Xiaomi ရဲ့ Mi 8 Pro ကို နိုင်ငံတကာဈေးကွက်မှာ ရရှိနိုင်တော့မည်
0
956
Zawgyi version
Unicode version
သိပ်မကြာသေးခင်ကပဲ Xiaomi က Mi 8 Pro ကိုမိတ်ဆက်ခဲ့ပါတယ်။ သူ့ကိုတော့ မကြာခင်မှာပဲ နိုင်ငံတကာဈေးကွက်မှာ ဖြန့်ချီတော့မှာပဲ ဖြစ်ပါတယ်။ ဘယ်ဈေးကွက်တွေမှာ အရင်ဖြန့်ချီမှာနဲ့ ဘယ်ရက်မှာဖြန့်ချီမယ်ဆိုတာကိုတော့ အတိအကျမသိသေးပါဘူး။
ဥရောပမှာတော့ စပိန်၊ အီတလီနဲ့ ပြင်သစ်မှာ ဖြန့်ချီဖို့များပါတယ်။ အိန္ဒိယနဲ့ ဖိလစ်ပိုင်တွေမှာလဲ ဖြန့်ချီမှာ ဖြစ်ပါတယ်။
Mi 8 Pro ကတော့ မျက်နှာပြင် ၆.၂ လက်မရှိပြီး OLED display ကိုအသုံးပြုထားပါတယ်။ notch လေးလဲပါဝင်ပါသေးတယ်။ သုံးထားတဲ့ chipset ကတော့ Performance ကောင်းမွန်တဲ့ Snapdragon 845 ကိုအသုံးပြုထားပါတယ်။ RAM ကတော့ 6GB or 8GB နဲ့လာမှာဖြစ်ပါတယ်။ internal storage ကတော့ 128GB ပဲဖြစ်ပါတယ်။ microSD ကဒ်လဲ ထပ်စိုက်ပြီး အသုံးပြုနိုင်ပါတယ်။
ဘက်ထရီပိုင်းကြီးကတော့ တော်တော်အားမရပါဘူး။ 3,000mAh ပဲပါဝင်ပါတယ်။ MIUI 10 ကိုမှ Android 8.1 Oreo ပေါ်မှာ run မှာပဲဖြစ်ပါတယ်။
Leave a Reply