Xiao AI button ပါဝင္လာမယ့္ Xiaomi Mi Mix 3

0
1020

ယေန႔အခ်ိန္ထိ ေစာင့္ေမွ်ာ္မႈအရွိအဆုံး စမတ္ဖုန္း ကိုေျပာပါဆိုရင္ Xiaomi Mi Mix 3 နဲ႔ Google ရဲ႕ Pixel 3 ဖုန္းေတြလုိ႔ ဆိုရပါတယ္။ စမတ္ဖုန္းသစ္ေတြဟာ အရမ္းလည္းေစာင့္ေနရသလို ေန႔စဥ္လိုလိုလည္း အဲ့ဒီဖုန္းေတြနဲ႔ ပတ္သတ္တဲ့ သတင္းေတြက ပုံမွန္ထြက္ေနပါတယ္။

Mi Mix 3 စမတ္ဖုန္းကေတာ့ slider smartphone ျဖစ္ၿပီး Honor Magic 2 နဲ႔ Lenovo Z5 Pro တို႔လို ဒီဇိုင္းမ်ိဳး ျဖစ္လာမွာပါ။ ဒီ္ေန႔မွာေတာ့Mi Mix 3 ဖုန္းမွာ ထည့္သြင္းလာမယ့္ လုပ္ေဆာင္ခ်က္တစ္ခု ထပ္မံေပါက္ၾကားလာပါတယ္။ အဲ့ဒါကေတာ့ AI-dedicated button ေလးကို ဖုန္းရဲ႕ေဘးေဘာင္မွာ တပ္ဆင္လာမယ္ ဆိုတာပါ။

Xiao AI လို႔ေခၚတဲ့ လုပ္ေဆာင္ခ်က္ေလး ျဖစ္ၿပီး ကုမၸဏီရဲ႕ကိုယ္ပိုင္ ဒစ္ဂ်စ္တယ္လက္ေထာက္ ျဖစ္ပါတယ္။ AI assistant ကိုထည့္သြင္းလာတဲ့ တရုတ္ကုမၸဏီအေနနဲ႔ ပထမဆုံး မဟုတ္ပါဘူး သူရဲ႕ေရွ႕မွာ ထိပ္တန္းနည္းပညာ ကုမၸဏီေတြ ျဖစ္တဲ့  LG၊ Google၊  Samsung ၊ HTC တို႔ဟာ သံုးခဲ့ၿပီးသြားပါၿပီ။ Xiaomi Mi MIX 3 မွာ Snapdragon 855 chip နဲ႔အတူ 8GB RAM သုံးလာၿပီး 256GB ROM ပါဝင္လာမယ္လို႔ ဆိုပါတယ္။

အေရွ႕ဘက္မွာေတာ့  16MP + 12MP dual ကင္မရာတပ္ဆင္လာႏိုင္ၿပီး ဘက္ထရီ 3850mAh စြမ္းအားပါလာမွာ ျဖစ္တဲ့အျပင္ IP68 ေရစိုဒဏ္ခံႏုိင္မႈပါ ေထာက္ပံ့လာ ႏိုင္ပါတယ္။ ဒီထက္ထူးျခားတဲ့ သတင္းကေတာ့ ဒီစမတ္ဖုန္းမွာ တကယ္လုိ႔ မိုဘိုင္းေအာ္ပေရတာ ေတြအေနနဲ႔ 5G ကြန္ရက္ထုတ္ေပးတဲ့ အခ်ိန္ၾကရင္ အဆင္ေျပေအာင္လို႔  5G ကိုပါတစ္ပါတည္း ထည့္သြင္းလာမယ္ ဆိုတာပါ။  တရုတ္လူမႈကြန္ရက္မွာ ထြက္လာတဲ့ ဓာတ္ပုံအရ Mi Mix 3 ကိုေဘးေဘာင္ေတြ ေပ်ာက္လုနီးပါးျပဳလုပ္လာမွာျဖစ္ၿပီး ထိပ္ဘက္မွာလည္း  pop-up selfie ကင္မရာထည့္သြင္းလာမယ္လို႔ သိရပါတယ္။

