RAM 10GB နဲ့ထွက်ရှိလာဦးမယ့် Oppo Find X

0
701

Zawgyi Version


Unicode Version

စမတ်ဖုန်းတွေကလည်း feature ကောင်းကောင်း၊ အချက်အလက်ကောင်းကောင်းနဲ့ ထုတ်လုပ်ဖို့အတွက် ရည်မှန်းခံနေရပါတယ်။
Oppo ကလည်း RAM 10GB နဲ့ ထုတ်လုပ်မယ့် ပထမဆုံးသော စမတ်ဖုန်းထုတ်လုပ်သူတစ်ယောက် ဖြစ်လာတော့မယ်ထင်ပါတယ်။ TENAA ဆိုတာကတော့ ယူအက်စ်ရဲ့ FCC နဲ့ အလားသဏ္ဍန်တူပါတယ်။ ဒီတော့ Find X စမတ်ဖုန်းအတွက် ဗားရှင်းတစ်ခုထွက်မယ်ဆိုတာ သေချာသလောက်ပါပဲ။ ဈေးကွက်ထဲသာရောက်လာမယ်ဆိုရင်တော့ RAM 10GB နဲ့ ပထမဆုံးဖုန်းဖြစ်လာမှာပါ။
Oppo Find X ကတော့ ၆.၄လက်မ OLED 1080p HD display ၊ Qualcomm Snapdragon 845 processor ၊ 8GB RAM တို့နဲ့ ထွက်လာခဲ့တာပါ။ storage ကတော့ 256GB ပေါ့။ Find X ဘတ်ထရီကတော့ 3750mAh ဖြစ်ပြီးတော့ 8.1 Oreo ကို အသုံးပြုထားပါတယ်။ Color OS ကို အသုံးပြုရမှာပါ။ pop-out camera design လေးကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ 24MP အရှေ့ကင်ရာနဲ့ 16MP ၊ 20MP ကင်မရာနှစ်လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။
Oppo Find X ကတော့ ယူအက်စ်မှာ launch လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ အခြားစမတ်ဖုန်းထုတ်လုပ်သူတွေ မလုပ်ခင်မှာ ဈေးကွက်ထဲကို RAM 10GB နဲ့ ပထမဆုံးထုတ်လုပ်သူတစ်ယောက်အဖြစ်နဲ့ မြင်ချင်တာကတော့ အသေအချာပါပဲ။

Leave a Reply