Cloud Silver အေရာင္အသစ္ထြက္လာတဲ့ GALAXY NOTE 9

0
425





unicode

SAMSUNG အနေနဲ့ GALAXY NOTE 9 စမတ်ဖုန်းကို သြဂုတ်လက မိတ်ဆက်ပေးခဲ့ပါတယ်။ အခုတော့ ကိုရီးယားစမတ်ဖုန်း ထုတ်လုပ်သူဟ GALAXY NOTE 9 ဖုန်းကို မူလထုတ်ထားပြီး အရောင်တွေအပြင် ငွေရောင်ကိုပါ ထပ်တိုးပေးလိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန် ဈေးကွက်အတွက် ထုတ်ပေးလိုက်တာ ဖြစ်ပြီး အောက်တိုဘာ ၅ရက်နေ့မှာတော့ Best Buy ကနေရောင်းချမှာ ဖြစ်ပါတယ်။

NOTE 9 ဖုန်းရဲ့အခြားအရောင်ဖြစ်တဲ့ “midnight black” ကိုလည်း အောက်တိုဘာ ၁၂ရက်နေ့မှာ ရောင်းချလာမယ်လို့ မျှော်လင့်ရပါတယ်။ ဈေးနှုန်းကတော့ ယခင်ထွက်ထားတဲ့ အရောင်တွေ အတိုင်း ပြောင်းလဲခြင်းမရှိပါဘူး။

Note 8 ထက် ပိုမို ကြီးမားတဲ့ မျက်နှာပြင်၊ ဘက်ထရီနဲ့ ပိုမို စွမ်းရည်မြင့်လာတဲ့ S Pen များ ပါလာပါတယ်။ ၆.၄ လက်မ Super AMOLED Display တပ်ဆင်ထားပြီး  1440x2960p Resolution ဖြစ်ပါတယ်။ HDR10 နဲ Always On Display တို့ကို ထောက်ပံ့ပါတယ်။ အနောက်ဘက်မှာ OIS ပါတဲ့ 12MP Dual-Aperture F/1.5-2.4 Wide နဲ 12MP F/2.4 Telephoto Camera များပါပါတယ်။

အရှေ့ဘက်မှာ 8MP f/1.7 Camera ထည့်ထားပါတယ်။ ဖုန်းရော S Pen ပါ IP68 စံနှုန်းဖြင့် ရေစိုခံနိုင်ပါတယ်။ Exynos 9810 Octa-Core Chipset မောင်းနှင်ထားပါတယ်။  Note 9 ရဲ့ ဘက်ထရီကလည်း Note 8 ထက် ၂၀ ရာခိုင်နှုန်း ပိုကြီးတဲ့ 4000mAh ကို သုံးထားပါတယ်။

Leave a Reply