သားေရျဖင့္ ျပဳလုပ္ထားတဲ့ Laptop ကို ျပသလိုက္တဲ့ HP

0
510

HP က ဒီဇိုင္း ထူးျခားဆန္းသစ္တဲ့ Spectre Folio အမည္ရ လက္ပ္ေတာ့ကို ေၾကညာလိုက္ပါတယ္။ လက္ပ္ေတာ့ ကိုယ္ထည္မ်ားကို ပလစ္စတစ္ သို႔မဟုတ္ သတၱဳျဖင့္ တည္ေဆာက္ထားေပမယ့္ သူ႔ရဲ႕ ထူးျခားခ်က္က သားေရျဖင့္ ဖန္တီးထားတာပါ။ သူဟာ လက္ပ္ေတာ့လိုေရာ တက္ဘလက္လိုပါ သံုးႏုိင္တဲ့ ၂ မ်ိဳးသံုး ကြန္ျပဴတာ ျဖစ္ပါတယ္။

Spectre Folio မွာ ၁၃.၃ လက္မ FHD Display ထည့္သြင္းထားပါတယ္။ 8th Gen Intel Core i7 Processor ေမာင္းႏွင္ထားပါတယ္။ 8GB RAM , 256GB Storage မ်ား ပါပါတယ္။ ဘက္ထရီ သက္တမ္းမွာ ၁၈ နာရီေတာင္ခံတယ္လို႔ HP က ညႊန္းထားပါတယ္။ 4K Display Model ကို ယခုႏွစ္ ေႏွာင္းပိုင္းမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

သားေရျဖင့္ ျပဳလုပ္ထားတဲ့အတြက္ ေခါက္ခ်ိဳးထားရင္ စာအုပ္တစ္ခုနဲ႔ေတာင္ တူေနပါတယ္။ Mode မ်ား ေျပာင္းသံုးရာမွာလည္း ပို အဆင္ေျပလာပါတယ္။ သာမာန္အတုိင္း လက္ပ္ေတာ့ မုဒ္နဲ႔ သံုးႏုိင္သလို မ်က္ႏွာျပင္ကို အေရွ႕သို႔ တိုး၍ မီဒီယာ မုဒ္ကို သံုးႏုိင္ပါတယ္။ ဒါ့အျပင္ မ်က္ႏွာျပင္ကို ေခါက္ခ်ိဳး၍ တက္ဘလက္ မုဒ္ကို သံုးႏုိင္ပါတယ္။

တက္ဘလက္ မုဒ္မွာ သံုးဖို႔ ဒစ္ဂ်စ္တယ္ ေဘာပင္လည္း ပါပါတယ္။ သူက အာရံုခံ အဆင့္ ၄၀၀၀ ေက်ာ္အထိ ပါပါတယ္။ ကီးဘုတ္က အလူမီနီယမ္ ကီးဘုတ္ ျဖစ္ပါတယ္။ HP.com နဲ႔ Best Buy တို႔ကေနသာ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ Intel Core i5 Model ကို ၁၂၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ Core i7 Model ကို ၁၃၉၉ ေဒၚလာနဲ႔ Core i7 ပါတဲ့ LTE Model ကို ၁၄၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။

unicode

သားရေဖြင့် ပြုလုပ်ထားတဲ့ Laptop ကို ပြသလိုက်တဲ့ HP

HP က ဒီဇိုင်း ထူးခြားဆန်းသစ်တဲ့ Spectre Folio အမည်ရ လက်ပ်တော့ကို ကြေညာလိုက်ပါတယ်။ လက်ပ်တော့ ကိုယ်ထည်များကို ပလစ်စတစ် သို့မဟုတ် သတ္တုဖြင့် တည်ဆောက်ထားပေမယ့် သူ့ရဲ့ ထူးခြားချက်က သားရေဖြင့် ဖန်တီးထားတာပါ။ သူဟာ လက်ပ်တော့လိုရော တက်ဘလက်လိုပါ သုံးနိုင်တဲ့ ၂ မျိုးသုံး ကွန်ပြူတာ ဖြစ်ပါတယ်။

Spectre Folio မှာ ၁၃.၃ လက်မ FHD Display ထည့်သွင်းထားပါတယ်။ 8th Gen Intel Core i7 Processor မောင်းနှင်ထားပါတယ်။ 8GB RAM , 256GB Storage များ ပါပါတယ်။ ဘက်ထရီ သက်တမ်းမှာ ၁၈ နာရီတောင်ခံတယ်လို့ HP က ညွှန်းထားပါတယ်။ 4K Display Model ကို ယခုနှစ် နှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။

သားရေဖြင့် ပြုလုပ်ထားတဲ့အတွက် ခေါက်ချိုးထားရင် စာအုပ်တစ်ခုနဲ့တောင် တူနေပါတယ်။ Mode များ ပြောင်းသုံးရာမှာလည်း ပို အဆင်ပြေလာပါတယ်။ သာမာန်အတိုင်း လက်ပ်တော့ မုဒ်နဲ့ သုံးနိုင်သလို မျက်နှာပြင်ကို အရှေ့သို့ တိုး၍ မီဒီယာ မုဒ်ကို သုံးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ကို ခေါက်ချိုး၍ တက်ဘလက် မုဒ်ကို သုံးနိုင်ပါတယ်။

တက်ဘလက် မုဒ်မှာ သုံးဖို့ ဒစ်ဂျစ်တယ် ဘောပင်လည်း ပါပါတယ်။ သူက အာရုံခံ အဆင့် ၄၀၀၀ ကျော်အထိ ပါပါတယ်။ ကီးဘုတ်က အလူမီနီယမ် ကီးဘုတ် ဖြစ်ပါတယ်။ HP.com နဲ့ Best Buy တို့ကနေသာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Intel Core i5 Model ကို ၁၂၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Core i7 Model ကို ၁၃၉၉ ဒေါ်လာနဲ့ Core i7 ပါတဲ့ LTE Model ကို ၁၄၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Leave a Reply