Samsung ရဲ႕မ်က္ႏွာျပင္ေအာက္လက္ေဗြဖတ္စနစ္နဲ႔ ဖုန္းကို Galaxy A6s ဆိုၿပီးထုတ္လာမည္

0
1078

Samsung ရဲ႕စမတ္ဖုန္းသစ္ျဖစ္တဲ့ Galaxy P30 series ဖုန္းေတြဟာ မေန႔ကေတာ့ TENAA ရဲ႕အသိအမွတ္ ျပဳမႈကို ရရွိခဲ့ပါတယ္။ Galaxy P30 (SM-G6200) ဖုန္းေတြဟာ Samsung ရဲ႕ ပထမဆုံးေသာ မ်က္ႏွာျပင္ေအာက္ fingerprint scanner နဲ႔ဖုန္းလည္း ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အဲ့ဒီဖုန္းေတြကို ေမာ္ဒယ္နံပတ္အသစ္ တစ္ခုနဲ႔ ေရာင္းခ်လာမယ္ ဆိုတာကို သိလိုက္ရပါၿပီ။

တရုတ္နဲ႔ အာရွေစ်းကြက္အတြက္ ေရာင္းခ်လာမယ့္ Galaxy P30 ဖုန္းေတြကို Galaxy A6s ဆိုၿပီးေရာင္းခ်လာမွာ ျဖစ္ပါတယ္။ ဒီေန႔ထြက္လာတဲ့ အခ်က္အလက္ေတြအရ ဒီဖုန္းသစ္မွာ full-screen ဒီဇုိင္းနဲ႔ ျဖစ္ၿပီး notch ပါလာမဟုတ္ပါဘူး မ်က္ႏွာျပင္ 5.99 လက္မရွိမွာ ျဖစ္ပါတယ္။ အေရွ႕အေနာက္ ကင္မရာ ၂မ်ိဳးလုံးမွာ 24MP အရည္အေသြးကို သုံးလာမွာပါ။ ကင္မရာပိုင္းမွာေတာ့ Dual ကင္မရာျဖစ္ၿပီး၊ေထာင့္ဘက္မွာ ေဒါင္လိုက္အေနအထား တပ္ဆင္ထားပါတယ္။

6GB RAM နဲ႔ျဖစ္ၿပီး  64GB (သုိ႔) 128GB  storage နဲ႔ျဖစ္ကာ ဘက္ထရီကိုေတာ့ 3300 mAh စြမ္းအားကို သုံးလာမယ္လို႔ သိရပါတယ္။ Galaxy A6s ဖုန္းမွာ Snapdragon 660 processor သုံးလာမွာျဖစ္ၿပီး လက္တေလာ နာမည္ႀကီး OLED screen သုံးလာမွာ မဟုတ္ပဲ LCD display ကိုသာ သုံးလာမွာ ျဖစ္ပါတယ္။  ေအာက္တိုဘာ ၁၁ရက္ေန႔မွာ တရားဝင္ မိတ္ဆက္လာမွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ ယြမ္ 1999 ဝန္းက်င္ ရွိမွာပါ။

unicode

Samsung ရဲ့စမတ်ဖုန်းသစ်ဖြစ်တဲ့ Galaxy P30 series ဖုန်းတွေဟာ မနေ့ကတော့ TENAA ရဲ့အသိအမှတ် ပြုမှုကို ရရှိခဲ့ပါတယ်။ Galaxy P30 (SM-G6200) ဖုန်းတွေဟာ Samsung ရဲ့ ပထမဆုံးသော မျက်နှာပြင်အောက် fingerprint scanner နဲ့ဖုန်းလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီဖုန်းတွေကို မော်ဒယ်နံပတ်အသစ် တစ်ခုနဲ့ ရောင်းချလာမယ် ဆိုတာကို သိလိုက်ရပါပြီ။

တရုတ်နဲ့ အာရှဈေးကွက်အတွက် ရောင်းချလာမယ့် Galaxy P30 ဖုန်းတွေကို Galaxy A6s ဆိုပြီးရောင်းချလာမှာ ဖြစ်ပါတယ်။ ဒီနေ့ထွက်လာတဲ့ အချက်အလက်တွေအရ ဒီဖုန်းသစ်မှာ full-screen ဒီဇိုင်းနဲ့ ဖြစ်ပြီး notch ပါလာမဟုတ်ပါဘူး မျက်နှာပြင် 5.99 လက်မရှိမှာ ဖြစ်ပါတယ်။ အရှေ့အနောက် ကင်မရာ ၂မျိုးလုံးမှာ 24MP အရည်အသွေးကို သုံးလာမှာပါ။ ကင်မရာပိုင်းမှာတော့ Dual ကင်မရာဖြစ်ပြီး၊ထောင့်ဘက်မှာ ဒေါင်လိုက်အနေအထား တပ်ဆင်ထားပါတယ်။

6GB RAM နဲ့ဖြစ်ပြီး  64GB (သို့) 128GB  storage နဲ့ဖြစ်ကာ ဘက်ထရီကိုတော့ 3300 mAh စွမ်းအားကို သုံးလာမယ်လို့ သိရပါတယ်။ Galaxy A6s ဖုန်းမှာ Snapdragon 660 processor သုံးလာမှာဖြစ်ပြီး လက်တလော နာမည်ကြီး OLED screen သုံးလာမှာ မဟုတ်ပဲ LCD display ကိုသာ သုံးလာမှာ ဖြစ်ပါတယ်။  အောက်တိုဘာ ၁၁ရက်နေ့မှာ တရားဝင် မိတ်ဆက်လာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယွမ် 1999 ဝန်းကျင် ရှိမှာပါ။

Leave a Reply