in-display fingerprint ကိုအဓိကထားတဲ့ OnePlus 6T ရဲ႕ေၾကာ္ျငာ ဗီဒီယိုထြက္လာ

0
2286

OnePlus 6T စမတ္ဖုန္းကို ေနာက္လ ၁၇ ရက္ေန႔ မိတ္ဆက္လာေတာ့မွာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ စမတ္ဖုန္းသစ္နဲ႔ ပတ္သတ္တဲ့ ေၾကာ္ျငာအတိုေလး ထြက္လာပါတယ္။ အဲ့ဒီ Video မွာေတာ့ OnePlus 6T ဖုန္းမွာပါဝင္လာမယ့္ လုပ္ေဆာင္ခ်က္သစ္ ျဖစ္တဲ့ in-display fingerprint reader ကိုအဓိက ေဇာင္းေပးထားတဲဲ့ ေၾကာ္ျငာေလးကို ျပသထားပါတယ္။

ဖုန္းနဲ႔ပတ္သတ္လို႔ အႀကိဳထြက္ထားတဲ့ သတင္းေတြမွာေတာ့ OnePlus 6T မွာ Dash Charge အားသြင္းစနစ္ကိုသာ ျပန္လည္သုံးသြားမွာျဖစ္ၿပီး သူ႕မွာ  OnePlus 6 ဘက္ထရီထက္ ၁၀ရာခိုင္ႏႈန္း ပိုႀကီးမားတဲ့ 3,700 mAh သုံးလာမယ္လို႔ သိရပါတယ္။ ဘက္ထရီ power cell ေပၚမွာ ေရးသားထားခ်က္အရ  typical capacity မွာ 3,700 mAh ျဖစ္ၿပီး ၊ rated capacity မွာေတာ့  3,610 mAh ျဖစ္ပါတယ္။

သူနဲ႔ပတ္သတ္လို႔ ထြက္ထားတဲ့ အျခားအခ်က္အလက္ေတြကေတာ့ ၆.၄ လက္မ 1080x2340p Optic AMOLED Display ထည့္သြင္းထားႏိုင္ၿပီး Notch လည္း ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ Qualcomm ရဲ႕ Snapdragon 845 Chipset ေမာင္းႏွင္ထားႏိုင္ပါတယ္။ Face Unlock လည္း ထည့္သြင္းထားမယ္လို႔လည္း ဆိုပါတယ္။ သူ႔မွာ မၾကာခင္က ေၾကညာထားတဲ့ Oppo R17 Pro မွ Hardware မ်ား၊ လုပ္ေဆာင္ခ်က္မ်ားနဲ႔ ဒီဇိုင္းကို သံုးထားႏုိင္ပါတယ္။

unicode

OnePlus 6T စမတ်ဖုန်းကို နောက်လ ၁၇ ရက်နေ့ မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စမတ်ဖုန်းသစ်နဲ့ ပတ်သတ်တဲ့ ကြော်ငြာအတိုလေး ထွက်လာပါတယ်။ အဲ့ဒီ Video မှာတော့ OnePlus 6T ဖုန်းမှာပါဝင်လာမယ့် လုပ်ဆောင်ချက်သစ် ဖြစ်တဲ့ in-display fingerprint reader ကိုအဓိက ဇောင်းပေးထားတဲ့ ကြော်ငြာလေးကို ပြသထားပါတယ်။

ဖုန်းနဲ့ပတ်သတ်လို့ အကြိုထွက်ထားတဲ့ သတင်းတွေမှာတော့ OnePlus 6T မှာ Dash Charge အားသွင်းစနစ်ကိုသာ ပြန်လည်သုံးသွားမှာဖြစ်ပြီး သူ့မှာ  OnePlus 6 ဘက်ထရီထက် ၁၀ရာခိုင်နှုန်း ပိုကြီးမားတဲ့ 3,700 mAh သုံးလာမယ်လို့ သိရပါတယ်။ ဘက်ထရီ power cell ပေါ်မှာ ရေးသားထားချက်အရ  typical capacity မှာ 3,700 mAh ဖြစ်ပြီး ၊ rated capacity မှာတော့  3,610 mAh ဖြစ်ပါတယ်။

သူနဲ့ပတ်သတ်လို့ ထွက်ထားတဲ့ အခြားအချက်အလက်တွေကတော့ ၆.၄ လက်မ 1080x2340p Optic AMOLED Display ထည့်သွင်းထားနိုင်ပြီး Notch လည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Qualcomm ရဲ့ Snapdragon 845 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Face Unlock လည်း ထည့်သွင်းထားမယ်လို့လည်း ဆိုပါတယ်။ သူ့မှာ မကြာခင်က ကြေညာထားတဲ့ Oppo R17 Pro မှ Hardware များ၊ လုပ်ဆောင်ချက်များနဲ့ ဒီဇိုင်းကို သုံးထားနိုင်ပါတယ်။

Leave a Reply