
0
1231





unicode

Google က Wear OS 2.1 ကို ဖြန့်ချီ

သြဂုတ်လတုန်းက Google က Wear OS Version အသစ်မှာ များစွာ ပြောင်းလဲထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ စမတ်နာရီများအတွက် Wear OS 2.1 ကို ဖြန့်ချီပေးလိုက်ပါတယ်။ စမတ်နာရီရဲ့ Update Screen မှာ သူ့ကိုရပြီလားဆိုတာ စစ်ဆေးနိုင်ပါတယ်။

Update မှာ Notifications များအတွက် ပိုမိုရှင်းလင်းပြီး တိုးတက်လာတဲ့ Interface ပါလာပါတယ်။ ဒါ့အပြင် Google Assistant နဲ့ Google Fit တို့က ပိုမို ကောင်းမွန်ပါတယ်။ Main Watch Face ကနေ Swipe များ ပြုလုပ်ခြင်းဖြင့် အဓိက လုပ်ဆောင်ချက် အားလုံးကို အသုံးပြုနိုင်လာပါတယ်။

Update တွင် အလုပ်များ လုပ်ရာမှာ ပိုမို အဆင်ပြေလာမှာပါ။ Notifications များဟာ စကရင် အပြည့် နေရာ မယူတော့ပါဘူး။ Main Screen ကနေ ဘယ်ဘက်ကို ပွတ်ဆွဲရင် Google Assistant ကို သုံးနိုင်မှာပါ။ ညာဘက်ကို ပွတ်ဆွဲရင် ကျန်းမာရေး ဒေတာများကို ပြသပေးမှာပါ။ Quick Settings ကလည်း တိုးတက်လာပြီး Google Pay နဲ့ Find My Phone တို့အတွက် Shortcuts အသစ်များ ပါလာပါတယ်။ Wear OS 2.1 ကို တစ်ကမ္ဘာလုံးအတွက် တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေးနေပါတယ်။

Google က Wear OS အသစ်ဟာ အသုံးဝင်တဲ့ အကြံပြုချက်များကိုလည်း ပြသပေးတယ်လို့ ပြောပါတယ်။ ဥပမာအားဖြင့် မိုးရွာတော့မယ်ဆိုရင် ထီးယူသွားဖို့ အကြံပေးလာနိုင်ပါတယ်။ သင် မသိသေးတဲ့ Assistant ရဲ့ လုပ်ဆောင်ချက်များကိုလည်း သင်ကြားပေးမှာ ဖြစ်ပါတယ်။ ယခုလ အစောပိုင်းက Google က Wear OS မှာ ဒီဇိုင်းပိုင်းကို အကြီးအကျယ် ပြောင်းလဲထားမယ်လို့ ကြေညာခဲ့တဲ့ အတိုင်း ပြုလုပ်ပေးထားပါတယ်။

Leave a Reply