TENAA ရဲ႕အသိအမွတ္ျပဳ ရရွိၿပီျဖစ္တဲ့ Samsung Galaxy P30

0
1264

Samsung ရဲ႕ စမတ္ဖုန္းသစ္ျဖစ္တဲ့ Galaxy P30 စီးရီးဖုန္းသစ္ေတြ တရုတ္ႏုိင္ငံမွာ တင္သြင္းေရာင္းခ်ႏုိင္ဖုိ႔ အတြက္ TENAA ရဲ႕အသိအမွတ္ျပဳမႈကို ရရွိခဲ့ၿပီ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း ဖုန္းရဲ႕ဓာတ္ပုံဒီဇုိင္းကိုသာ ျမင္ေတြ႕ခဲ့ရၿပီး အျခားအခ်က္အလက္ေတြကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။ Samsung အေနနဲ႔  Galaxy P30 နဲ႔ Galaxy P30 Plus ဖုန္းေတြကိုေတာ့ “4x fun event” မွာ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

Galaxy P30 (SM-G6200) ဖုန္းဟာ Samsung ရဲ႕ ပထမဆုံးေသာ fingerprint scanner နဲ႔ဖုန္းလည္း ျဖစ္ပါတယ္။ ဒီေန႔ထြက္လာတဲ့ အခ်က္အလက္မွာေတာ့ 5.99 လက္မနဲ႔ျဖစ္ၿပီး LCD panel သုံးထားမွာ ျဖစ္ကာ 3,300mAh ဘက္ထရီစြမ္းအားနဲ႔ လာမွာျဖစ္ပါတယ္။ ေနာက္ဘက္မွာလည္း ဘဲဥပုံစံလက္ေဗြဖတ္ စနစ္ကိုထည့္သြင္းထားၿပီး Samsung ရဲ႕အထာအတုိင္း Display မွာ Notch ပါဝင္လာအုံးမွာ မဟုတ္ပါဘူး။

ကင္မရာပိုင္းမွာေတာ့ Dual ကင္မရာျဖစ္ၿပီး၊ေထာင့္ဘက္မွာ ေဒါင္လိုက္အေနအထားတပ္ဆင္ထားၿပီး သူ႕ရဲ႕ေအာက္ဘက္မွာေတာ့ Dual led flash ကိုေတြ႕ရပါတယ္။ ယခင္ထြက္ထားတဲ့ သတင္းမွာေတာ့ Samsung Galaxy P30 မွာ OLED သံုးလာမွာ မဟုတ္ဘဲ LCD သံုးလာပါမယ္။ ဒါေပမယ့္ ဒီဖုန္းမွာ မ်က္ႏွာျပင္ ႐ုပ္ထြက္ေအာက္ လက္ေဗြရာစနစ္ သံုးလာပါမယ္။ Samsung Galaxy P30 ကုိ Storage 64GB ၊ 128GB တို႔ႏွင့္ ေရြးခ်ယ္ႏုိင္မွာ ျဖစ္ၿပီး အျပာေရာင္၊ အနီေရာင္၊ ပန္းေရာင္၊ အနက္ေရာင္တို႔ႏွင့္ ထြက္လာပါမယ္။

unicode

Samsung ရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ Galaxy P30 စီးရီးဖုန်းသစ်တွေ တရုတ်နိုင်ငံမှာ တင်သွင်းရောင်းချနိုင်ဖို့ အတွက် TENAA ရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဖုန်းရဲ့ဓာတ်ပုံဒီဇိုင်းကိုသာ မြင်တွေ့ခဲ့ရပြီး အခြားအချက်အလက်တွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ Samsung အနေနဲ့  Galaxy P30 နဲ့ Galaxy P30 Plus ဖုန်းတွေကိုတော့ “4x fun event” မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Galaxy P30 (SM-G6200) ဖုန်းဟာ Samsung ရဲ့ ပထမဆုံးသော fingerprint scanner နဲ့ဖုန်းလည်း ဖြစ်ပါတယ်။ ဒီနေ့ထွက်လာတဲ့ အချက်အလက်မှာတော့ 5.99 လက်မနဲ့ဖြစ်ပြီး LCD panel သုံးထားမှာ ဖြစ်ကာ 3,300mAh ဘက်ထရီစွမ်းအားနဲ့ လာမှာဖြစ်ပါတယ်။ နောက်ဘက်မှာလည်း ဘဲဥပုံစံလက်ဗွေဖတ် စနစ်ကိုထည့်သွင်းထားပြီး Samsung ရဲ့အထာအတိုင်း Display မှာ Notch ပါဝင်လာအုံးမှာ မဟုတ်ပါဘူး။

ကင်မရာပိုင်းမှာတော့ Dual ကင်မရာဖြစ်ပြီး၊ထောင့်ဘက်မှာ ဒေါင်လိုက်အနေအထားတပ်ဆင်ထားပြီး သူ့ရဲ့အောက်ဘက်မှာတော့ Dual led flash ကိုတွေ့ရပါတယ်။ ယခင်ထွက်ထားတဲ့ သတင်းမှာတော့ Samsung Galaxy P30 မှာ OLED သုံးလာမှာ မဟုတ်ဘဲ LCD သုံးလာပါမယ်။ ဒါပေမယ့် ဒီဖုန်းမှာ မျက်နှာပြင် ရုပ်ထွက်အောက် လက်ဗွေရာစနစ် သုံးလာပါမယ်။ Samsung Galaxy P30 ကို Storage 64GB ၊ 128GB တို့နှင့် ရွေးချယ်နိုင်မှာ ဖြစ်ပြီး အပြာရောင်၊ အနီရောင်၊ ပန်းရောင်၊ အနက်ရောင်တို့နှင့် ထွက်လာပါမယ်။

Leave a Reply