HONOR PLAY ဖုန္းရဲ႕ ခရမ္းေရာင္ဗားရွင္း အသစ္ကိုအိႏိၵယမွာမိတ္ဆက္

0
1330

Huawei ရဲ႕အမွတ္တံဆိပ္ခြဲ တစ္ခုျဖစ္တဲ့ HONOR အေနနဲ႔ အိႏိၵယမွာ HONOR PLAY ဖုန္းရဲ႕ အေရာင္သစ္ျဖစ္တဲ့ ခရမ္းေရာင္ဗားရွင္း အသစ္ကို ထုတ္ေပးလိုက္ပါတယ္။ Honor Play ဆိုတာကေတာ့ gaming ဖုန္းေတြထဲမွာ ေစ်းအေတာ္ေလး သက္သာတဲ့ ဖုန္းလို႔သတ္မွတ္ႏိုင္ပါတယ္။ သူရဲ႕ေစ်းႏႈန္းကလည္း ေဒၚလာ ၂၇၅ ဝန္းက်င္သာ ရွိမွာပါ။ ဂိမ္းပိုင္းဆိုင္ရာ ေကာင္းမြန္တဲ့ ဖုန္းေလးျဖစ္ၿပီး စတင္ျဖန္႔ခိ်တဲ့ အခ်ိန္တုန္းက Blue နဲ႔ Black color ဆိုၿပီး ျဖစ္ပါတယ္။

သူ႕မွာမ်က္ႏွာျပင္ 6.3” လက္မရွိၿပီး 19:9 aspect ratio ျဖစ္တာေၾကာင့္ ခပ္ရွည္ရွည္ပုံစံကို ျမင္ေတြ႕ရမွာပါ။ မ်က္ႏွာျပင္ေဖာ္ျပႏိုင္မႈကေတာ့ 1,080 x 2,280 px  နဲ႔ျဖစ္ပါတယ္။ 3D game အသံထြက္နဲ႔ 7.1 channel အသံပတ္လည္ေျပးစနစ္အတြက္ Histen audio tech ကိုေထာက္ပံ့ေပးထားပါတယ္။ 4 GB of RAM နဲ႔ 64 GB storage နဲ႔ဖုန္းအျပင္ 6GB RAM နဲ႔အျမင့္စားေမာ္ဒယ္ကိုလည္း ထုတ္ထားပါတယ္။ ဖုန္းရဲ႕ဂိမ္းဆိုင္ရာ စြမ္းေဆာင္ခ်က္ေတြအတြက္ GPU Turbo ကိုအသုံးျပဳထားပါတယ္။

အျခားအခ်က္အလက္အေနနဲ႔  3,750 mAh ဘက္ထရီကိုသုံးထားၿပီး nubia Red Magic ဖုန္းနဲ႔ဘက္ထရီနဲ႔ အရြယ္အစားတူညီပါတယ္။ Android 8.1 Oreo နဲ႔အတူ EMUI 8.2 ကိုတစ္ပါတည္း သုံးႏုိင္မွာျဖစ္ပါတယ္။ ကင္မရာပိုင္းမွာေတာ့ 16 MP + 2 MP dual camera ကိုေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး 16 MP selfie camera ဟာ iPhone မွာလိုမ်ိဳး 3D portrait lighting စနစ္ထည့္သြင္းေပးထားပါတယ္။

unicode

Huawei ရဲ့အမှတ်တံဆိပ်ခွဲ တစ်ခုဖြစ်တဲ့ HONOR အနေနဲ့ အိန္ဒိယမှာ HONOR PLAY ဖုန်းရဲ့ အရောင်သစ်ဖြစ်တဲ့ ခရမ်းရောင်ဗားရှင်း အသစ်ကို ထုတ်ပေးလိုက်ပါတယ်။ Honor Play ဆိုတာကတော့ gaming ဖုန်းတွေထဲမှာ ဈေးအတော်လေး သက်သာတဲ့ ဖုန်းလို့သတ်မှတ်နိုင်ပါတယ်။ သူရဲ့ဈေးနှုန်းကလည်း ဒေါ်လာ ၂၇၅ ဝန်းကျင်သာ ရှိမှာပါ။ ဂိမ်းပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ ဖုန်းလေးဖြစ်ပြီး စတင်ဖြန့်ချိတဲ့ အချိန်တုန်းက Blue နဲ့ Black color ဆိုပြီး ဖြစ်ပါတယ်။

သူ့မှာမျက်နှာပြင် 6.3” လက်မရှိပြီး 19:9 aspect ratio ဖြစ်တာကြောင့် ခပ်ရှည်ရှည်ပုံစံကို မြင်တွေ့ရမှာပါ။ မျက်နှာပြင်ဖော်ပြနိုင်မှုကတော့ 1,080 x 2,280 px  နဲ့ဖြစ်ပါတယ်။ 3D game အသံထွက်နဲ့ 7.1 channel အသံပတ်လည်ပြေးစနစ်အတွက် Histen audio tech ကိုထောက်ပံ့ပေးထားပါတယ်။ 4 GB of RAM နဲ့ 64 GB storage နဲ့ဖုန်းအပြင် 6GB RAM နဲ့အမြင့်စားမော်ဒယ်ကိုလည်း ထုတ်ထားပါတယ်။ ဖုန်းရဲ့ဂိမ်းဆိုင်ရာ စွမ်းဆောင်ချက်တွေအတွက် GPU Turbo ကိုအသုံးပြုထားပါတယ်။

အခြားအချက်အလက်အနေနဲ့  3,750 mAh ဘက်ထရီကိုသုံးထားပြီး nubia Red Magic ဖုန်းနဲ့ဘက်ထရီနဲ့ အရွယ်အစားတူညီပါတယ်။ Android 8.1 Oreo နဲ့အတူ EMUI 8.2 ကိုတစ်ပါတည်း သုံးနိုင်မှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ 16 MP + 2 MP dual camera ကိုနောက်ကျောဘက်မှာ တပ်ဆင်ထားပြီး 16 MP selfie camera ဟာ iPhone မှာလိုမျိုး 3D portrait lighting စနစ်ထည့်သွင်းပေးထားပါတယ်။

Leave a Reply