10.1 လက္မ display နဲ႔ MediaPad M5 lite တက္ဘလက္ကို Huawei ေၾကညာ

0
674

Huawei အေနနဲ႔ ကုမၸဏီရဲ႕ mid-range tablet ေတြထဲကို ေနာက္ထပ္ေမာ္ဒယ္ တစ္မ်ိဳး ထပ္မံထည့္သြင္း ေပးလိုက္ပါၿပီ။ တက္ဘလက္အသစ္ရဲ႕ ေမာ္ဒယ္နာမည္ကေတာ့ MediaPad M5 lite ျဖစ္ၿပီးသူ႕ကို အလူမီနီယမ္ကိုယ္ထည္နဲ႔ ျဖစ္ၿပီး စပီကာေလးလုံး ထည့္ေပးထားပါတယ္။ မ်က္ႏွာျပင္ပုိင္းကေတာ့ ၁၀.၁ လက္မရွိျပီး 1920 x 1200 pixel ရွိကာ အသုံးျပဳထားတဲ့ Chipset ကေတာ့ Kirin659 SoC ျဖစ္ပါတယ္။

အခ်က္အလက္ သိုေလွာင္မႈအပုိင္းကေတာ့ ႏွစ္မ်ဳိးပါ၀င္မွာျဖစ္ပါတယ္။ 3GB + 32GB နဲ႔ 4GB + 64GB တုိ႔ျဖစ္ပါတယ္။ အသံစနစ္မွာေတာ့Huawei Histen 5.0 ပါ၀င္မွာျဖစ္ျပီး mimic 3D surround စနစ္ကုိပံ့ပုိးေပးထားတယ္လုိ႔သိရပါတယ္။မ်က္ႏွာျပင္ အခ်ိဳးုမွာ 16:10 ျဖစ္ပါတယ္။အေကာင္းဆုံး စြမ္းရည္ပုိင္းကေတာ့ Harman/Kardon စပီကာ ၄ လုံးထည့္သြင္းေပးထားတာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီတက္ဘလက္မွာ Huawei ရဲ႕ကိုယ္ပိုင္ M-Pen lite Stylus  ေထာက္ပံ့မႈ ပါဝင္လာမွာျဖစ္ၿပီး ထိေတြ႕မႈပိုင္းမွာ 2048 အဆင့္ထိ စြမ္းေဆာင္ႏုိင္မယ္လို႔ သိရပါတယ္။ဘက္ထရီ ပုိင္းမွာေတာ့ 7500mAh ပါ၀င္မွာျဖစ္ျပီး Android 8.0 Oro ပါ၀င္မွာျဖစ္ပါတယ္။ ေရြးခ်ယ္ႏုိင္တဲ့အေရာင္ေတြကေတာ့ ရွမ္ပိန္ေရႊနဲ႔ မီးခုိးေရာင္ျဖစ္ျပီး ေစ်းႏႈန္းကုိေတာ့ တရား၀င္ေျပာၾကားျခင္းမရွိေသးပါဘူး။

unicode

Huawei အနေနဲ့ ကုမ္ပဏီရဲ့ mid-range tablet တွေထဲကို နောက်ထပ်မော်ဒယ် တစ်မျိုး ထပ်မံထည့်သွင်း ပေးလိုက်ပါပြီ။ တက်ဘလက်အသစ်ရဲ့ မော်ဒယ်နာမည်ကတော့ MediaPad M5 lite ဖြစ်ပြီးသူ့ကို အလူမီနီယမ်ကိုယ်ထည်နဲ့ ဖြစ်ပြီး စပီကာလေးလုံး ထည့်ပေးထားပါတယ်။ မျက်နှာပြင်ပိုင်းကတော့ ၁၀.၁ လက်မရှိပြီး 1920 x 1200 pixel ရှိကာ အသုံးပြုထားတဲ့ Chipset ကတော့ Kirin659 SoC ဖြစ်ပါတယ်။

အချက်အလက် သိုလှောင်မှုအပိုင်းကတော့ နှစ်မျိုးပါဝင်မှာဖြစ်ပါတယ်။ 3GB + 32GB နဲ့ 4GB + 64GB တို့ဖြစ်ပါတယ်။ အသံစနစ်မှာတော့Huawei Histen 5.0 ပါဝင်မှာဖြစ်ပြီး mimic 3D surround စနစ်ကိုပံ့ပိုးပေးထားတယ်လို့သိရပါတယ်။မျက်နှာပြင် အချိုးုမှာ 16:10 ဖြစ်ပါတယ်။အကောင်းဆုံး စွမ်းရည်ပိုင်းကတော့ Harman/Kardon စပီကာ ၄ လုံးထည့်သွင်းပေးထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီတက်ဘလက်မှာ Huawei ရဲ့ကိုယ်ပိုင် M-Pen lite Stylus  ထောက်ပံ့မှု ပါဝင်လာမှာဖြစ်ပြီး ထိတွေ့မှုပိုင်းမှာ 2048 အဆင့်ထိ စွမ်းဆောင်နိုင်မယ်လို့ သိရပါတယ်။ဘက်ထရီ ပိုင်းမှာတော့ 7500mAh ပါဝင်မှာဖြစ်ပြီး Android 8.0 Oro ပါဝင်မှာဖြစ်ပါတယ်။ ရွေးချယ်နိုင်တဲ့အရောင်တွေကတော့ ရှမ်ပိန်ရွှေနဲ့ မီးခိုးရောင်ဖြစ်ပြီး ဈေးနှုန်းကိုတော့ တရားဝင်ပြောကြားခြင်းမရှိသေးပါဘူး။

 

Leave a Reply