Apple က iPhone XS Max ရဲ႕ အရြယ္အစား ႀကီးမားမႈကို ၾကြားလံုးထုတ္ထားတဲ့ ေၾကာ္ညာ ဗီဒီယိုကို ျပသ

0
2130

Apple က iPhone XS Max ရဲ႕ ေၾကာ္ညာ ဗီဒီယိုတစ္ခုကို ျဖန္႔ခ်ီလိုက္ပါတယ္။ သူဟာ မၾကာခင္က ေၾကညာခဲ့တဲ့ အိုင္ဖုန္း ၃ လံုးထဲမွာ အရြယ္အစား အႀကီးဆံုး ျဖစ္ပါတယ္။ သူဟာ ညီေတာ္ iPhone XS ထက္လည္း ေရာင္းအား ေကာင္းေနပါတယ္။ အရြယ္ႀကီး စမတ္ဖုန္း ႀကိဳက္သူမ်ားအတြက္ေတာ့ သူဟာ လက္ရွိ အိုင္ဖုန္းမ်ားထဲမွာ အေကာင္းဆံုးပါ။

ဗီဒီယိုမွာ iPhone XS Max ရဲ႕ ကင္မရာကေန ဓါတ္ပံု ရိုက္ကူးလိုက္တဲ့ လူမ်ား၊ တိရိစာၦန္မ်ားနဲ႔ အရာ၀တၳဳမ်ားဟာ အရြယ္အစား ႀကီးမားလာတာကို လွလွပပေလး ရိုက္ကူးျပသထားပါတယ္။ ၁ မိနစ္နဲ႔ ၈ စကၠန္႔သာ ၾကာတဲ့ ဗီဒီယိုကို ေအာက္မွာ ၾကည့္ႏုိင္ပါတယ္။

Samsung Galaxy Note 9 ထြက္ရွိၿပီး သိပ္မၾကာခင္မွာပဲ DisplayMate က သူ႔ကို စမ္းသပ္ခဲ့ၿပီး ထြက္ရွိၿပီး သမွ် စမတ္ဖုန္းမ်ားထဲမွာ သူဟာ အေကာင္းဆံုး မ်က္ႏွာျပင္ကို ပိုင္ဆိုင္ထားတယ္လို႔ သံုးသပ္ခဲ့ပါတယ္။ အခုေတာ့ Note 9 ရဲ႕ သရဖူကို iPhone XS Max က သိမ္းပိုက္လိုက္ပါတယ္။

DisplayMate က Apple iPhone XS Max ဟာ စံခ်ိန္သစ္မ်ား တင္သြားတယ္လို႔ ေျပာပါတယ္။ အေကာင္းဆံုး စြမ္းရည္မ်ားက အေရာင္မ်ား တိက်ျခင္း၊ Brightness ျမင့္မားျခင္း ၊ မ်က္ႏွာျပင္ အလင္းျပန္မႈ နည္းျခင္း၊ ရႈေထာင့္မ်ိဳးစံုကေန ၾကည့္ရႈလို႔ ေကာင္းမြန္ျခင္းမ်ား ျဖစ္ပါတယ္။

iPhone XS Max ရဲ႕ မ်က္ႏွာျပင္ဟာ OLED အမ်ိဳးအစား ျဖစ္တဲ့အတြက္ Contrast Ratio ဟာ အလြန္ ေကာင္းပါတယ္။ ရႈေထာင့္မ်ား ေျပာင္းလဲၾကည့္ရင္လည္း Brightness ေျပာင္းလဲမႈက နည္းပါးပါတယ္။ DisplayMate ရဲ႕ စမ္းသပ္မႈမွာ iPhone XS Max ဟာ ဘက္ေပါင္းစံုမွာ ရလဒ္ေကာင္းမ်ား ရခဲ့ပါတယ္။

unicode

Apple က iPhone XS Max ရဲ့ အရွယ်အစား ကြီးမားမှုကို ကြွားလုံးထုတ်ထားတဲ့ ကြော်ညာ ဗီဒီယိုကို ပြသ

Apple က iPhone XS Max ရဲ့ ကြော်ညာ ဗီဒီယိုတစ်ခုကို ဖြန့်ချီလိုက်ပါတယ်။ သူဟာ မကြာခင်က ကြေညာခဲ့တဲ့ အိုင်ဖုန်း ၃ လုံးထဲမှာ အရွယ်အစား အကြီးဆုံး ဖြစ်ပါတယ်။ သူဟာ ညီတော် iPhone XS ထက်လည်း ရောင်းအား ကောင်းနေပါတယ်။ အရွယ်ကြီး စမတ်ဖုန်း ကြိုက်သူများအတွက်တော့ သူဟာ လက်ရှိ အိုင်ဖုန်းများထဲမှာ အကောင်းဆုံးပါ။

ဗီဒီယိုမှာ iPhone XS Max ရဲ့ ကင်မရာကနေ ဓါတ်ပုံ ရိုက်ကူးလိုက်တဲ့ လူများ၊ တိရိစ္ဆာန်များနဲ့ အရာဝတ္ထုများဟာ အရွယ်အစား ကြီးမားလာတာကို လှလှပပလေး ရိုက်ကူးပြသထားပါတယ်။ ၁ မိနစ်နဲ့ ၈ စက္ကန့်သာ ကြာတဲ့ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

Samsung Galaxy Note 9 ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ DisplayMate က သူ့ကို စမ်းသပ်ခဲ့ပြီး ထွက်ရှိပြီး သမျှ စမတ်ဖုန်းများထဲမှာ သူဟာ အကောင်းဆုံး မျက်နှာပြင်ကို ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခုတော့ Note 9 ရဲ့ သရဖူကို iPhone XS Max က သိမ်းပိုက်လိုက်ပါတယ်။

DisplayMate က Apple iPhone XS Max ဟာ စံချိန်သစ်များ တင်သွားတယ်လို့ ပြောပါတယ်။ အကောင်းဆုံး စွမ်းရည်များက အရောင်များ တိကျခြင်း၊ Brightness မြင့်မားခြင်း ၊ မျက်နှာပြင် အလင်းပြန်မှု နည်းခြင်း၊ ရှုထောင့်မျိုးစုံကနေ ကြည့်ရှုလို့ ကောင်းမွန်ခြင်းများ ဖြစ်ပါတယ်။

iPhone XS Max ရဲ့ မျက်နှာပြင်ဟာ OLED အမျိုးအစား ဖြစ်တဲ့အတွက် Contrast Ratio ဟာ အလွန် ကောင်းပါတယ်။ ရှုထောင့်များ ပြောင်းလဲကြည့်ရင်လည်း Brightness ပြောင်းလဲမှုက နည်းပါးပါတယ်။ DisplayMate ရဲ့ စမ်းသပ်မှုမှာ iPhone XS Max ဟာ ဘက်ပေါင်းစုံမှာ ရလဒ်ကောင်းများ ရခဲ့ပါတယ်။

Leave a Reply