/VR နဲ႔ EMUI ရဲ႕ စြမ္းေဆာင္ရည္ေတြကိုလည္း ပိုျမွင့္ေပးႏုိင္မွာပါ။

GPU Turbo updates ကိုေပးထားတဲ့  အျခားဖုန္းေတြအေနနဲ႔ စက္တင္ဘာလမွာေတာ့ Mate 9 စီးရီးဖုန္းေတြကို ေပးခဲ့ပါတယ္။ ေအာက္တိုဘာလမွာေတာ့  P10 စီရီးဖုန္းေတြနဲ႔အတူ  Glory 9၊ Glory V9 ဖုန္းေတြမွာ ရရွိႏုိင္မွာျဖစ္ၿပီး VIEW 10 ဖုန္းပါ ပါဝင္လာတာပါ။ ႏိုဝင္ဘာလေနာက္ပိုင္းမွာလည္း အျခားေမာ္ဒယ္ျမင့္ Huawei ဖုန္းေတြအတြက္ Update ထပ္မံေပးသြားအုံးမွာ ျဖစ္တယ္လို႔ဆိုပါတယ္။

unicode

Honor View 10 စမတ်ဖုန်းတွေအတွက် Android 9 Pie update ကိုစတင်ပေးနေပါပြီ။ ဒီနေ့မှာတော့ ဥရောပဈေးကွက်အတွက် ဖြန့်ချိထားတဲ့ VIEW 10 ဖုန်းတွေအတွက်  EMUI 9.0 update နဲ့အတူ Android 9 Pie ကို ထည့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Honor View 10 ဖုန်း BKL-L09 တွေမှာသာနိုင်အုံးမှာဖြစ်ပြီး build no ကတော့ 9.0.0.108 ဖြစ်ရပါမယ်။ အသစ်ထည့်ပေးလိုက်တဲ့ update မှာ GPU Turbo 2.0 နည်းပညာကိုပါ အဆင့်မြင့်တင်ပေးလိုက်ပါတယ်။

Update အသစ်မှာ ဂိမ်းပိုင်းတင်မကဘဲ အခြားပြောင်းလဲမှုတွေ ပါဝင်လာခဲ့ပါတယ်။ ဂိမ်းကစားတဲ့ အခါပိုမိုမြန်ဆန်သွက်လက်လာပြီး၊ ဂိမ်းတွေကို လွယ်ကူစွာ ကစားနိုင်ဖို့ Game Suite app ပါထပ်ပေါင်းထည့် ပေးထားပါတယ်။ GPU Turbo နည်းပညာက Graphic ရဲ့စွမ်းဆောင်ရည်ကို ၆၀% လောက်ပိုတက်လာစေတဲ့အပြင် အားကုန်မှုကိုလည်း ၃၀% လျှော့ချပေးနိုင်ပါတယ်။ ဒါတွေအပြင် AR/VR နဲ့ EMUI ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပိုမြှင့်ပေးနိုင်မှာပါ။

GPU Turbo updates ကိုပေးထားတဲ့  အခြားဖုန်းတွေအနေနဲ့ စက်တင်ဘာလမှာတော့ Mate 9 စီးရီးဖုန်းတွေကို ပေးခဲ့ပါတယ်။ အောက်တိုဘာလမှာတော့  P10 စီရီးဖုန်းတွေနဲ့အတူ  Glory 9၊ Glory V9 ဖုန်းတွေမှာ ရရှိနိုင်မှာဖြစ်ပြီး VIEW 10 ဖုန်းပါ ပါဝင်လာတာပါ။ နိုဝင်ဘာလနောက်ပိုင်းမှာလည်း အခြားမော်ဒယ်မြင့် Huawei ဖုန်းတွေအတွက် Update ထပ်မံပေးသွားအုံးမှာ ဖြစ်တယ်လို့ဆိုပါတယ်။

Leave a Reply