မူရင်းဒီဇိုင်းနဲ့ တူညီနေတဲ့ Razer Phone 2 ရဲ့ဓာတ်ပုံများ ထွက်လာ

0
1253




unicode

ဒီနေ့မှာတော့ Razer Phone 2 နဲ့ပတ်သတ်တဲ့ ဓာတ်ပုံတချို့ထွက်လာပါတယ်။ ဖုန်းရဲ့အရှေ့ဘက်ဒီဇိုင်းဖြစ်ပြီး၊ အပြောင်းအလဲ သိပ်လုပ်ထားခြင်းမရှိပဲ  original Razer Phone နဲ့တူညီနေပါတယ်။ Evan Blass ရဲ့တင်ထားတဲ့ ဓာတ်ပုံမှာတော့ ကင်မရာတွေကို အလယ်တည်တည့်မှာ အလျားလိုက် တပ်ဆင်ထားပြီး၊ကင်မရာ ၂ခုရဲ့ အလည်တည့်တည့်မှာ LED flash ကိုမြင်တွေ့ရပါတယ်။

ဒီဖုန်းကို Snapdragon 845 ၊ RAM8GB နှင့် ပါဝါထောက်ပံ့လာမှာ ဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့မှာ မိတ်ဆက်လာပါမယ်။ ပြီးခဲ့တဲ့ရက်က ထွက်ထား တဲ့သတင်းတွေမှာတော့ အဲ့ဒီဖုန်းမှာ 855 SoC သုံးလာမယ်ဆိုတာပါ။ single-core နဲ့  multi-core စမ်းသပ်ချက် ၂ခုလုံးဟာ လက်ရှိထွက်ထားတဲ့ ထိပ်တန်းဖုန်းတွေထက် နိမ့်ပါတယ်။ single-core မှာ 2026 ရှိပြီး၊ multi-core မှာတော့ 8234 မှတ်ရရှိထားပါတယ်။  Android 8.1 Oreo OS ကိုသာ သုံးလာမှာပါ။ ဒီဖုန်းမှာ ဘက်ထရီ 4000 mAh ပါဝင်လာဖို့ ရှိပါတယ်။

Razer Phone 2  မှာ 512GB  storage သုံးလာမယ်ဆိုတဲ့ အချက်အလက်တစ်ခုတော့ AnTuTu မှာထွက်ရှိထားပါတယ်။ အဲ့ဒီမှာ Razer ဖုန်းအသစ် လို့သေချာစေပြီး ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကိုပါ ဖော်ပြထားပါတယ်။ Geekbench ရဲ့benchmarked စမ်းသပ်ချက်မှာ ပြထားတာကတော့ သူ့မှာ  8GB RAM နဲ့အတူ Snapdragon 845 chipset သုံးထားပါတယ်။

 

Leave a Reply