unicode

ယနေ့အချိန်ထိ စောင့်မျှော်မှုအရှိအဆုံး စမတ်ဖုန်း ကိုပြောပါဆိုရင် Xiaomi Mi Mix 3 နဲ့ Google ရဲ့ Pixel 3 ဖုန်းတွေလို့ ဆိုရပါတယ်။ စမတ်ဖုန်းသစ်တွေဟာ အရမ်းလည်းစောင့်နေရသလို နေ့စဉ်လိုလိုလည်း အဲ့ဒီဖုန်းတွေနဲ့ ပတ်သတ်တဲ့ သတင်းတွေက ပုံမှန်ထွက်နေပါတယ်။ Mi Mix 3 စမတ်ဖုန်းကတော့ slider smartphone ဖြစ်ပြီး Honor Magic 2 နဲ့ Lenovo Z5 Pro တို့လို ဒီဇိုင်းမျိုး ဖြစ်လာမှာပါ။ ဒီ်နေ့မှာတော့Mi Mix 3 ဖုန်းမှာ ထည့်သွင်းလာမယ့် လုပ်ဆောင်ချက်တစ်ခု ထပ်မံပေါက်ကြားလာပါတယ်။ အဲ့ဒါကတော့ AI-dedicated button လေးကို ဖုန်းရဲ့ဘေးဘောင်မှာ တပ်ဆင်လာမယ် ဆိုတာပါ။

Xiao AI လို့ခေါ်တဲ့ လုပ်ဆောင်ချက်လေး ဖြစ်ပြီး ကုမ္ပဏီရဲ့ကိုယ်ပိုင် ဒစ်ဂျစ်တယ်လက်ထောက် ဖြစ်ပါတယ်။ AI assistant ကိုထည့်သွင်းလာတဲ့ တရုတ်ကုမ္ပဏီအနေနဲ့ ပထမဆုံး မဟုတ်ပါဘူး သူရဲ့ရှေ့မှာ ထိပ်တန်းနည်းပညာ ကုမ္ပဏီတွေ ဖြစ်တဲ့  LG၊ Google၊  Samsung ၊ HTC တို့ဟာ သုံးခဲ့ပြီးသွားပါပြီ။ Xiaomi Mi MIX 3 မှာ Snapdragon 855 chip နဲ့အတူ 8GB RAM သုံးလာပြီး 256GB ROM ပါဝင်လာမယ်လို့ ဆိုပါတယ်။

အရှေ့ဘက်မှာတော့  16MP + 12MP dual ကင်မရာတပ်ဆင်လာနိုင်ပြီး ဘက်ထရီ 3850mAh စွမ်းအားပါလာမှာ ဖြစ်တဲ့အပြင် IP68 ရေစိုဒဏ်ခံနိုင်မှုပါ ထောက်ပံ့လာ နိုင်ပါတယ်။ ဒီထက်ထူးခြားတဲ့ သတင်းကတော့ ဒီစမတ်ဖုန်းမှာ တကယ်လို့ မိုဘိုင်းအော်ပရေတာ တွေအနေနဲ့ 5G ကွန်ရက်ထုတ်ပေးတဲ့ အချိန်ကြရင် အဆင်ပြေအောင်လို့  5G ကိုပါတစ်ပါတည်း ထည့်သွင်းလာမယ် ဆိုတာပါ။  တရုတ်လူမှုကွန်ရက်မှာ ထွက်လာတဲ့ ဓာတ်ပုံအရ Mi Mix 3 ကိုဘေးဘောင်တွေ ပျောက်လုနီးပါးပြုလုပ်လာမှာဖြစ်ပြီး ထိပ်ဘက်မှာလည်း  pop-up selfie ကင်မရာထည့်သွင်းလာမယ်လို့ သိရပါတယ်။

Leave a Reply