GLOBAL ေစ်းကြက္အတြက္ FCC ကအသိအမွတ္ျပဳရရွိၿပီ ျဖစ္တဲ့ NOKIA 7.1 PLUS

0
1358

HMD Global အေနနဲ႔ NOKIA 7.1 PLUS ဖုန္းကို ေအာက္တုိဘာ ၄ရက္ေနမွာ မိတ္ဆက္လာဖို႔ ေသခ်ာေနပါၿပီ။ မတူညီတဲ့ဗားရွင္း ၂မ်ိဳးနဲ႔ ေရာင္းခ်လာမယ့္ NOKIA 7.1 PLUS ဖုန္းဟာ အခုေတာ့ GLOBAL ေစ်းကြက္ မွာေရာင္းခ်ႏုိင္ဖုိ႔အတြက္ ျပည္ေထာင္စုအစိုးရ ဆက္သြယ္ေရးေကာ္မရွင္(FCC) ရဲ႕အသိအမွတ္ျပဳမႈကို ရရွိခဲ့ၿပီ ျဖစ္ပါတယ္။ ဖုန္းသစ္ရဲ႕ ဗားရွင္း ၂မ်ိဳးကေတာ့ Nokia TA-1113 နဲ႔ Nokia TA-1115 တို႔ျဖစ္ၿပီး single နဲ႔ dual SIM ဆိုၿပီး ထြက္လာမွာပါ။

FCC ရဲ႕စာရင္းမွာေတာ့ ဖုန္းေတြမွာ 3,400mAh ဘက္ထရီစြမ္းအားနဲ႔ ျဖစ္ၿပီး 5V/2A charger နဲ႔အတူ headphones ပါဝင္လာမွာ ျဖစ္ပါတယ္။ Nokia ရဲ႕ ဖုန္းသစ္ဟာ TA-1113 ဆိုတဲ့ ေမာ္ဒယ္နံပါတ္နဲ႔ TENAA မွာလည္း ထြက္ရွိဘူးထားၿပီး အဲ့ဒီမွာေတာ့ အဓိကအခ်က္ေတြကို ျပသထားပါတယ္။ သူ႕မွာ 2.2 GHz CPU နဲ႔ျဖစ္ၿပီး Snapdragon 710 chipset ျဖစ္လာမယ္လို႔ သိရပါတယ္။

ကင္မရာပိုင္းအတြက္ေနာက္ေက်ာဘက္မွာ 12 MP + 13 MP dual တပ္ဆင္လာမွာပါ။ အေရွ႕ဘက္ Selfie အတြက္ေတာ့  20MP လို႔ေရးထားၿပီး ဘက္ထရီကေတာ့  3,400mAh နဲ႔ျဖစ္ပါတယ္။ ဒီဖုန္းကို လာမယ့္ ၄ရက္ေန႔မွာမိတ္ဆက္သြားမယ္ဆိုတာက လြဲၿပီးေစ်းႏႈန္းနဲ႔ အျခားအခ်က္အလက္ေတြ အျပည့္အစုံမသိရေသးပါဘူး။ Android One ဖုန္းလည္း ျဖစ္ႏုိင္ၿပီး လန္ဒန္မွာမိတ္ဆက္တဲ့ အခ်ိန္မွာေတာ့ ပိုမိုတိက်စြာ သိရမွာပါ။

unicode

HMD Global အနေနဲ့ NOKIA 7.1 PLUS ဖုန်းကို အောက်တိုဘာ ၄ရက်နေမှာ မိတ်ဆက်လာဖို့ သေချာနေပါပြီ။ မတူညီတဲ့ဗားရှင်း ၂မျိုးနဲ့ ရောင်းချလာမယ့် NOKIA 7.1 PLUS ဖုန်းဟာ အခုတော့ GLOBAL ဈေးကွက် မှာရောင်းချနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရ ဆက်သွယ်ရေးကော်မရှင်(FCC) ရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဖုန်းသစ်ရဲ့ ဗားရှင်း ၂မျိုးကတော့ Nokia TA-1113 နဲ့ Nokia TA-1115 တို့ဖြစ်ပြီး single နဲ့ dual SIM ဆိုပြီး ထွက်လာမှာပါ။

FCC ရဲ့စာရင်းမှာတော့ ဖုန်းတွေမှာ 3,400mAh ဘက်ထရီစွမ်းအားနဲ့ ဖြစ်ပြီး 5V/2A charger နဲ့အတူ headphones ပါဝင်လာမှာ ဖြစ်ပါတယ်။ Nokia ရဲ့ ဖုန်းသစ်ဟာ TA-1113 ဆိုတဲ့ မော်ဒယ်နံပါတ်နဲ့ TENAA မှာလည်း ထွက်ရှိဘူးထားပြီး အဲ့ဒီမှာတော့ အဓိကအချက်တွေကို ပြသထားပါတယ်။ သူ့မှာ 2.2 GHz CPU နဲ့ဖြစ်ပြီး Snapdragon 710 chipset ဖြစ်လာမယ်လို့ သိရပါတယ်။

ကင်မရာပိုင်းအတွက်နောက်ကျောဘက်မှာ 12 MP + 13 MP dual တပ်ဆင်လာမှာပါ။ အရှေ့ဘက် Selfie အတွက်တော့  20MP လို့ရေးထားပြီး ဘက်ထရီကတော့  3,400mAh နဲ့ဖြစ်ပါတယ်။ ဒီဖုန်းကို လာမယ့် ၄ရက်နေ့မှာမိတ်ဆက်သွားမယ်ဆိုတာက လွဲပြီးဈေးနှုန်းနဲ့ အခြားအချက်အလက်တွေ အပြည့်အစုံမသိရသေးပါဘူး။ Android One ဖုန်းလည်း ဖြစ်နိုင်ပြီး လန်ဒန်မှာမိတ်ဆက်တဲ့ အချိန်မှာတော့ ပိုမိုတိကျစွာ သိရမှာပါ။

Leave a Reply