Galaxy Watch ကို Golf Edition ထပ္ထုတ္ေပးလုိက္တဲ့ Samsung

0
1450

Samsung အေနနဲ႔ Galaxy Watch အသစ္ေတြရဲ႕ ေနာက္ထပ္ဗားရွင္းသစ္ကို ထပ္မံထုတ္ေပးလုိက္ပါတယ္။ သူ႕ကိုေတာ့  Galaxy Watch Golf Edition လို႔ နာမည္ေပးထားၿပီး golf fans အတြက္ သီးသန္႔ထုတ္ေပးလိုက္တာ ျဖစ္ပါတယ္။

Galaxy Watch Golf Edition အသစ္ဟာ ၿပီးခဲ့တဲ့ႏွစ္က ထြက္ခဲ့တဲ့ Gear S3 Golf Edition ရဲ႕မ်ိဳးဆက္ျဖစ္ၿပီး ကိုရီးယားႏုိင္ငံအတြက္ သီးသန္႔ျဖစ္ပါတယ္။ Golf Edition ကို၂မ်ိဳးထုတ္လုပ္ေပးထားၿပီး 46mm နဲ႔ 42mm ေတြပဲျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ 46mm ကို $367 နဲ႔ 42mm ကိုေတာ့ $351 နဲ႔ေရာင္းခ်မွာ ျဖစ္ပါတယ္။

Golf သမားေတြအတြက္ သီးသန္႔ျဖစ္ၿပီး သင့္ရဲ႕ကၽြမ္းက်င္မႈ အေျခအေနနဲ႔ တိုးတက္လာမႈေတြကို ေစာင့္ၾကည့္ အကဲျဖတ္ေပးေနမွာ ျဖစ္ပါတယ္။ Smart Caddie မွာ ကမၻာ႔တဝွမ္းမွာ ရွိတဲ့ golf courses ေပါင္း 60,000 ဝန္းက်င္ပါဝင္တယ္လို႔ ဆိုပါတယ္။ ဘက္ထရီသက္တမ္းကေတာ့ က်င္း ၅၄ ခုစာေလာက္ခံႏိုင္ရည္ ရွိမယ္လို႔ Samsung ကေျပာၾကားထားပါတယ္။

သူရဲ႕တျခားပါဝင္မႈေတြကေတာ့ ၿပီးခဲ့တဲ့လပိုင္းအတြင္းက မိတ္ဆက္ထားတဲ့ Galaxy Watch ေတြနဲ႔တူညီႏုိင္ပါတယ္။ ကိုရီးယားကုမၸဏီဟာ ၁.၃ လက္မ (46mm) နဲ႔ ၁.၂ လက္မ (42mm) မ်က္္ႏွာျပင္မ်ား ပါၿပီး Gorilla Glass DX+ ျဖင့္ ကာကြယ္ထားတဲ့ Galaxy Watch နာရီေတြကို Note 9 ဖုန္းနဲ႔အတူ မိတ္ဆက္ေပးထားပါတယ္။ နာရီသစ္ႏွစ္မ်ိဳးစလံုးအတြက္ Bluetooth နဲ႔ LTE Model မ်ား ထုတ္လုပ္ေပးထားပါတယ္။ ေမာ္ဒယ္အားလံုးမွာ GPS နဲ႔ 4GB Storage မ်ားပါပါတယ္။

unicode

Samsung အနေနဲ့ Galaxy Watch အသစ်တွေရဲ့ နောက်ထပ်ဗားရှင်းသစ်ကို ထပ်မံထုတ်ပေးလိုက်ပါတယ်။ သူ့ကိုတော့  Galaxy Watch Golf Edition လို့ နာမည်ပေးထားပြီး golf fans အတွက် သီးသန့်ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

Galaxy Watch Golf Edition အသစ်ဟာ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ Gear S3 Golf Edition ရဲ့မျိုးဆက်ဖြစ်ပြီး ကိုရီးယားနိုင်ငံအတွက် သီးသန့်ဖြစ်ပါတယ်။ Golf Edition ကို၂မျိုးထုတ်လုပ်ပေးထားပြီး 46mm နဲ့ 42mm တွေပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ 46mm ကို $367 နဲ့ 42mm ကိုတော့ $351 နဲ့ရောင်းချမှာ ဖြစ်ပါတယ်။

Golf သမားတွေအတွက် သီးသန့်ဖြစ်ပြီး သင့်ရဲ့ကျွမ်းကျင်မှု အခြေအနေနဲ့ တိုးတက်လာမှုတွေကို စောင့်ကြည့် အကဲဖြတ်ပေးနေမှာ ဖြစ်ပါတယ်။ Smart Caddie မှာ ကမ္ဘာ့တဝှမ်းမှာ ရှိတဲ့ golf courses ပေါင်း 60,000 ဝန်းကျင်ပါဝင်တယ်လို့ ဆိုပါတယ်။ ဘက်ထရီသက်တမ်းကတော့ ကျင်း ၅၄ ခုစာလောက်ခံနိုင်ရည် ရှိမယ်လို့ Samsung ကပြောကြားထားပါတယ်။

သူရဲ့တခြားပါဝင်မှုတွေကတော့ ပြီးခဲ့တဲ့လပိုင်းအတွင်းက မိတ်ဆက်ထားတဲ့ Galaxy Watch တွေနဲ့တူညီနိုင်ပါတယ်။ ကိုရီးယားကုမ္ပဏီဟာ ၁.၃ လက်မ (46mm) နဲ့ ၁.၂ လက်မ (42mm) မျက်နှာပြင်များ ပါပြီး Gorilla Glass DX+ ဖြင့် ကာကွယ်ထားတဲ့ Galaxy Watch နာရီတွေကို Note 9 ဖုန်းနဲ့အတူ မိတ်ဆက်ပေးထားပါတယ်။ နာရီသစ်နှစ်မျိုးစလုံးအတွက် Bluetooth နဲ့ LTE Model များ ထုတ်လုပ်ပေးထားပါတယ်။ မော်ဒယ်အားလုံးမှာ GPS နဲ့ 4GB Storage များပါပါတယ်။

Leave a Reply