Samsung Galaxy J8 ကို US မှာရနိင်တော့မည်

0
313

Zawgyi version




Unicode version

Samsung ကတော့ သူ့ရဲ့ J-series ဖြစ်တဲ့ Galaxy J8 ကို ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ US မှာ အာမခံစနစ်နဲ့ ဝယ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။ US retailer ဖြစ်တဲ့ B&H ကတော့ Samsung Galaxy J8 ကို အာမခံ ၁ နှစ်နဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်။ သူ့ကိုတော့ $279.99 နဲ့ ရောင်းချမှာပဲဖြစ်ပါတယ်။

သူကတော့ ၆လက်မမျက်နှာပြင်ကိုမှ Super AMOLED display ကိုအသုံးပြထားပြီး 720 x 1480 pixels ရှိပါတယ်။ ဘေးဘောင်တွေကိုလဲ ကျဉ်းအောင် လုပ်ပေးထားပါတယ်။ သူ့ကိုတော့ octa-core Qualcomm Snapdragon 450 processor ကိုအသုံးပြုထားပါတယ်။ RAM ကတော့ 3 GB နဲ့ storage က 32 GB ဆိုပြီး ထုတ်လုပ်ထားပါတယ်။ ကင်မရာပိုင်းကိုပြောရမယ်ဆိုရင်တော့ ဖုန်းရဲ့ ကျောဘက်ကင်မရာ ၂ လုံးက 16 MP + 5 MP ရှိပါတယ်။ fingerprint scanner ပါဝင်ပြီးတော့ ဆင်းမ်ကဒ်လဲ ၂ ကဒ်အသုံးပြုနိုင်ပါတယ်။ ဘက်ထရီကတော့ 3500 mAh ပါဝင်ပါတယ်။ Android 8 Oreo ပေါ်မှာ run မှာပဲဖြစ်ပါတယ်။

Galaxy J7 (2018) ကိုတော့ $249 နဲ့ ရောင်းချပြီးတော့ နောက်ထွက်တဲ့ စွမ်းဆောင်ရည်ပိုမြင့်တဲ့ Samsung Galaxy J8 ကိုတော့ $279 နဲ့ရောင်းချပေးမှာပဲ ဖြစ်ပါတယ်။

Leave a Reply