ေဒၚလာ ၁၀၀ေအာက္ေစ်းႏႈန္းနဲ႔ ထြက္လာတဲ့ Realme C1

0
1751

OPPO ရဲ႕ Sub brand လို႔သတ္မွတ္ႏိုင္တဲ့ Realme အေနနဲ႔ အိႏိၵယမွာ တန္ဘုိးနည္း စမတ္ဖုန္း တစ္လုံးကို မိတ္ဆက္ေၾကညာလိုက္ပါတယ္။ entry-level စမတ္ဖုန္း အမ်ိဳးအစားျဖစ္ၿပီး ဒီဖုန္းမွာ SD450 ပရိုဆက္ဆာနဲ႔အတူ ႀကီးမားတဲ့ ဘက္ထရီကို သုံးထားပါတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ ၉၆ နဲ႔ေရာင္းခ်မွာ ျဖစ္ပါတယ္။ Realme C1 စမတ္ဖုန္းဟာ Realme 2 ဖုန္းထက္ RAM နဲ႔ storage ပိုင္းမွာ ေလ်ာ့နည္းၿပီး Snapdragon 450 chipset သုံးထားတဲ့ အပိုင္းမွာေတာ့ တူညီပါတယ္။

Image result for REALME C1

မ်က္ႏွာျပင္ ၆.၂ လက္မအရြယ္ Realme C1 ဟာ 720p display နဲ ့လာျပီး ဘက္ထရီပါဝါအၾကီးစားျဖစ္တဲ့ 4230 mAh ကိုသုံးထားပါတယ္။ မ်က္ႏွာျပင္ပိုင္းေဖာ္ျပမႈအတြက္ 720 x 1520px နဲ႔ျဖစ္ၿပီး notched display သုံးထားပါတယ္။ ေနာက္ေက်ာဘက္မွာ Dual ကင္မရာနဲ႔ ျဖစ္ၿပီး  13MP + 2MP အရည္အေသြးနဲ႔ သံုးႏုိင္မွာပါ။

C1 မွာအခ်က္အလက္ သိုေလွာင္မႈပိုင္းအတြက္  2GB RAM နဲ႔ 16GB  internal storage ကိုသာ သုံးႏိုင္မွာပါ။ Realme 2 မွာေတာ့ အခ်က္အလက္သိုေလွာင္မႈ အတြက္ 32GB မွာ 3GB  RAM နဲ႔ျဖစ္ၿပီး၊ 64GB မွာေတာ့  4GB RAM သုံးထားပါတယ္။

dual cameras စနစ္ဟာ ဗီဒီယုိရိုက္ကူးေရးမွာ 1080p ရုပ္ထြက္ကို 30fps ႈန္းနဲ ့ရိုက္ကူးႏိုင္မယ္လို ့ဆိုပါတယ္။ ေရွ ့ကင္မရာကေတာ့ AI Face Unlock နည္းပညာ အသံုးျပဳႏုိင္တဲ့ 5MP ကင္မရာ နဲ ့လာတာပါ။ သူ႕မွာ Android 8.1 Oreo နဲ႔အတူ Oppo ရဲ႕ ColorOS 5.1 ကိုတပါတည္း ထည့္သြင္းေပးထားပါတယ္။ Realme C1 ကိုေအာက္တိုဘာ ၁၁ရက္ေန႔မွာ Flipkart ကေနစတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။

unicode

OPPO ရဲ့ Sub brand လို့သတ်မှတ်နိုင်တဲ့ Realme အနေနဲ့ အိန္ဒိယမှာ တန်ဘိုးနည်း စမတ်ဖုန်း တစ်လုံးကို မိတ်ဆက်ကြေညာလိုက်ပါတယ်။ entry-level စမတ်ဖုန်း အမျိုးအစားဖြစ်ပြီး ဒီဖုန်းမှာ SD450 ပရိုဆက်ဆာနဲ့အတူ ကြီးမားတဲ့ ဘက်ထရီကို သုံးထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၆ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ Realme C1 စမတ်ဖုန်းဟာ Realme 2 ဖုန်းထက် RAM နဲ့ storage ပိုင်းမှာ လျော့နည်းပြီး Snapdragon 450 chipset သုံးထားတဲ့ အပိုင်းမှာတော့ တူညီပါတယ်။

မျက်နှာပြင် ၆.၂ လက်မအရွယ် Realme C1 ဟာ 720p display နဲ့လာပြီး ဘက်ထရီပါဝါအကြီးစားဖြစ်တဲ့ 4230 mAh ကိုသုံးထားပါတယ်။ မျက်နှာပြင်ပိုင်းဖော်ပြမှုအတွက် 720 x 1520px နဲ့ဖြစ်ပြီး notched display သုံးထားပါတယ်။ နောက်ကျောဘက်မှာ Dual ကင်မရာနဲ့ ဖြစ်ပြီး  13MP + 2MP အရည်အသွေးနဲ့ သုံးနိုင်မှာပါ။

C1 မှာအချက်အလက် သိုလှောင်မှုပိုင်းအတွက်  2GB RAM နဲ့ 16GB  internal storage ကိုသာ သုံးနိုင်မှာပါ။ Realme 2 မှာတော့ အချက်အလက်သိုလှောင်မှု အတွက် 32GB မှာ 3GB  RAM နဲ့ဖြစ်ပြီး၊ 64GB မှာတော့  4GB RAM သုံးထားပါတယ်။

dual cameras စနစ်ဟာ ဗီဒီယိုရိုက်ကူးရေးမှာ 1080p ရုပ်ထွက်ကို 30fps ှုန်းနဲ့ရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။ ရှေ့ကင်မရာကတော့ AI Face Unlock နည်းပညာ အသုံးပြုနိုင်တဲ့ 5MP ကင်မရာ နဲ့လာတာပါ။ သူ့မှာ Android 8.1 Oreo နဲ့အတူ Oppo ရဲ့ ColorOS 5.1 ကိုတပါတည်း ထည့်သွင်းပေးထားပါတယ်။ Realme C1 ကိုအောက်တိုဘာ ၁၁ရက်နေ့မှာ Flipkart ကနေစတင်ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply