Facebook အေကာင့္ သန္း၅၀နီးပါး လုံၿခံဳေရး က်ိဳးေပါက္မႈ ျဖစ္ပြားခဲ့

0
1732

ဒီေန႔မွာေတာ့  လူမႈကြန္ရက္ဝက္ဘ္ဆိုက္ Facebook အေနနဲ႔ သတင္းထုတ္ျပန္တစ္ခုကို ထုတ္ေပးခဲ့ပါတယ္။ အဲ့ဒါကေတာ့ Facebook ကိုသုံးစြဲသူေပါင္း သန္း၅၀ ရဲ႕ အေကာင့္ေတြ လုံၿခံဳေရးဆိုင္ရာ ေဖာက္ထြင္းခံရမႈ ျဖစ္ပြားခဲ့တာပါ။ တိုက္ခိုက္သူေတြဟာ “View As” လို့ လူသိမ်ားတဲ့ feature တစ္ခုရဲ႕ အားနည္းခ်က္ကို အသံုးခ်ခဲ့တာျဖစ္တယ္လို့ ကုမၸဏီက ေျပာျကားခဲ့ပါတယ္။ အဲဒီလို ထြင္းေဖာက္ဝင္ေရာက္တာကေနတဆင့္ log-in key ေတြနဲ႔ တျခား လွ်ဳိ႕ဝွက္အခ်က္အလက္ေတြကို ရယူူၿပီး သံုးစြဲသူေတြရဲ႕ account ေတြကို ဝင္လို႔ရသြားႏုိင္ေစတယ္လုိ႔ ဆိုပါတယ္။

အဆိုပါျဖစ္ရပ္ေၾကာင့္ ထိခိုက္မႈရွိခဲ့တဲ့ သံုးစြဲသူေတြအေနနဲ့ log-in ျပန္လုပ္ဖို့ Facebook အေနနဲ႔ ေသာၾကာေန႔ညက တိုက္တြန္းခဲ့ပါတယ္။ ဒါေၾကာင့္ Facebook Teams အေနနဲ႔ ႀကိဳတင္ကာကြယ္မႈအျဖစ္ သက္ေရာက္မႈရိွခဲ့တဲ့ account  အားလံုးကို reset လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

Reset လုပ္ခံရတဲ့ သံုးစြဲသူတိုင္းဟာ Facebook နဲ႔ Facebook Login သံုးထားတဲ့ app ေတြမွာ log in ျပန္လုပ္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။ Log in ျပန္လုပ္ၿပီးသြားတဲ့အခါ ထိခိုက္မႈရိွခဲ့တဲ့ သံုးစြဲသူေတြက News Feed ရဲ႕ ထိပ္ဆံုးမွာ လံုျခံုေရးက်ိုးေပါက္မႈနဲ့ ပတ္သက္ျပီး သတိေပးတဲ့ notification တစ္ခုကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Facebook ဟာ “View As” feature ကို disable လုပ္ခဲ့သလို လံုျခံဳေရးအတြက္ ေလ့လာဆန္းစစ္မႈ ေတြကိုျပဳလုပ္ေနသလို စုံစမ္းစစ္ေဆးမႈေတြကိုလည္း ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ တိုက္ခိုက္မႈရဲ႕ေနာက္ကြယ္မွာ ဘယ္လိုအဖြဲ႔အစည္းေတြ ရွိေနတယ္ဆိုတာ မသိရေသးေပမယ့္ မၾကာမီမွာေတာ့ ပိုမိုတိက်တဲ့ အခ်က္အလက္ေတြကို ရရွိလာမွာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ယခုရက္ပိုင္းအတြင္းမွာ Facebook တည္ေထာင္သူျဖစ္တဲ့ မက္ဇုကာဘတ္ရဲ႕ အေကာင့္ကို hacking လုပ္မယ္ဆိုတဲ့ သတင္းေတြ လည္း ထြက္ေနပါတယ္။ တစ္ကမာၻလံုးမွာ Facebook ကိုအသံုးျပဳသူ သန္းေပါင္း ၂,၀၀၀ ေက်ာ္ရွိေနၿပီး ဒီျဖစ္ရပ္ကိုေၾကညာၿပီးတဲ့ေနာက္မွာေတာ့ ရွယ္ယာ ၃ ရာခိုင္နႈန္းေက်ာ္ က်ဆင္းသြားခဲ့ပါတယ္။

unicode

ဒီနေ့မှာတော့  လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook အနေနဲ့ သတင်းထုတ်ပြန်တစ်ခုကို ထုတ်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ Facebook ကိုသုံးစွဲသူပေါင်း သန်း၅၀ ရဲ့ အကောင့်တွေ လုံခြုံရေးဆိုင်ရာ ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့တာပါ။ တိုက်ခိုက်သူတွေဟာ “View As” လို့ လူသိများတဲ့ feature တစ်ခုရဲ့ အားနည်းချက်ကို အသုံးချခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ အဲဒီလို ထွင်းဖောက်ဝင်ရောက်တာကနေတဆင့် log-in key တွေနဲ့ တခြား လျှို့ဝှက်အချက်အလက်တွေကို ရယူူပြီး သုံးစွဲသူတွေရဲ့ account တွေကို ဝင်လို့ရသွားနိုင်စေတယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်ရပ်ကြောင့် ထိခိုက်မှုရှိခဲ့တဲ့ သုံးစွဲသူတွေအနေနဲ့ log-in ပြန်လုပ်ဖို့ Facebook အနေနဲ့ သောကြာနေ့ညက တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် Facebook Teams အနေနဲ့ ကြိုတင်ကာကွယ်မှုအဖြစ် သက်ရောက်မှုရှိခဲ့တဲ့ account  အားလုံးကို reset လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Reset လုပ်ခံရတဲ့ သုံးစွဲသူတိုင်းဟာ Facebook နဲ့ Facebook Login သုံးထားတဲ့ app တွေမှာ log in ပြန်လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Log in ပြန်လုပ်ပြီးသွားတဲ့အခါ ထိခိုက်မှုရှိခဲ့တဲ့ သုံးစွဲသူတွေက News Feed ရဲ့ ထိပ်ဆုံးမှာ လုံခြုံရေးကျိုးပေါက်မှုနဲ့ ပတ်သက်ပြီး သတိပေးတဲ့ notification တစ်ခုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Facebook ဟာ “View As” feature ကို disable လုပ်ခဲ့သလို လုံခြုံရေးအတွက် လေ့လာဆန်းစစ်မှု တွေကိုပြုလုပ်နေသလို စုံစမ်းစစ်ဆေးမှုတွေကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ တိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ ဘယ်လိုအဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာ မသိရသေးပေမယ့် မကြာမီမှာတော့ ပိုမိုတိကျတဲ့ အချက်အလက်တွေကို ရရှိလာမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ Facebook တည်ထောင်သူဖြစ်တဲ့ မက်ဇုကာဘတ်ရဲ့ အကောင့်ကို hacking လုပ်မယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်နေပါတယ်။ တစ်ကမ္ဘာလုံးမှာ Facebook ကိုအသုံးပြုသူ သန်းပေါင်း ၂,၀၀၀ ကျော်ရှိနေပြီး ဒီဖြစ်ရပ်ကိုကြေညာပြီးတဲ့နောက်မှာတော့ ရှယ်ယာ ၃ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။

 

Leave a Reply