အေနာက္ ကင္မရာ ၄ လံုးပါမယ့္ Lenovo Z5 Pro

0
1332

Lenovo ရဲ႕ ဒုတိယ ဥကၠဌျဖစ္သူက Notch မပါဘဲ All-Screen ပါမယ့္ Z5 Pro အေၾကာင္းကို အရိပ္အျမြက္ ေျပာျပခဲ့ဖူးပါတယ္။ အခုေတာ့ ဖုန္းရဲ႕ Teaser Image မွာ အေနာက္ကင္မရာ ၄ လံုးပံုကို ျပသထားပါတယ္။

ကင္မရာမ်ားကို ေလးေထာင့္ေဘာင္ထဲမွာ ထည့္ထားပါတယ္။ ဒါဟာ ေနာက္ထုတ္မယ့္ Huawei Mate 20 နဲ႔ ဆင္တူပါတယ္။ ဒါေပမယ့္ ကြဲျပားတာက လီႏိုဗိုက ကင္မရာမ်ားကို ေထာင့္ေလးဖက္မွာ တပ္ဆင္ထားတာ ျဖစ္ပါတယ္။ LED Flash ကုိ ကင္မရာမ်ားရဲ႕ အလယ္မွာ ထည့္သြင္းထားပါတယ္။ Mate 20 ရဲ႕ Flash ကိုေတာ့ ဘယ္ဘက္ အေပၚေထာင့္မွာ တပ္ဆင္ထားတာ ျဖစ္ပါတယ္။

ဓါတ္ပံုရဲ႕ ေအာက္ေျခမွာ “ AI 4 Shots “ လို႔ အဓိပၸါယ္ရတဲ့ စာသားကို တရုတ္ ဘာသာစကားျဖင့္ ေရးသားထားပါတယ္။ သူ႔ကို ေအာက္တိုဘာလမွာ ေၾကညာမွာ ျဖစ္ပါတယ္။ ဟြာေ၀း အျပင္ LG ကလည္း V40 ThinQ ရဲ႕ အေနာက္ဘက္မွာ ကင္မရာ ၃ လံုး ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ HMD ကလည္း Nokia 9 မွာ ကင္မရာ ၅ လံုးေတာင္ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ Google ကလည္း Selfie Camera ၂ လံုးပါတဲ့ Pixel 3 Series မ်ားကို ဒီလထဲမွာ ေၾကညာမွာ ျဖစ္ပါတယ္။

ကင္မရာမ်ားစြာ ထည့္သြင္းထားတဲ့ စမတ္ဖုန္း Trend ဟာ ေရပန္းစားလာပါတယ္။ ဒီလို ကင္မရာမ်ားစြာ ထည့္သြင္းျခင္းျဖင့္ DSLR Camera မ်ားရဲ႕ စြမ္းရည္မ်ားကို အမွီလိုက္ႏုိင္လာပါတယ္။ ဒါ့အျပင္ ထူးျခား ဆန္းသစ္တဲ့ Effects မ်ားကိုလည္း ကင္မရာမ်ားက ဖန္တီးေပးပါတယ္။

unicode

အနောက် ကင်မရာ ၄ လုံးပါမယ့် Lenovo Z5 Pro

Lenovo ရဲ့ ဒုတိယ ဥက္ကဌဖြစ်သူက Notch မပါဘဲ All-Screen ပါမယ့် Z5 Pro အကြောင်းကို အရိပ်အမြွက် ပြောပြခဲ့ဖူးပါတယ်။ အခုတော့ ဖုန်းရဲ့ Teaser Image မှာ အနောက်ကင်မရာ ၄ လုံးပုံကို ပြသထားပါတယ်။

ကင်မရာများကို လေးထောင့်ဘောင်ထဲမှာ ထည့်ထားပါတယ်။ ဒါဟာ နောက်ထုတ်မယ့် Huawei Mate 20 နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ကွဲပြားတာက လီနိုဗိုက ကင်မရာများကို ထောင့်လေးဖက်မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ LED Flash ကို ကင်မရာများရဲ့ အလယ်မှာ ထည့်သွင်းထားပါတယ်။ Mate 20 ရဲ့ Flash ကိုတော့ ဘယ်ဘက် အပေါ်ထောင့်မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ဓါတ်ပုံရဲ့ အောက်ခြေမှာ “ AI 4 Shots “ လို့ အဓိပ္ပါယ်ရတဲ့ စာသားကို တရုတ် ဘာသာစကားဖြင့် ရေးသားထားပါတယ်။ သူ့ကို အောက်တိုဘာလမှာ ကြေညာမှာ ဖြစ်ပါတယ်။ ဟွာဝေး အပြင် LG ကလည်း V40 ThinQ ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ HMD ကလည်း Nokia 9 မှာ ကင်မရာ ၅ လုံးတောင် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Google ကလည်း Selfie Camera ၂ လုံးပါတဲ့ Pixel 3 Series များကို ဒီလထဲမှာ ကြေညာမှာ ဖြစ်ပါတယ်။

ကင်မရာများစွာ ထည့်သွင်းထားတဲ့ စမတ်ဖုန်း Trend ဟာ ရေပန်းစားလာပါတယ်။ ဒီလို ကင်မရာများစွာ ထည့်သွင်းခြင်းဖြင့် DSLR Camera များရဲ့ စွမ်းရည်များကို အမှီလိုက်နိုင်လာပါတယ်။ ဒါ့အပြင် ထူးခြား ဆန်းသစ်တဲ့ Effects များကိုလည်း ကင်မရာများက ဖန်တီးပေးပါတယ်။

Leave a Reply