ေအာက္တိုဘာ ၁၀ ရက္ေန႔မွာ စမတ္ဖုန္းသစ္တစ္မ်ိဳးကို မိတ္ဆက္လာမယ့္ OPPO

0
741

စမတ္ဖုန္း ထုတ္လုပ္သူအမ်ားစုဟာ ေအာက္တိုဘာလမွာ ကုမၸဏီရဲ႕ ေနာက္ဆုံးေပၚ ဖုန္းေတြကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနပါတယ္။ အခုေတာ့ ေအာက္တုိဘာလရဲ႕ စမတ္ဖုန္းထုတ္လုပ္မယ့္သူ စာရင္းထဲကို OPPO ပါဝင္ေရာက္လာပါၿပီ။ တရုတ္စမတ္ဖုန္း ထုတ္လုပ္သူ အေနနဲ႔ ေအာက္တိုဘာ ၁၀ရက္ေန႔မွာ ကုမၸဏီရဲ႕  MYSTERIOUS ဖုန္းကို မိတ္ဆက္လာမယ္လို႔ သိရပါတယ္။

ဖုန္းသစ္မိတ္ဆက္ပြဲနဲ႔ ပတ္သတ္တဲ့ေၾကာ္ျငာ ပိုစတာေတြလည္း ထြက္ရွိထားပါၿပီ။ ၿပီးခဲ့တဲ့ရက္ကေတာ့ OPPO ရဲ႕စမတ္ဖုန္းသစ္ျဖစ္တဲ့ ေမာ္ဒယ္နံပတ္ PBCM30(Oppo K1) ရဲ႕အခ်က္အလက္ေတြ TENAA ကထြက္ရွိထားခဲ့ ပါေသးတယ္။ အဲ့ဒီဖုန္းမွာ under screen နည္းပညာလည္း သုံးလာမယ္ဆိုတာေၾကာင့္ ေအာက္တိုဘာ ၁၀ရက္ေန႔ မိတ္ဆက္လာမယ့္ ဖုန္းကို K1 ဖုန္းလို႔ အၾကမ္းမ်ဥ္း သတ္မွတ္ထားၾကပါတယ္။

TENAA မွာျပသထားခ်က္အရ ဖုန္းရဲ႕အေရာင္ကိုေတာ့ ၂ေရာင္စပ္ အေရာင္ေျပပုံစံနဲ႔ ျဖစ္ၿပီး ကင္မရာ ၂ခုရဲ႕ေဘးမွာ Flash ကိုတပ္ဆင္ ေပးထားပါတယ္။ စမတ္ဖုန္းမွာ ပါဝင္တဲ့ လုပ္ေဆာင္ခ်က္ေတြ အေနနဲ႔  6.4 လက္မ AMOLED multi-touch display နဲ႔ျဖစ္ၿပီး ၊မ်က္ႏွာျပင္ ေဖာ္ျပမႈ 2340 x 1080 (FHD+) pixels သုံးထားပါတယ္။

1.95GHz အျမန္ႏႈန္း ပရိုဆက္ဆာကို သုံးလာမယ္လို႔ သိရၿပီး အမ်ိဳးအစားကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။ RAM ပိုင္းမွာ 4GB/6GB  နဲ႔ျဖစ္ၿပီး 64GB/ 128GB (4GB+128GB, 6GB+64GB) ဆုိၿပီးသုံးလာမွာပါ။ Android 8.1 Oreo ကိုသုံးလာမွာျဖစ္ၿပီး 3500 mAh ဘက္ထရီ စြမ္းအားနဲ႔ ျဖစ္ပါတယ္။ ကင္မရာပိုင္းအတြက္ ေနာက္ေက်ာဘက္မွာ 16MP+2MP dual  ျဖစ္ၿပီး အေရွ႕ဘက္မွာေတာ့ 25MP ကင္မရာကို LED flash နဲ႔တပ္ဆင္လာမွာပါ။

unicode

စမတ်ဖုန်း ထုတ်လုပ်သူအများစုဟာ အောက်တိုဘာလမှာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် ဖုန်းတွေကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ အခုတော့ အောက်တိုဘာလရဲ့ စမတ်ဖုန်းထုတ်လုပ်မယ့်သူ စာရင်းထဲကို OPPO ပါဝင်ရောက်လာပါပြီ။ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ အနေနဲ့ အောက်တိုဘာ ၁၀ရက်နေ့မှာ ကုမ္ပဏီရဲ့  MYSTERIOUS ဖုန်းကို မိတ်ဆက်လာမယ်လို့ သိရပါတယ်။

ဖုန်းသစ်မိတ်ဆက်ပွဲနဲ့ ပတ်သတ်တဲ့ကြော်ငြာ ပိုစတာတွေလည်း ထွက်ရှိထားပါပြီ။ ပြီးခဲ့တဲ့ရက်ကတော့ OPPO ရဲ့စမတ်ဖုန်းသစ်ဖြစ်တဲ့ မော်ဒယ်နံပတ် PBCM30(Oppo K1) ရဲ့အချက်အလက်တွေ TENAA ကထွက်ရှိထားခဲ့ ပါသေးတယ်။ အဲ့ဒီဖုန်းမှာ under screen နည်းပညာလည်း သုံးလာမယ်ဆိုတာကြောင့် အောက်တိုဘာ ၁၀ရက်နေ့ မိတ်ဆက်လာမယ့် ဖုန်းကို K1 ဖုန်းလို့ အကြမ်းမျဉ်း သတ်မှတ်ထားကြပါတယ်။

TENAA မှာပြသထားချက်အရ ဖုန်းရဲ့အရောင်ကိုတော့ ၂ရောင်စပ် အရောင်ပြေပုံစံနဲ့ ဖြစ်ပြီး ကင်မရာ ၂ခုရဲ့ဘေးမှာ Flash ကိုတပ်ဆင် ပေးထားပါတယ်။ စမတ်ဖုန်းမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ အနေနဲ့  6.4 လက်မ AMOLED multi-touch display နဲ့ဖြစ်ပြီး ၊မျက်နှာပြင် ဖော်ပြမှု 2340 x 1080 (FHD+) pixels သုံးထားပါတယ်။

1.95GHz အမြန်နှုန်း ပရိုဆက်ဆာကို သုံးလာမယ်လို့ သိရပြီး အမျိုးအစားကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ RAM ပိုင်းမှာ 4GB/6GB  နဲ့ဖြစ်ပြီး 64GB/ 128GB (4GB+128GB, 6GB+64GB) ဆိုပြီးသုံးလာမှာပါ။ Android 8.1 Oreo ကိုသုံးလာမှာဖြစ်ပြီး 3500 mAh ဘက်ထရီ စွမ်းအားနဲ့ ဖြစ်ပါတယ်။ ကင်မရာပိုင်းအတွက် နောက်ကျောဘက်မှာ 16MP+2MP dual  ဖြစ်ပြီး အရှေ့ဘက်မှာတော့ 25MP ကင်မရာကို LED flash နဲ့တပ်ဆင်လာမှာပါ။

Leave a Reply