Android Pie ရရွိမယ့္ ပထမဆုံးဖုန္းကို Nokia ေၾကညာ

0
1505

Nokia ရဲ႕ Android Pie အဆင့္ျမင့္ဗားရွင္း ရရိွမယ့္ စမတ္ဖုန္း တစ္လုံးထြက္ေပၚ လာခဲ့ပါၿပီ။ အဲ့ဒီဖုန္းကေတာ့ Nokia 7 Plus ျဖစ္ၿပီး Google ကထုတ္တဲ့ ဖုန္းမဟုတ္ပဲ Android 9 Pie update ရရွိမယ့္ ဖုန္း အနည္းငယ္စာရင္းမွာ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ HMD Global ရဲ႕ ထုတ္ကုန္ပိုင္းဆုိင္ရာ အရာရွိျဖစ္တဲ့ Juho Sarvikas ကသူရဲ႕ tweeter ကေနေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ Nokia 7 Plus ဖုန္းဟာbudget ဖုန္းအမ်ိဳးအစားျဖစ္ၿပီး Asia နဲ႔ India ေစ်းကြက္အတြက္ ရည္ရြယ္ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

Android Pie မွာ အရင္္လို Back, Home, Overview ဆိုတဲ့ Android ခလုတ္ေတြ ပါလာမွာမဟုတ္ေတာ့ဘဲ၊ iPhone X လို Screen ေပၚမွာ Home ခလုတ္ေလးတခုပဲ ပါမွာျဖစ္ျပီး၊ Gesture အဓိကနဲ႔ပဲ အသုံးျပဳရေတာ့မွာပါ။ Android P မွာ သုံးစြဲသူအေနနဲ႔ဖုန္းကို ဘယ္လို အသုံးျပဳေနလဲဆိုတာကို ျပသေပးမယ့္ Dashboard တစ္ခု ပါဝင္လာပါတယ္။ Dashboard မွာ ျပသေပးမယ့္အရာေတြကေတာ့ App တစ္ခုခ်င္းစီရဲ႕ ကိုယ္ အသုံးျပဳခဲ့တဲ့ အခ်ိန္မ်ား၊ ဖုန္းကို Unlock ျပဳလုပ္တဲ့ အႀကိမ္အေရအတြက္ နဲ႔ ကိုယ္ လက္ခံရရွိတဲ့ Notification မ်ား ပါဝင္မွာ ျဖစ္ပါတယ္။

Nokia 7 Plus ကို သတၱဳကိုယ္ထည္ျဖင့္ တည္ေဆာက္ထားပါတယ္။ မ်က္ႏွာျပင္ေထာင့္စြန္းမ်ားဟာ လံုး၀ိုင္းပါတယ္။ သူ႔မွာ Snapdragon 660 Octa-Core Chipset ထည့္သြင္းထားပါတယ္။ ၆ လက္မ Full HD+ Display ပါပါတယ္။ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ အလြန္ပါးလႊာပါတယ္။ 64GB Internal Storage ထည့္သြင္းထားၿပီး microSD Card စိုက္ႏုိင္ပါတယ္။ 3800mAhဘက္ထရီစြမ္းအားနဲ႔ ျဖစ္ပါတယ္။

unicode

Nokia ရဲ့ Android Pie အဆင့်မြင့်ဗားရှင်း ရရှိမယ့် စမတ်ဖုန်း တစ်လုံးထွက်ပေါ် လာခဲ့ပါပြီ။ အဲ့ဒီဖုန်းကတော့ Nokia 7 Plus ဖြစ်ပြီး Google ကထုတ်တဲ့ ဖုန်းမဟုတ်ပဲ Android 9 Pie update ရရှိမယ့် ဖုန်း အနည်းငယ်စာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ HMD Global ရဲ့ ထုတ်ကုန်ပိုင်းဆိုင်ရာ အရာရှိဖြစ်တဲ့ Juho Sarvikas ကသူရဲ့ tweeter ကနေပြောကြားခဲ့တာ ဖြစ်ပါတယ်။ Nokia 7 Plus ဖုန်းဟာbudget ဖုန်းအမျိုးအစားဖြစ်ပြီး Asia နဲ့ India ဈေးကွက်အတွက် ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Android Pie မှာ အရင်လို Back, Home, Overview ဆိုတဲ့ Android ခလုတ်တွေ ပါလာမှာမဟုတ်တော့ဘဲ၊ iPhone X လို Screen ပေါ်မှာ Home ခလုတ်လေးတခုပဲ ပါမှာဖြစ်ပြီး၊ Gesture အဓိကနဲ့ပဲ အသုံးပြုရတော့မှာပါ။ Android P မှာ သုံးစွဲသူအနေနဲ့ဖုန်းကို ဘယ်လို အသုံးပြုနေလဲဆိုတာကို ပြသပေးမယ့် Dashboard တစ်ခု ပါဝင်လာပါတယ်။ Dashboard မှာ ပြသပေးမယ့်အရာတွေကတော့ App တစ်ခုချင်းစီရဲ့ ကိုယ် အသုံးပြုခဲ့တဲ့ အချိန်များ၊ ဖုန်းကို Unlock ပြုလုပ်တဲ့ အကြိမ်အရေအတွက် နဲ့ ကိုယ် လက်ခံရရှိတဲ့ Notification များ ပါဝင်မှာ ဖြစ်ပါတယ်။

Nokia 7 Plus ကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ မျက်နှာပြင်ထောင့်စွန်းများဟာ လုံးဝိုင်းပါတယ်။ သူ့မှာ Snapdragon 660 Octa-Core Chipset ထည့်သွင်းထားပါတယ်။ ၆ လက်မ Full HD+ Display ပါပါတယ်။ မျက်နှာပြင် ဘေးဘောင်များဟာ အလွန်ပါးလွှာပါတယ်။ 64GB Internal Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ 3800mAhဘက်ထရီစွမ်းအားနဲ့ ဖြစ်ပါတယ်။

Leave a Reply